ထီး

ထီးတချောင်းပိုနေတော့
လူတယောက်ပျောက်နေတယ်။
ဒါကိုသူတို့ရှာနေကြတယ်။
မြောင်းထဲကျသွားသလားပေါ့။🙄🙄

သူတို့မှာ ထီးတွေကမိုးထားတော့
အပေါ်ကိုမမြင်ကြဘူး။
အပေါ်ကိုကြည့်ရကောင်းမှန်းလဲ
မသိကြဘူး။


ဒီတော့သစ်ပင်ပေါ်
ရောက်နေတဲ့လူကိုလည်း
သူတို့မမြင်ကြတော့ဘူးပေါ့လေ။

သစ်ပင်ပေါ်ကလူကတော့
သူ့အပေါ်ကနေ မိုးထားတဲ့ထီးကို
လွှင့်ပစ်လိုက်တော့
အပေါ်ကိုကြည့်ရှု့ခွင့်ရပီး
လှပတဲ့ကောင်းကင်ကြီးကို
မြင်ခွင့်ရသွားတာပေါ့ ။
(အောက်ကလူတွေ ဖြစ်ပျက်နေသမျှတွေကိုလည်း
အောက်ကလူတွေထက် ပိုပြီး မြင်သိနေတော့တာပေါ့။)

အဓိပ္ပာယ်ကတော့
ထီးကလူတွေရဲ့အတ္တလို့
ပန်းချီဆရာကဆိုလိုပုံရပါတယ်။
အတ္တရှိနေရင် အတ္တကကွယ်နေတော့
လွတ်လပ်လှပတဲ့ကောင်းကင်ကြီးကို
မြင်နိုင်မှာမဟုတ်ဘူးလေ။

ကိုယ်ရောက်နေတဲ့ နေရာ ကိုယ်ရောက်နေတဲ့အရပ်မှာပဲ
ရပ်တန့်နေကြပြီးတော့
ကိုယ်နဲ့အဆင့်တူ
ကိုယ့်နဲ့ပတ်သတ်နေကြသူ
အချင်းချင်းပဲ
ပတ် ပြီး သတ် မနေလိုက်ပါနဲ့။
အထက်ကို တက်နိုင်ဖို့လည်း
ကြိုးစားလိုက်ပါအုံး။

စိတ်ဓါတ်တွေကို
မြှင့်တင်နိုင်ဖို့ကြိုးစားလိုက်ပါ။
စိတ်ဓါတ်တွေမြင့်မားလာရင်
ပြဿနာရပ်တွေကို
အပေါ်ကနေစီးမိုးကြည့်ပြီး
လွယ်ကူရှင်းလင်းစွာ
ဖြေရှင်းတက်လာမှာပါ။

အမြင့်ကိုတက်လို့ မရအောင်
ချီနှောင်ထားတဲ့ မာနကြိုးကို
ဖြုတ်ချပစ်ခဲ့နိုင်အောင် ကြိုးစားပါ။

ငါ ငါ ငါ ဆိုတဲ့ အတ္တတွေနဲ့လည်း
ဖုံး အုပ် ကာမထားလိုက်ပါနဲ့။
အတ္တတွေကိုလွှင့်ပစ်လိုက်မှသာ
လှပတဲ့ကောင်းကင်ကြီးကို
မြင်ကြရမှာပါ ။

လူတိုင်းလူတိုင်း
လှပတဲ့ကောင်းကင်ကြီးကို မြင်ခွင့်ရနိုင်ကြပါစေ…

Credit: ဝါဝါဝင်း

5 Shares

Add a Comment

Your email address will not be published. Required fields are marked *