စိုင်းစိုင်းနဲ့ စိုးသူကို အားကျလို့နာမည်ပြောင်းတော့မယ်ဆိုတဲ့ ဟဲလေး

ဂီတလမ်းကြောင်းပေါ်မှာ အောင်မြင်မှုများစွာရရှိထားတဲ့ နိုင်ငံကျော်တေးသံရှင်ဟဲလေးကတော့ အမြဲတမ်းစနောက်ပြီး ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ အနုပညာရှင်တစ်ယောက်ပါ။

အဆွေးသီချင်းလေးတွေနဲ့ ပရိသတ်ကို ဆွဲဆောင်နိုင်သလို ဟာသဆန်တဲ့ သီချင်းလေးတွေနဲ့လည်း ပရိသတ်ကိုပျော်စေတဲ့သူတစ်ယောက်ပါ ။ သား ၂ယောက်နဲ့အပြိုင်အခုထိ နုပျိုနေဆဲဆိုတာတော့ ပရိသတ်ကြီးအမြင်ပါပဲ ။

လတ်တလောမှာတော့ မကြာခင်က ကျင်းပခဲ့တဲ့ City FM ဆုပေးပွဲမှာ ဆု နှစ်ဆုတိတိရရှိခဲ့တဲ့ စိုင်းစိုင်းကို တခေတ်တခါက ပရိသတ်အသဲစွဲ မင်းသားစိုးသူက ဆုချီးမြှင့်ခဲ့တာနဲ့ပတ်သက်ပြီး ပရိသတ်တွေကနာမည်မှာ စလုံးပါတဲ့ အနုပညာရှင်တွေက နုပျိုပြီး ဆော်ကြည်တယ်လို့မှတ်ချက်ပေးနေကြတဲ့အတွက် ” စလုံးအက္ခရာနဲ့..စတဲ့အမျိုးသားတွေ ဟာဆော်ကြည်လွန်းတယ်တဲ့ သားလည်းနာမည်ပြောင်းမယ်…စမူဟဲ ” ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ရေးသားခဲ့တာပဲဖြစ်ပါတယ် ။

Crd:bahuthuta

3 Shares

Add a Comment

Your email address will not be published. Required fields are marked *