ကော်ပီမကြိုက်ရင် မကြည့်နဲ့၊ ကြိုက်တဲ့ သူကြည့်မယ်ဆိုတဲ့ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင်

4 Shares

ဆယ်လီကမ္ဘာ ပရိသတ်ကြီးရေ ဒါရိုက်တာညွန့်မြန်မာညီညီအောင်က မကြာခင်ရုံတင်ပြသတော့မယ့် “ထာဝရထက် နှစ်ဆ” ဇာတ်ကားကြီးနဲ့ ပတ်သက်လို့ ဒီဇာတ်ကားဟာ အိန္ဒိယ ဇာတ်ကားကို ကျောရိုးယူထားတာ မှန်တယ်ဆိုပေမယ့် တင်ပြပုံမတူပါဘူးလို့ Press Show မှာ မီဒီယာတွေကို ပြောပြခဲ့ပါတယ်။

ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်ဟာ ၂၀၁၆ ခုနှစ်မှာ “အုတ်ကြားမြက်ပေါက်” ရုပ်ရှင်နဲ့ အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့သူ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ “အမှောင်မှာ ရွာချတဲ့ မိုးတိမ်” (ကျွန်) ဇာတ်ကားကို ရိုက်ကူးခဲ့ပြီး အဲဒီဇာတ်ကားမှာ သရုပ်ဆောင် မြင့်မြတ်က အကောင်းဆုံး ဇာတ်ပို့ဆုကို ရရှိထားတာလည်းဖြစ်ပါတယ်။

ဆရာ ညွှန့်မြန်မာညီညီအောင်က ” ကျနော်တို့ ငယ်ငယ်က ဆောင်းအိမ်မက် ဆိုတာရှိတယ်။ အဲ့ကားလည်း နိုင်ငံခြားကားပါသီတာရေစင်တို့ သီချင်းတွေဆိုလည်း ကော်ပီတွေ ရှိတယ်။ ဒါကို ဘာလို့ ဟိုက်လိုက်လုပ်ချင်တာလဲ။ ကော်ပီမကြိုက်ရင် မကြည့်နဲ့။ ကြိုက်တဲ့ သူကြည့်မယ်။

ကျနော်လည်း တော်တော်လေးဆဲခံနေရတာ ပွနေတာပါ။ ကျနော်က ကျနော်ဘာသာဖြတ်သန်းတာပါ။ ညွန့်မြန်မာညီညီအောင်ဆိုတာ ကော်ပီဘဝနဲ့ လာခဲ့တာ မဟုတ်ဘူး။ အချိန်အနေရ အချိန်အခါ အရပါ။

ကျနော်တို့မှာလည်း အခက်အခဲတွေရှိတယ်”လို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုထားကြောင်းသိရပါတယ်။

Crd:irrawaddy and KZ Media

4 Shares

Add a Comment

Your email address will not be published. Required fields are marked *