အဝစား ဆူရှီဆိုင်ကနေ ရာသက်ပန် စားခွင့်ပိတ်ခံလိုက်ရတဲ့ ဂျာမန်အားကစားသမား

ရေကူး၊ စက်ဘီးစီးနဲ့ အပြေးစတဲ့ အားကစား(၃)မျိုး ပေါင်းစည်းထားတဲ့ အားကစားကို Triathlon လို့ ခေါ်ပါတယ်။ ဂျာမနီက triathlete အားကစားသမားတစ်ဦးကို အဝစား ဆူရှီဆိုင်တစ်ဆိုင်မှ လာစားခွင့်တစ်သက်တာ ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။

အသက် (၃၀) အရွယ် Jaroslav Bobrowski ဟာ ပြီးခဲ့တဲ့ စနေနေ့တုန်းက Landshut, Bavaria မှာရှိတဲ့ Thai Thuna အမည်ရှိ စားသောက်ဆိုင်တစ်ဆိုင်မှာ တစ်နပ်စာသွားစားခဲ့ပါတယ်။ ယူရို (၁၆) ကျပ်တည်းနဲ့ ဆူရှီအဝစားလို့ရတဲ့ ဆိုင်ဖြစ်တာကြောင့် Jaroslav ဟာ ဗိုက်မပြည့်မချင်း ဆူရှီတွေ ထိုင်စားခဲ့တာ ပွဲ (၁၀၀) လောက် ပြည့်တဲ့အထိပါပဲ။ ဗိုက်ဝလို့ ပိုက်ဆံရှင်းမယ်လည်းလုပ်ရော ဆိုင်ကဝန်ထမ်းတွေက နောက်ထပ်ဒီဆိုင်ကို လာလို့မရတော့ကြောင်း ပြောခဲ့ပါတယ်။ အကြောင်းကတော့ ယူရို (၁၆) ကျပ်တည်းနဲ့ သာမန်လူဆို ဆူရှီ ပွဲ (၂၀) လောက်အထိပဲ အများဆုံး အဝစားနိုင်တဲ့နေရာမှာ Jaroslav ကတော့ တစ်ေယာက်တည်းနဲ့ လူ (၅) ယောက်စာ တပြိုင်နက်တည်း စားခဲ့တဲ့ အတွက်ကြောင့်ပါတဲ့။ Jaroslav ဟာ သူစားခဲ့တဲ့ ပွဲအပိုတွေအတွက် ပိုက်ဆံထပ်မံ ကောက်ခံဖို့ ပြောပေမယ့်လည်း ဆိုင်မှဝန်ထမ်းတွေကတော့ သူ့ကို နောက်ထပ်မလာဖို့သာ အတင်းပြောဆို မောင်းထုတ်ခဲ့ပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး မကျေမနပ်ဖြစ်နေရတဲ့ Jaroslav ဟာ Facebook ပေါ်မှာ post တင်ကာ ပြဿနာရှာခဲ့ပါတယ်။ သူဟာ သူ့အားကစားလုပ်ရတဲ့ အခြေအနေကြောင့် ဘာမှမစားဘဲနေခဲ့တာ နာရီ (၂၀) ကြာနေပြီဖြစ်တာမို့ အခုလို စပြီး ပြန်စားလိုက်တဲ့ အချိန်နဲ့ ကြုံသွားလို့လည်း သိရပါတယ်။

Jaroslav ကို အခုအခါမှာတော့ ဂျာမနီတစ်လွှားမှာ ဆူရှီသရဲလို့ လူတွေခေါ်နေကြပြီး အဝစား စားသောက်ဆိုင်ဟာ အဝစားဆိုတဲ့အချက်နဲ့ မညီညွတ်ဘဲ စားသုံးသူကို အခုလို ဆက်ဆံခဲ့လို့လည်း ဝေဖန်ခံနေရပါတယ်။ အခုတော့ Jaroslav ဟာ Thai Tuna စားသောက်ဆိုင်ရဲ့ နောက်ထပ် (၁၀) မိနစ်လောက် လမ်းထပ်လျှောက်လိုက်ရင်ရောက်နိုင်တဲ့ China City မှာပဲ ပြောင်းစားနေတယ်လို့လည်း သိရပါတယ်။

Crdးbuhuthuta

4 Shares

Add a Comment

Your email address will not be published. Required fields are marked *