ရုပ်ရှင်ကုမ္ပဏီထောင်ပြီး ကိုယ်တိုင် ဒါရိုက်တာ၊ မင်းသားလုပ်မယ့် နေထက်လင်း

တချိန်ကမြန်မာနိုင်ငံက အက်ရှင်မင်းသားကြီးတစ်ယောက်ဖြစ်တဲ့ နေထက်လင်းကိုတော့ မြန်မာနိုင်ငံက ရုပ်ရှင်ပရိသတ်တိုင်းသိမယ်လို့ထင်ပါတယ်။ အနုပညာလောကကနေ ပျောက်ကွယ်နေတာကြာပြီဖြစ်တဲ့ မင်းသားနေထက်လင်းကတော့ လက်ရှိမှာ သူ့ပရိသတ်ကြီးအတွက် ရုပ်ရှင်တွေ ပြန်ရိုက်ဖို့ ရှိပြီး သူလုပ်ဆောင်ချင်တဲ့အရာတွေအကြောင်းကို ပြောပြသွားခဲ့ပါတယ်။ ထို့နောက် မြန်မာရုပ်ရှင်လောကအပေါ်သူ့ရဲ့ အမြင်ကိုလည်း ပြောပြသွားခဲ့ပါတယ်။

မင်းသားနေထက်လင်းကတော့ MC နဲ့အင်တာဗျူးတွင် “ကျွန်တော်ကတော့ ရုပ်ရှင်ကားကြီးရိုက်မယ်ပေါ့နော်။ တစ်နှစ် နှစ်နှစ်လောက်ကို အခြေအနေကောင်းလာရင် ဗီဒီယိုကားကြီးကျလာလိုက်မယ်။ ၆ လ ၃ လလောက်နေရင်ပေါ့။ ဗီဒီယို ဥပဒေတစ်ခုကျတော့မယ်ဆိုရင် ကျွန်တော့်အနေနဲ့ ရုပ်ရှင်ကားကြီးတွေ ဆက်တိုက်ရိုက်မှာပါ။ ပြီးတော့ ပိုက်ဆံလေးစုပြီး ကျွန်တော်ရုပ်ရှင် ကုမ္ပဏီတစ်ခုထောင်မယ်။ ဒါရိုက်တာလုပ်မယ်။ မင်းသားလုပ်မယ်။ အခုခေတ်ကျတော့ ဘယ်လိုဖြစ်နေလည်းဆိုတော့ မီဒီယာတွေနောက်ကိုဘဲ ငါးစာလိုလိုက်နေကြတယ်။ မီဒီယာတွေက မင်းသားမြင့်မြတ်ပေါက်တယ်လို့ ပြောတာနဲ့ မြင့်မြတ်နောက်ကို ပြုံပြီးတော့ လိုက်ကြတယ်။

ကျွန်တော်တို့တုန်းကလည်း ဒီလိုပါဘဲ။ ဒါပေမဲ့ကျွန်တော်တို့ကတော့ ကုမ္ပဏီတစ်ခုထဲနဲ့ဘဲ အလုပ်လုပ်ပါတယ်။ အနုပညာဈေးကွက်ဘယ်လောက် မြောက်မြောက် ကုမ္ပဏီတစ်ခုထဲနဲ့ဘဲ ကိုယ်တို့အလုပ်လုပ်ပါတယ်။ ကျွန်တော်တို့ ကိုယ့်ဘာကို အပျက်စီးမခံပါဘူး။ ဒီလိုအများကြီးနဲ့စာချုပ်ချုပ်ထားရင် ပင်ပန်းလာမယ်၊ အိပ်ရေးပျက်လာမယ်။ ရုပ်ရှင်ကားတွေအနေနဲ့လည်း ကွာလတီတွေအများကြီးကျလာမယ်။ ဒါကြောင့် ဒီလိုဖြစ်လာရင် ကိုယ်ပုံရိပ်တွေ ကျလာနိုင်ပါတယ်။ ဒါကြောင့် ထိန်းသိမ်းပြီးတော့ လုပ်စေချင်ပါတယ်” ဟု ပြောကြားသွားခဲ့ပါတယ်။

ပရိသတ်တွေအနေနဲ့ ဘယ်တော့လောက် ရုပ်ရှင်ကားတွေ ကြည့်ရမလဲဆိုတဲ့အပေါ်မှာတော့ “ကျွန်တော် ၂၀၂၀ လောက်မှ ရုပ်ရှင်ကားတွေ ထွက်ဖြစ်မယ်လို့ ထင်ပါတယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့အနေနဲ့ ၆ လလောက် ဆင်ဆာတင်တာနဲ့ ကားစစ်တာနဲ့ ကြာသေးတယ်လေ။ ၂၀၁၈ လည်းကုန်တော့မှာဆိုတော့။ ကျွန်တော်တို့ကတော့ ပိုက်ဆံလည်း မရင်းရဲဘူးလေ။ ရင်းရင်လည်း ကုန်သွားမှာပေါ့။ ကျွန်တော်တို့အနေနဲ့ သိန်း ၁၀၀ လောက်ရင်းလိုက်တယ်။ သိန်း ၅၀ လောက်တောင် ပြန်မရဘူး။ နေရင်းထိုင်ရင်း သိန်း ၅၀ လောက်က ကုန်သွားပြီ။ ၅ ကားဆိုရင် သိန်း ၂၅၀ လောက်ကုန်ပြီ။

ရလာတဲ့သိန်း ၅၀ လောက်ကိုတောင် ဘယ်သူမှ မပေးချင်ဘူး။ နယ်တွေတိုင်းကလည်း ညည်းကြတယ်။ ခိုးကူးခွေတွေများတယ်။ Channel တွေက နှိပ်စက်တယ်။ ဟိုဟာဖြစ်တယ်ဒီဟာဖြစ်တယ်နဲ့ မရတော့ဘူး။ ဒါကြောင့်နောက်ပိုင်းမှာလည်း ကျွန်တော်တို့ကို မလေးစားတော့ပါဘူး။ Channel တွေကလည်း ဖက်စပ်တွေလုပ်လာကြပါတယ်။ ဒီတော့ပွင့်ပွင့်လင်းလင်းပြောရရင်တော့ တရုတ်က ထုတ်တဲ့ကားလို ဖြစ်သွားတာပေါ့။ ဂျာမနီက ထုတ်တဲ့ BMW လိုဖြစ်ချင်ရင်တော့ ဂျာမနီကလိုမျိုး အရည်အချင်းရှိတဲ့သူတွေနဲ့ ပူးပေါင်းမှဘဲရပါမယ်။ ကျွန်တော်ပြောချင်တာ အဲ့ဒါပါဘဲ” ဟုပြောကြားသွား ခဲ့ပါတယ်။

Crd:bahuthuta

5 Shares

Add a Comment

Your email address will not be published. Required fields are marked *