ရွှေတုံးတွေနဲ့ မွေးလာတယ်ဆိုတဲ့ ဟန်တီ

မော်ဒယ် သရုပ်ဆောင် ဟန်တီကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်နေတဲ့ အနုပညာရှင် တစ်ယောက် ဖြစ်ပါတယ်။ Miss World ပြိုင်ပွဲကြီးမှာလည်း အကောင်းဆုံး ယှဉ်ပြိုင်နိုင်ခဲ့ပြီး နိုင်ငံဂုဏ်ဆောင် ဆုတံဆိပ်များစွာ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒီလိုမျိုး ချစ်ဖို့ကောင်းတဲ့ ဟန်တီက ရွှေဇွန်းကိုက်ပြီး မွေးလာသူတွေထက် တစ်ဆင့် ပိုသာတဲ့အချက်က ရွှေတုံးတွေနဲ့ မွေးလာတာကြောင့် ဖြစ်ပါတယ်။

ရွှေနဲ့ပတ်သက်လို့ အမှတ်တရတွေကို ဟန်တီက ခုလို ပြောပြသွားပါတယ်။“ရွှေနဲ့အမှတ်တရက အများကြီးပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဟန်တီက ငယ်ငယ်လေးတည်းက ရွှေတုံးတွေနဲ့ မွေးလာတယ်လို့ ပြောကြတယ်။ မေမေကိုယ်တိုင်က မွေးကတည်းက ရွှေတွေ လက်ဆောင်ရတယ် ။နှစ်တိုင်းနှစ်တိုင်း မွေးနေ့တိုင်း မွေးနေ့တိုင်းမှာ တစ်ယောက်မဟုတ် တစ်ယောက်က ရွှေလက်ဆောင်ပေးတာ အခုထိပဲ။ အရင်နှစ်ကဆိုရင် အဖွားက ရွှေနားကပ်လေးပေးတယ်။ အဲ့လိုလေးတွေရှိတယ်။အိမ်မှာ ရွှေတွေ အများကြီး စုထားတယ်။ လက်ဝတ်ရတနာဆိုရင် လက်ကောက်လေးတွေ ကြိုက်တယ်။ လက်စွပ်လေးတွေလည်း ကြိုက်တယ်။ ချစ်စရာကောင်းတဲ့ဟာလေးတွေဆိုရင် သဘောကျတယ်။ ရိုးရိုးရှင်းရှင်းလေးနဲ့ ဘယ်တော့မှ မရိုးတဲ့ ပုံစံလေးတွေ ကြိုက်တယ်။” လို့ ဆိုပါတယ်။

Valentine’s Day အတွက် အစီအစဉ်တွေကိုလည်း ဟန်တီက ခုလို ပြောပြသွားပါတယ်။“ဗယ်လင်တိုင်းနေ့မှာ တစ်ယောက်တည်းပဲ။ မေမေနဲ့ ဥရောပဘက် ခရီးသွားမယ်။ ဥရောပမှာက ချောကလက်ပိုပေါတော့ တစ်ယောက်တည်း အများကြီး သွားစားမယ်။ ကျောင်းတက်တုန်းက ကျောင်းမှာ ပန်းစည်းတွေ ချောကလက်တွေ အရုပ်တွေရတယ်။ ကျောင်းခဏ နားထားချိန်မှာတော့ ဘာမှမရဘူးပေါ့နော်။ ပရိသတ်တွေက အိမ်ကို ပို့ပေးတဲ့ လက်ဆောင်လေးတွေတော့ ရတယ်။” ဆိုပြီး ပြောပြသွားပါတယ်။

Miss World ပြိုင်ပွဲဝင်စဉ်က အခက်အခဲတွေ ကြုံခဲ့ရပုံကိုလည်း ဟန်တီက ခုလို ပြောပြသွားပါတယ်။

“အခက်အခဲတွေက အများကြီးပဲ။ အင်္ကျီမလောက်တာတွေ။ ကိုယ်ဘာဝတ်လို့ ဝတ်ရမှန်းမသိဘဲ အဆင်မပြေတာတွေ အဲ့လိုအလွဲအချော်တွေ နည်းနည်းပါးပါးရှိတယ်။ တတ်နိုင်သမျှတော့ ရအောင်ကျော်တယ်။ ဘာပဲလုပ်လုပ် မြန်မာနိုင်ငံအတွက် ရအောင်လုပ်ရမယ်ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ပဲ ဖြတ်သန်းခဲ့တယ်။” လို့ ဆိုပါတယ်။

Crd:bahuthuta

4 Shares

Add a Comment

Your email address will not be published. Required fields are marked *