စိတ်​​တောင်​မ​ကောင်းဘူးဗျာ

ညက မြို့ထဲမှာ ဓာတ်​ပုံသွားရိုက်​တယ်​​ဗျ…
မင်္ဂလာဈေး မီးလောင်တဲ့ သတင်းပေါ့ဗျာ။
အဲဒီမှာထူးဆန်းတာတစ်ခုတွေ့ခဲ့ရတယ်​လေ။

မီးလောင်ပြီးမကြာမှီ တပ်ကကားတွေရောက်လာပြီး
မီးဝိုင်းငြှိမ်းကြတယ် လုံခြုံရေး ကူလုပ်ပေးကြတယ်။
မနက်ပိုင်း လင်းအားကြီးရောက်တော့ အကုန်လုံး
မောနေကြပြီ…
ကျနော်တို့လည်း ဗိုက်ဆာနေပြီ​ပေါ့ဗျာ..ဒါနဲ့ပဲ
တပည့်ကျော်ကို ကင်မရာတွေပေးထားခဲ့ပြီး
လက်ဖက်ရည် သွားသောက်တယ်။
အပြန်မှာ မီးသတ်ရဲဘော်​တွေနဲ့ စစ်သားတွေအတွက်
စီးကရက်နဲ့ ကွမ်းယာတွေ ဝယ်လာခဲ့တယ်…ဒါ​ပေမယ့်
သွားပေးတော့မယူကြဘူး…စိတ်တောင်တိုသွားမိတယ်။

 

ဆိုင်တွေကပိတ်ထားတော့ အဝေးကြီးကို သွားဝယ်ရတာ
မနက်မိုးလင်းတော့ အဲဒီနားရပ်ကွက်သားတွေက
လက်ဖက်ရည် ကော်ဖီမစ်နဲ့မုန့်တွေ လာပေးကြပြန်တယ်၊
အများကြီးပါပဲ….
ဘယ်စစ်သားကမှ မယူရဲကြဘူး​လေ..
သူတို့အရာရှိကို သွားပြောပါတဲ့….
စစ်တပ်ကို အပုပ်ချတဲ့သူတွေက ဓာတ်ပုံရိုက်ပြီး
အင်တာနက်တင်လိုက်ရင် တပ်မတော် သိက္ခာကျမှာ
စိုးလို့ပါတဲ့ဗျာ…
မုန့်လိုက်ဝေတဲ့ အန်တီကြီးတစ်ယောက်ဆို
မျက်ရည်တွေကျပြီး စိတ်မကောင်းဖြစ်ရောပဲ၊
ရင်ထဲမကောင်းလိုက်တာဗျာ…..

အဲဒါနဲ့တပ်မှူးကို ရပ်ကွက်လူကြီးတွေက
သွားပြောကြတော့ ခွင့်ပြုမိန့်ရတယ်​၊
အဲဒါတောင်အချို့ရဲဘော်တွေနဲ့ အကြပ်အချို့က
မဝံ့မရဲနဲ့ မယူဝံ့ကြဘူး….
အတင်းပေးမှယူကြတယ်ဗျာ။

 

ရဲဘော်တစ်ယောက်က ကျနော့်ကိုကပ်ပြီးပြောတယ်
`ဆရာရယ် စစ်တပ်ကို လူတွေကမုန်းနေပြီထင်နေတာဗျ´
အဲဒါကြောင့် မယူရဲတာပါတဲ့….

ရင်ထဲတော်တော် မကောင်းပါဘူးဗျာ…
အစားတလုပ်အတွက် မဝံ့မရဲနဲ့ဘဝများစွာက
ဖြစ်နေတာဗျ….

တပ်မတော်နဲ့ ပြည်သူကြားမှာ စနစ်တကျ သွေးခွဲခဲ့တဲ့
သူတွေသာ ဒီကိစ္စကိုသိရင် ပျော်နေမှာလားဗျာ…

သြော်…အစားတလုပ်အတွက်တောင် မစားရဲအောင်
သွေးခွဲခဲ့တဲ့သူတွေ ဘာအတွက်လုပ်နေတာလည်းဗျာ၊

ဒီရဲဘော် အရာရှိတွေက ကျနော်တို့မြန်မာနိုင်ငံသားတွေ
ပါဗျာ….ဆက်လက်ပြီး သွေးမခွဲကြပါနဲ့တော့လို့…
တောင်းပန်လိုက်ပါရစေခင်ဗျာ…..

#စိတ်မကောင်းစရာပါ#

Credit Ko Min
Photo by FB

4 Shares

Add a Comment

Your email address will not be published. Required fields are marked *