ပထမဆုံးအချစ်​နဲ့ ​နောက်​ဆုံးအချစ်

်ွ♡ မိန်းကလေးတစ်ယောက်၏ ပထမဆုံးအချစ်
ဖြစ်ရသော ယောက်ျားသည် ကံကောင်း၏။

♡ ဘာလို့လဲဆိုတော့ မိန်းကလေးတို့၏ သဘာဝသည်
အချစ်ဦးကို မြေးရရင်တောင်မမေ့တတ်ကြဘဲ
အချစ်ဦးနဲ့ပဲ သူမတို့၏ ဘဝကို ကုန်ဆုံးချင်ကြတယ်။

♡ မိန်းကလေးသဘာဝသည် ချစ်မိပီဆိုရင် အစွန်းရောက်အောင်
ချစ်တတ်ကြပြီး ပထမဆုံးရင်ခုန်သံပီးဆုံးခဲ့ရင်
နောက်ထပ်ရင်ခုန်သံအသစ်က ပထမလောက် အားမပါတတ်ကြပေ။

♡ ခံစားမှူက နက်ရိုင်းတတ်ကြပီး အချစ်ဆိုတဲ့အရာကိုကြောက်မိခဲ့ရင်လည်း နောက်ထပ်အချစ်သစ်မမွေးဖွားချင်လောက်အောင်
စိတ်ကုန်သွားတတ်ကြတယ်။

♡ အချစ်ဦးနဲ့ လွဲချော်ခဲ့ရတဲ့ မိန်းကလေးတစ်ချို့သည်
အကြောင်းတိုက်ဆိုင်လို့ အချစ်ဦးနဲ့ရုတ်တရက်တွေ့ဆုံခဲ့မိရင်
အရင်တုန်းကလိုပဲ ရင်ခုန်သံတွေကလတ်ဆတ်နေတတ်ကြတယ်။

♡ ယောက်ျားတစ်ယောက်၏ နောက်ဆုံးအချစ်ဖြစ်ရသော
မိန်းကလေးသည် ပို၍ကံကောင်းတတ်ကြတယ်။

♡ ဘာလို့လဲဆိုတော့ ယောက်ျားသဘာဝသည် အချစ်တစ်ခုကို
ခံစားရာမှာ ဆင်ခြင်တုံတရားကပ်ပါလာတတ်ကြပြီး
နောက်ဆုံးချစ်ရသူကိုပဲ လက်တွဲဖော်အဖြစ်ရွေးချယ်တတ်ကြတယ်။

♡ နောက်ဆုံးချစ်ရသူကိုပဲ ပိုယုံကြည်တတ်ကြပီး
ပိုတန်းဖိုးထားတတ်ကြကာ အတွင်းရေးကိစ္စတွေပါ
ရင်ဖွင့်တတ်ကြတယ်။


♡ ယောက်ျားတစ်ယောက်က ဘယ်လောက်ပဲရည်းစားများခဲ့များခဲ့
သူတို့ရဲ့အတွင်းရေးများကို ဖွင့်ပြောတတ်လာပီး
လိုတာထက်ပို၍ မာနတွေခဝါချ အလျော့ပေးကြင်နာတတ်လာပီဆိုရင်
သေချာတယ် သူ့ရဲ့ အချစ်ဆုံးမိန်းကလေးပါ။

♡ ယောက်ျားလေးအများစုသည် မိန်းကလေးတစ်ယောက်ကို
သာမန်စိတ်ဝင်စားရုံနဲ့ ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်ကြမှာမဟုတ်သလို သစ္စာစောင့်သိဖို့ကလည်း မသေချာပါဘူး။

♡ အကြမ်းဖျင်းတင်ပြပေးခြင်းဖြစ်ပြီး တစ်ချို့သော ဖြစ်စဉ်တွေကကံအကြောင်းတရားနှင့်
လူတစ်ယောက်ရဲ့ ဗီဇနဲ့ သက်ဆိုင်ပါလိမ့်​မယ်​။

မေတ္တာတရားအပြည့်​ဖြင့်​♨ ♨ ♨

★blueseaMedia*

Credit✏ ✏ ✏ Original uploader

269 Shares

Add a Comment

Your email address will not be published. Required fields are marked *