ထာဝရထက်နှစ်ဆ ရုပ်ရှင်ဇာတ်ကားကြီးအကြောင်း အိန္ဒိယဒါရိုက်တာများထံ တိုင်ကြားစာထွက်ပေါ်

4 Shares

အခုတလော ပရိသတ်တွေကြားထဲမှာ ရေပန်းစားနေတဲ့ “ထာဝရထက်နှစ်ဆ” ရုပ်ရှင်ဇာတ်ကားကြီးက ဇန်နဝါရီလ ၁၈ ရက်နေ့ကနေစပြီး မြန်မာတစ်နိုင်ငံလုံးက အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ “ထာဝရထက်နှစ်ဆ” ရုပ်ရှင်ဇာတ်ကားကြီး အချစ်ဇာတ်ကားလေးဖြစ်ပြီး မတူညီတဲ့ လူ(၃)ယောက်ဆီက ကွဲပြားတဲ့ ချစ်ခြင်းမေတ္တာတွေအကြောင်းကို ကြည့်ရှုရမှာဖြစ်ပါတယ်။

“ထာဝရထက်နှစ်ဆ” ရုပ်ရှင်ဇာတ်ကားကြီးဟာ ဇာတ်လမ်းဇာတ်ညွှန်း ထက်မြတ်နိုင်ဇင်ရဲ့ ဇာတ်ညွှန်းကို ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် က အကောင်းဆုံး ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ “ထာဝရထက်နှစ်ဆ” ရုပ်ရှင်ဇာတ်ကားကြီးမှာ နာမည်ကြီးသရုပ်ဆောင်များဖြစ်တဲ့ အကယ်ဒမီ မင်းမော်ကွန်း၊ အကယ်ဒမီ မြင့်မြတ်နဲ့ ရွှေမှုံရတီတို့က အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး အကယ်ဒမီ ဇင်ဝိုင်း၊ ငွေမှုံရတီ၊ ရန်ကျော်နဲ့ အကယ်ဒမီ မေသဉ္ဇာဦးတို့က အားဖြည့်ကူညီ သရုပ်ဆောင်ပေးခဲ့ပါတယ်။

လတ်တလောမှာ “ထာဝရထက်နှစ်ဆ” ရုပ်ရှင်ဇာတ်ကားကြီးက နာမည်​ကြီး​ဘောလိဝုဒ်​ရုင်​ရှင်​ဇာတ်​ကားဖြစ်တဲ့ Sanam Teri Kasam နဲ့ ဆင်တူတယ်​လို့ ပရိသတ်​တစ်​ချို့က ​ဝေဖန်​​နေကြခြင်းကို ခံနေရတာဖြစ်ပါတယ်။ Sanam Teri Kasam ဇာတ်ကားကြီးက ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အိန္ဒိယရုပ်ရှင်ဇာတ်ကားကြီးပဲဖြစ်ပါတယ်။

ဒီကနေ့မှာတော့ မြန်မာပရိသတ်တစ်ဦးက Sanam Teri Kasam ဇာတ်ကားကြီးရဲ့ ဒါရိုက်တာ Radhika Rao နဲ့ Vinay Sapru တို့ဆီကို “ထာဝရထက်နှစ်ဆ” ရုပ်ရှင်ဇာတ်ကားကြီးဟာ ကော်ပီယူထားကြောင်း တိုင်ကြားစာပို့ခဲ့ပါတယ်။ Radhika Rao နဲ့ Vinay Sapru တို့ဘက်ကလဲ စာကိုပြန်ကြားထားပြီး ဘယ်ရုပ်ရှင်ဇာတ်ကားလဲဆိုပြီး ပြန်လည်မေးထားပါတယ်။ ထိုပရိသတ်က “ထာဝရထက်နှစ်ဆ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဖေ့စ်ဘုတ် Page ကို ပြသခဲ့ပါတယ်။

“ထာဝရထက်နှစ်ဆ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပက်သတ်ပြီး ဖြစ်ပေါ်လာတဲ့ ဒီကိစ္စကတော့ တကယ်ဟုတ်လား မဟုတ်လားဆိုတာတော့ မသိရသေးပါဘူး။ “ထာဝရထက်နှစ်ဆ” ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင်ထားတဲ့ မင်း​မော်​ကွန်းနဲ့ မြင့်​မြတ်​တို့က ထိုဘောလိဝုဒ်​ရုင်​ရှင်​ဇာတ်​ကားကို သူတို့မသိတဲ့အ​ကြောင်း အင်​တာဗျူး​တွေမှာ ​ဖြေဆိုထားပါ​သေးတယ်​။ ဒီပိုစ့်လေးကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။

Crd:bahuthuta

4 Shares

Add a Comment

Your email address will not be published. Required fields are marked *