ဖခင်ရဲ့အုတ်ဂူလေးမှာ ဝမ်းနည်းမျက်ရည်ကျခဲ့ရတဲ့ အဆိုတော် အိုင်းရင်းဇင်မာမြင့်တို့သားအမိ

အသံပါဝါကောင်းကောင်းနဲ့ သီချင်းတွေကို အမိုက်စားသီဆိုတတ်တာကြောင့် ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ အဆိုတော်မလေး အိုင်းရင်းဇင်မာမြင့်ကတော့ မိသားစုကို အရမ်းတွယ်တာလွန်းပြီး ချစ်မြတ်နိုးသူတစ်ဦးပါ။ လတ်တလောမှာတော့ အိုင်းရင်းဇင်မာမြင့်က သူမတို့မိသားစုလေးကို ဖခင်ဖြစ်သူ စွန့်ခွာသွားတာ ၁၈ နှစ်ပြည့်နေ့လေးမှာ ဖခင်ရဲ့အုတ်ဂူလေးသို့ သွားရောက်ပြီး ဝမ်းနည်းမျက်ရည်ကျခဲ့ကြတဲ့ သူမတို့သားအမိတွေရဲ့ပုံရိပ်လေးကို လူမှုကွန်ယက်ပေါ်မှာ တင်ထားခဲ့တာ တွေ့ရပါတယ်။ အိုင်းရင်းဇင်မာမြင့်ကတော့ ဖခင်ရဲ့နှစ်ပတ်လည်နေ့မှာ ရင်ထဲကို ဆို့နင့်သွားစေတဲ့ စကားလေးတွေနဲ့လည်း ရင်ဖွင့်ထားပါသေးတယ်နော်။

အိုင်းရင်းဇင်မာမြင့်ကတော့ ” ဒီနေ့လေးက ဘ၀မှာမေ့လို့မရတဲ့နေ့လေးတနေ့ပါပဲ ကျမရဲ့ဖေဖေ လူ့လောကကြီးကိုနူတ်ဆက်ပြီး ခရစ်တော်မှာအိပ်ပျော်သွားတဲ့နေ့လေးတနေ့ပါပဲနှစ်တွေလတွေဘယ်လောက်ပြောင်းပြောင်း မည်မျှပင်ကြာစေကာမူ ကျမရဲ့စိတ်ထဲမှာ အဖေနူတ်ဆက်သွားတဲ့ ၁၈နှစ်ဆိုတာ ကျမတို့အတွက်မနေ့တနေ့ကလိုပါပဲ အဖေနူတ်ဆက်သွားခဲ့ချိန်သိပ်ထူးခြားတယ် တိုက်တိုက်ဆိုင်ဆိုင်ပဲလို့ပြောရမယ်အဖေဆုံးတဲ့အချိန်က အိုင်ရင်းအစ်အကြီးဆုံး ဖေဖေမေမေတို့ရဲ့သက်ဦးသားအကြီးဆုံးရဲ့မွေးနေ့လေးပါပဲ သူ့ရဲ့တံပိုးအကိုကြီးဆီလွဲပြောင်းပေးခဲ့တဲ့နေ့လေးပါပဲ ကိုကြီးIvan Happy Birthday ပါ

ဘာပဲဖြစ်ဖြစ်ပါ ဘုရားကိုကျေးဇူးတင်တယ် သိပ်သစ္စာတရားကြီးမားတဲ့ မိခင်ဝမ်းမှာရှင်သန်ရတဲ့အခွင့်ကိုပေးလို့ အဖေ့အပေါ်အလွန်သံယောဇဉ်ကြီးတဲ့အမေ ဒီနေ့ဒီအချိန်အထိသားသမီးလေးယောက်အတွက်မားမားမတ်မတ်ရပ်တည်အသက်ရှင်ပေးတဲ့အမေ ဒီနေ့ဒီအချိန်ထိ အဖေ့အပေါ်မေတ္တာပိုနေသေးတဲ့အမေ ဒီနေ့ဒီအချိန်အထိ အဖော်မဲ့စွာ ၁၈နှစ်ကာလပတ်လုံး အဖေ့ကိုသစ္စာမေတ္တာတရားတွေပြနေတဲ့အမေ့အတွက်ဘုရားသခင်ပေးတဲ့ကောင်ချီးများစွာရပါစေ၁၅/၁/၂၀၁၉” ဆိုပြီး သူမရဲ့လူမှုကွန်ယက်ပေါ်မှာ တင်ထားတာ တွေ့ရပါတယ်။

၁၈ နှစ်ကြာသွားပြီဖြစ်ပေမယ့်လည်း ခံစားချက်တွေက အသစ်ဖြစ်နေတုန်းမို့ ငိုကြွေးနေတဲ့ အိုင်းရင်းဇင်မာမြင့်ရဲ့မိခင်အိုင်းရင်းဇင်မာမြင့်ကတော့ လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ဖြစ်နေပြီး သူမချစ်ရတဲ့ သီချင်းတွေနဲ့ ပျော်မွေ့နေတာပဲ ဖြစ်ပါတယ်။ သီချင်းကောင်းလေးတွေရဲ့ပိုင်ရှင်မလေး အိုင်းရင်းဇင်မာမြင့်ကတော့ တလောက ကျင်းပပြုလုပ်ခဲ့တဲ့ City FM ရဲ့ ၁၇ နှစ်ပြည့်ပွဲမှာလည်း “တစ်နှစ်ပတ်လုံး သီချင်းအတောင်းခံရဆုံး အမျိုးသမီးဆု” ကို ရရှိခဲ့ပါသေးတယ်။ ချစ်ပရိသတ်တွေလည်း ဖခင်ဖြစ်သူရဲ့နှစ်ပတ်လည်နေ့လေးမှာ အုတ်ဂူလေးဆီသို့ သွားရောက်ပူဆွေးခဲ့ကြတဲ့ အိုင်းရင်းဇင်မာမြင့်တို့ သားအမိကို နှစ်သိမ့်စကားလေးတွေ ဆိုသွားခဲ့ကြပါဦးနော်။

Crd:bahuthuta

5 Shares

Add a Comment

Your email address will not be published. Required fields are marked *