ထရမ့်-ကင်ဂျုံအွန် ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲ ကျင်းပမည့် နေရာအဖြစ် စင်ကာပူနှင့် ဗီယက်နမ်ကို ကနဦးရွေးချယ်

ထရမ့်-ကင်ဂျုံအွန် ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲ ကျင်းပမည့် နေရာအဖြစ် စင်ကာပူနှင့် ဗီယက်နမ်ကို ကနဦးရွေးချယ်

 

 

ဆိုး

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်တို့၏ ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲ ကျင်းပမည့်နေရာအဖြစ် စင်ကာပူနှင့် ဗီယက်နမ်နိုင်ငံတို့ကို ကနဦးရွေးချယ်ထားကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ထုတ်ပြန်သည်။ ၎င်းတို့နှစ်ဦး၏ ထိပ်သီးဆွေးနွေးပွဲ ကျင်းပမည့် နေရာအဖြစ် စင်ကာပူ၊ ဗီယက်နမ်နှင့် ဟာဝိုင်ယီတို့ကို ရွေးချယ်ခဲ့သည်။

သို့သော်ဟာဝိုင်ယီကျွန်းသည် တွေ့ဆုံပွဲကျင်းပရန် သဘာဝမကျသော နေရာတစ်ခုဖြစ်ကြောင်းနှင့် ယင်းမြို့၌ မြောက်ကိုရီးယား သံရုံးဖွင့်လှစ်ထားခြင်း မရှိသောကြောင့် ချန်လှပ်ခဲ့ရခြင်းဖြစ်ကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အမည်မဖော်လိုသူ အရာရှိတစ်ဦးက ဇန်နဝါရီ ၁ဝ ရက်တွင်ပြောသည်။

ထရမ့်နှင့်ကင်ဂျုံအွန်တို့၏ ဆွေးနွေးပွဲကို မကြာမီအချိန်တွင် ကျင်းပမည်ဟု တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်က ဇန်နဝါရီ ၁ဝ ရက်တွင်ပြောထားခြင်းကြောင့် ထိုထိပ်သီး ဆွေးနွေးပွဲ ကျင်းပမည့် နေရာအပေါ် အများကစိတ်ဝင်စားနေခြင်းဖြစ်သည်။ အမေရိကန် အစိုးရသည် တွေ့ဆုံပွဲကျင်းပမည့် နေရာရွေးချယ်နိုင်ရေး အတွက် လက်ရှိတွင် ဆွေးနွေးနေဆဲဖြစ်သည်။ ၎င်းတို့နှစ်ဦး၏ ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲကို ယခုလ သို့မဟုတ် ဖေဖော်ဝါရီလအတွင်း ကျင်းပမည်ဟု ထရမ့်ကမျှော်လင့်ထားသည်။

 

 

စင်ကာပူနိုင်ငံသည် ထရမ့်နှင့် ကင်ဂျုံအွန်တို့၏ ပထမဆုံးသမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲကို ပြီးခဲ့သည့်နှစ်ဇွန်လတွင် လက်ခံကျင်းပခဲ့ပြီး ဖြစ်သည်။ ထို့ပြင် ကနဦးစာရင်းတွင် ပါဝင်လာသည့် ဗီယက်နမ်နိုင်ငံသို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်လာမည် ဆိုပါက ၎င်း၏ The Chammae-1 လေယာဉ်နှင့် အလွယ်တကူလာနိုင်သည့် အကွာအဝေးတွင် ရှိကြောင်း သိရသည်။
Credit original writer

3 Shares

Add a Comment

Your email address will not be published. Required fields are marked *