အမှန်တကယ်လက်ထပ်ချင်သူမှန်း ထင်ရှားပေါ်လွင်နိုင်စေတဲ့အချက်(၁၀)ချက်

45 Shares

အချစ်ခရီးလမ်းရဲ့ ပန်းတိုင်ဟာ နှစ်ယောက်အတူတူ နေရပြီး အချစ်ရိပ်မြုံမှာ ချစ်စိတ်တွေနဲ့ ခိုလှုံရခြင်းပါဘဲ။
အချို့ကတော့ ချစ်သူတော့ ထားမိပါတယ်။ အခြေနေ အကြောင်းကြောင်းကြောင့် ချစ်သူနဲ့ ရွှေလက်မတွဲနိုင်
သူများ ရှိတတ်သလို၊ အချို့ကတော့ အချစ်ကို ကစားရရုံ၊ စိတ်ကျေနပ်မှုတစ်ခုအတွက်တာ ရည်ရွယ်ကြသူ
များ ဖြစ်နေတတ်ပါတယ်။ ဒီတော့ သင်နဲ့ လက်တွဲထားသူဟာ သင်ကို အမှန်တကယ်လက်ထပ်လိုစိတ် ရှိ
ခဲ့ရင် အောက်ပါအချက်ကလေးတွေ မဖြစ်မနေ လုပ်ပါလိမ့်မယ်။ သတိထား ကြည့်လိုက်ပါ။

1. အနာဂတ်အစီစဉ် ဆွဲပြီးသား။

လူနှစ်ယောက် ဘ၀နှစ်ခုကို တည်ထောင်ဖို့ စိတ်ကူးရှိသူများဟာ အနာဂတ်အစီအစဉ်တွေ ကိုယ်ဆီ ရှိကြပါ
တယ်။ စိတ်ကူးထဲမှာ အိမ်ဆောက်တယ်ပဲ ဆိုဆို၊ ဒီလို စိတ်ကူးပုံဖော်နေခြင်းကပင်လျှင် အချစ်ရဲ့ ဘ၀ခရီး
တစ်ခုလို့ သက်မှတ်ရမှာပါ။

2. သင့်တော်တဲ့အချိန်တိုင်း သူ့မိဘတွေနဲ့ တွေ့ပေးတယ်။

ဒါကလည်း အရေးပါပါတယ်။ ခိုးကြောင်ခိုးဝှက် ချစ်နေရတာထက်စာရင် ချစ်သူကို တစ်နေ့နေ့မှာ မိဘတွေနဲ့
ပေးတွေလိုက်ချင်းဟာ မိဘတွေရဲ့ သဘောထားကို သိရှိနိုင်သလို ချစ်ရသူကိုလည်း အကောင်းဆုံး ချီုးမြှင့်ရာ
ရောက်ပါတယ်။

3. အချိန်ကိုလေးစားတယ်။

ဘယ်လို အကြောင်းအရာမျိုးနဲ့ ဖြစ်ဖြစ် သင်နဲ့ တွေ့ဆုံမယ်ဆိုရင် သူဟာ အချိန်ကို လေးစားတယ်၊ သင့်ထက်
တောင် စောပြီး ရောက်နေတာမျိုး ရှိနိုင်ပါတယ်။ နောက်ကျလည်း သင် စိတ်ဆိုးလောက်အောင်အထိ အချိန်
ကြာမဲ့သူမျိုး မဟုတ်ပါဘူး။

4. တွေ့ဆုံမှုမကျဲဘူး။

ချစ်သူတွေဟာ တစ်ယောက်နဲ့တစ်ယောက် မစိပ်မကျဲလေး ပုံမှန်တွေ့နေရမှ ချစ်သထက် ချစ်ပြီး နောက်ဆုံး
ဘယ်လိုမှ ခွဲမနေနိုင်တော့တဲ့အထိ ဒီကရီတွေ မြင့်သွားတာမျိုးပါ။

5. အချိန်တိုင်း လွမ်းနေတယ်။

မတွေ့ရတဲ့အချိန်တိုင်း သူမှာ အလုပ်တစ်ခုရှိတယ်။ သင့်ကို လွမ်းတဲ့ အလုပ်ပေါ့။ တစ်ခြား အလုပ်တွေ ရှိတောင်
သင့်ကို လွမ်းတဲ့စိတ်က တစ်ပြားသားမှ လျှော့မသွားပဲ လွမ်းမြဲ လွမ်းဆဲပါဘဲ။

6. ချစ်သူမျက်နှာကိုသာ ကြည့်နေချင်တယ်။

ချစ်သူမျက်နှာသာ ကြည့်နေရရင် ထမင်းလဲ မဆာဘူး၊ အိမ်သာလည်း မတက်ချင်ဘူး၊ မျက်တောင်ကိုပင် ခတ်လိုက်
ရမှာကို နှမြောမိတဲ့အထိ သူ့ အသဲထဲမှာ သင့်ကို စွဲငြိနေပါလိ့မ်မယ်။

7. အတူတူ နေချင်တယ်။

အတူနေဖို့အတွက်လည်း ကြိုးစားနေတယ်၊ အတူတူ နေရအောင် ပိုက်ဆံစုတာတို့၊ အလုပ်ကို ကြိုးစားပမ်းစားလုပ်
တာတို့ဟာ သင့်အတွက် အားရစရာ ကောင်းနေပါလိ့မ်မယ်။

8. ပွင့်လင်းမှု ရှိတယ်။

ဘာကိုပဲဖြစ်ဖြစ် သင့်ကို တိုင်ပင်ဖို့ သတိရတယ်၊ မကျေနပ်ချက်တွေကိုလည်း ကြေကြေလည်လည် တိုင်ပင်ဖို့ စိတ်
ကူးရှိသလို စိတ်ထဲမှာ အားရကျေနပ်တဲ့အချက်တွေကိုလည်း သင့်ကို ထုတ်ဖော်ချီးကျူးဖို့ ၀န်မလေးပါဘူး။

9. ခက်ခဲတဲ့အချိန်မျိုးမှာ သင့်ကို ပစ်မသွားဘူး။

လောကဓံဆိုတာ ကောင်းဆိုး နှစ်တန်ရှိပါတယ်။ ကောင်းတဲ့အချိန်မှာ သူဟာ စံချင်မှ စံရမှာဆိုပေမယ့် ဆိုးတဲ့
အချိန်မှာတော့ သင့်အနားမှာ အားပေးဖော်၊ သင့်အနားမှာ ဖေးကူတဲ့သူ၊ သင့်ကို ပစ်ပယ်ထားမယ့်သူ မဟုတ်ပါ
ဘူး။

10. ရောင့်ရဲတင်းတိမ်မှု မရှိ။

ချစ်သူဘ၀မှ အနမ်းတွေ၊ အလွမ်းတွေ၊ စကားတွေ အများကြီးပြောတာတောင် ပြည့်စုံတယ်မထင်မိ၊ ဆက်ပြီးတော့
ပဲ အချိန်တွေကို ကြာနိုင်သမျှ စွဲပြီး ချစ်သူရဲ့ အပြုအစုအယုအယတွေကို ဘယ်တော့မှ မရောင့်ရဲတဲ့သူပါ။

Crd:bahuthuta

45 Shares

Add a Comment

Your email address will not be published. Required fields are marked *