အရမ်းအလုပ်​လုပ်​​နေတဲ့ မန်းစည်​ပင်​ရဲ့ ပုံရိပ်​​တွေ

၆၆လမ်းကျုံးဘေးပလက်ဖောင်း ပြုပြင်ခြင်း၊ ၁၄လမ်းလမ်းဘေးသန့်စင်ခန်း၊ ၆၂လမ်းလမ်းလယ်မီးတိုင်စိုက်ထူခြင်းနှင့် ၂၈လမ်း လမ်းချဲ့ခြင်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး။
••••••••••••••••••••••••••••••••••••••••••••••••••••
၆၆လမ်းပလက်ဖောင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ၁၂လမ်း ၁၆လမ်းကြားနေရာကို ပြည်သူတွေ နေ၀င်ဆည်းဆာကိုထိုင်ပြီးကြည့်ရှုအပန်းဖြေနိုင်မယ့် နေရာလေး အဖြစ်ဖန်တီးထားပါတယ်။

 

လူသွားလမ်းပိုကျယ်ကျယ်ရနိုင်ဖို့ flower box ကို square shape လုပ်ဖို့အကြံပေးခဲ့ပါတယ်။

သင်္ကြန်အမှီပြီးဖို့ အရေးကြီးတာကြောင့် ထပ်တိုးမယ့် ၀န်ထမ်းတွေယာယီနေထိုင်ဖို့ နီးနီးနားနားမှာရှိတဲ့စည်ပင်ပိုင်မြေကွက်ကို ခေတ္တနေထိုင်ခွင့်ပေးပြီး mobile toilets များပါလုပ်ငန်းခွင်အနီး ချထားပေးမှာပါ။

၁၄လမ်း သန့်စင်ခန်းက ၉၅%ပြီးနေပါပြီ။

Johkasou bioseptic tank ကိုလည်း အဖုံးကအစ မခိုးနိုင်အောင်စီစဉ်ရတာ အလုပ်တစ်ခုပါ။

၁၂လမ်း ၇၄လမ်းထိပ်နဲ့ လမ်း၈၀ ၂၄လမ်းထိပ်နေရာတွေအတွက် သန့်စင်ခန်းဆောက်ဖို့ လှူမယ့်သူတွေကို ဒီဇိုင်းတွေပေးပြီးပါပြီ။

၆၂လမ်း ၁၂-၁၃ကြား လမ်းလယ်မီးတပ်ဆင်တာ စစ်ဆေးကြည့်ရှုရင်း
၃၆-၄၀ကြားကတိုင်တွေမှာနမူနာကပ်ထားတဲ့ ရောင်ပြန်စတစ်ကာများ ဘယ်လောက်လင်းမလင်းပါစစ်ဆေးခဲ့ပါတယ်။

၂၈လမ်းချဲ့ဖို့အတွက် ဘုန်းတော်ကြီးကျောင်း အုတ်တံတိုင်းလည်း စတင်ဖျက်နေတာနဲ့
လမ်းပေါ်ကျူးတွေရှင်းလင်းပြီးတဲ့ အနေအထားတွေလည်း စစ်ဆေးခဲ့ပါတယ်။

မြို့တော်ဖွံ့ဖြိုးရေးအတွက် အမြဲကြိုးစားနေတဲ့စည်ပင်ပါ။

Ye Lwin accမှ ကူးယူ​ဖော်​ပြပါသည်

8 Shares

Add a Comment

Your email address will not be published. Required fields are marked *