မူဆယ်တွင် ယာဉ်တိုက်မှုကြောင့် အမျိုးသား (၄) ဦး သေ၊ (၃) ဦး ဒဏ်ရာရ

မူဆယ်၊ ဇန်နဝါရီ ၁၂

မူဆယ်မြို့နယ်အတွင်းတွင်
၂၂ ဘီးယာဉ်တစ်စီးဘရိတ်ပေါက်ပြီး
ဆိုင်ကယ်တစ်စီးနှင့် စက်ပျက်၍ရပ်ထား
သော ၁၈ဘီးယာဉ်တစ်စီးကို ၀င်တိုက်မှု
ကြောင့် အမျိုးသား (၄) ဦး သေ၊ (၃) ဦး
ဒဏ်ရာရခဲ့သည်။

 

ယမန်နေ့(ဇန်နဝါရီလ ၁၁ ရက်)မွန်းလွဲ
၂ နာရီအချိန်ခန့်ကမူဆယ်မြို့နယ်၊
နမ့်အွန်ကျေးရွာ နမ့်ပေါ်တံတားအနီး
မူဆယ်-လားရှိုး ပြည်ထောင်စုလမ်းမကြီး
မိုင်တိုင်(၂၆၅/၅-၆)၌ ပြင်ဦးလွင်မြို့၊
ရပ်ကွက်ကြီး(၆)နေ ဦးခင်စိုး(၅၅)နှစ်
မောင်းနှင်ပြီး နောင်ချိုမြို့နယ်၊
ရွာသစ်ကျေးရွာနေ စိုင်းလွင်ကို(၁၇)နှစ်
ပါ(၂)ဦး လိုက်ပါလာသော 4D/××××
Howo Sino Truck ၂၂ ဘီးယာဉ်သည်
ကုန်းအဆင်းတွင် ဘရိတ်ပေါက်သဖြင့်
စိုင်းလွင်ကို သည် ယာဉ်ပေါ်မှခုန်ဆင်းစဉ်
ယာဉ်၏ယာနောက်ဘီးဖြင့် ကြိတ်မိကာ
ဦးခေါင်းပွင့်ထွက်ဒဏ်ရာဖြင့်
သေဆုံးခဲ့သည်။

 

ထို့နောက် ဘရိတ်ပေါက်နေသော ၂၂ ဘီး
ယာဉ်သည်မူဆယ်မြို့၊ ဟိုနားရပ်ကွက်နေ
အောင်ထွန်းလင်း(၃၆)နှစ် မောင်းနှင်ပြီး
ဖိုးစိန်(စိစစ်ဆဲ)လိုက်ပါလာသော
တစ်ဖက်ယာဉ်ကြောမှ ဆိုင်ကယ်ကို
ဝင်တိုက်မိသဖြင့် ဆိုင်ကယ်စီးနင်းလာ
သူနှစ်ဦး ဒဏ်ရာများရရှိကာ
အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့ပြန်
သည်။

တစ်ဖန် အဆိုပါ ၂၂ ဘီးယာဉ်သည်
လမ်းကြော၏ မျက်နှာချင်းဆိုင်၌
စက်ပျက်၍ ရပ်ထားသော ယာဉ်မောင်း
မိုးမိုး(၃၅)နှစ် နှင့် ယာဉ်နောက်လိုက
်မြဝတီမြို့၊ ဆယ်အိမ်စုရပ်ကွက်နေ
အေးချမ်း(၂၃)နှစ်တို့၏ 9L××× Nissan
Diesel (၁၈)ဘီး ယာဉ်တို့အား
ဝင်ရောက်တိုက်မိပြီး
တိမ်းမှောက်ခဲ့သဖြင့် မိုးမိုးတွင်
ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌
သေဆုံးခဲ့ပြန်သည်။

၂၂ဘီးယာဉ်ကိုမောင်းနှင်သူ ဦးခင်စိုး
အပါအ၀င်(၃)ဦးတို့မှာမူ ဒဏ်ရာများ
အသီးသီးရရှိခဲ့ကြသည်။

ထို့ကြောင့် ယာဉ်မောင်း ဦးခင်စိုး အား
မူဆယ်မြို့မရဲစခန်ကး ယာဉ်(ပ)၂/၂၀၁၉၊
ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၈/၃၃၇/၂၇၉ ဖြင့် အမှုဖွင့် အရေးယူ
ထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ
သိရသည်။

Source – မြန်မာနိုင်ငံရဲတပ်ဖွဲ့
Blueseaskt

10 Shares

Add a Comment

Your email address will not be published. Required fields are marked *