ဓနု ဆိုတာ ဒီလိုဗျာ

ဓနု ဆိုတဲ့ တို့လူမျိုးဟာ
တောင်မြောက်ရှမ်းပြည်နေတယ်ဗျာ,.

စကားပြောရင်ဝဲဝဲလေး
စိုက်ပျိုးရေးနဲ့ အသက်မွေး. .

ကျောင်းကန်ဘုရား စေတီရယ်
ဘာသာတရား လေးထားတယ်. .

ချွေးနဲစာနဲ့  တစ်မူးရလည်း
တစ်ပဲလှူတယ် စေတနာမမွဲ. .


ဓလေ့ရိုးရာ ချစ်စရာ
အစဉ်အဆက် ထိန်းသိမ်းလာ. .

ဆင်စွယ်မှန်ရင် ပိုးမထိုး
နှလုံးသားလှ တို့ လူမျိုး. .

သံချပ် ဓားသိုင်း ရိုးရာဗျ
အိုစယ်ဖင်ပု တီးလို့က. . . .

ဖြူစင်ရိုးသား ဓနများ
အိုးစည်ထွင်းထား ပိန္နဲသား. .

နောင်ချို ရပ်စောက် ပင်းတယနယ်
ရွာငံ ဘော်ဆိုင်း ဓနုကွယ်. .

ကလော တောင်ကြီး အောင်ပန်းစု
ဟဲဟိုး တို့ဓနု. .

ဧည့်သည်လာရင် လွန်ဖော်ရွေ
လက်ဖက်သုတ်နဲ့  ခါးကြမ်းရေ. .

တောင်ရိုးဓနု ရှမ်းစုလာ
ပအိုဝ့် အင်းဆား ဆွေမျိုးပါ. .

လက်တွဲခိုင်မြဲ ဥမကွဲ
စည်းလုံးညီညာ တူတူတွဲ. .

ဘိုးဘွားပိုင်ခဲ့ ဒီမြေများ
စည်းလုံးညီညာ ထိန်းသိမ်းထား. .

စိုင်းလူခေး(ဓနုမြေ)

4 Shares

Add a Comment

Your email address will not be published. Required fields are marked *