ကျေးရွာပေါင်း ၁၄ ရွာရှိ လူဦးရေ ၃၀၀ ကျော် လိမ်လည်ခံရ

တောင်ငူ ဇန်နဝါရီ ၁၈

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ဆင်ဆိပ်ကျေးရွာအပါအဝင် ကျေးရွာပေါင်း ၁၄ ရွာအတွင်းရှိ ဒေသခံ ပြည်သူများအား ဆန်တစ်အိတ်ကို ငွေ ၄ ထောင် ကျပ် အမြတ်အစွန်းပေးမည်ဟုဆိုကာ ဝယ်ယူခဲ့ပြီး ဝယ်ယူစဉ်ငွေပေးမချေပဲ ၁ ပတ် ၁၀ ရက် ဆိုင်းငံ့ပြီးမှသာ ငွေပေးချေ လေ့ရှိပြီး လူအများစိတ်ဝင်စားလာကာ အလုးံအရင်း ဆန်အိတ်နှင့်ငွေသားများ ထည့်ဝင် ရောင်းချလာသည့်အခါ ပုံမှန် ငွေပေးချေမည့် ရက်တွင် လာရောက် မပေးချေတော့ပဲ လိမ်လည်သွားခဲ့ကြောင်း ကျေးရွာ သူ ကျေးရွာသားများထံမှ ဇန်နဝါရီလ ၁၈ သိရသည်။

ဆန်အိတ်တစ်အိတ် အမြတ်ငွေ ၄ ထောင်ကျပ် ပေးတယ် ငွေသားပေးလျှင် ၂သိန်း ၂သောင်းထည့်လျှင် ၁၀ ရက်ကို ၄ သောင်းအမြတ်ငွေ ရတယ် ဒါကြောင့် ခြံပေါင် / အိမ်ပေါင် / ရှိတာလေးရောင်းချ / တစ်ချို့ ငွေတိုးတွေနှင့် ချေးပြီး ထည့်ကြတာ ခုလိုထွက်ပြေးသွားတော့ ဒီအတိုင်းပဲ နေရတယ် အလိမ်ခံရတာ လူဦးရေ ၃၀၀ ကျော်ရှိတယ် တစ်ချို့ဆို တစ်ဦးထဲ သိန်း ၁၅၀ လောက်ပါသွားတယ် ငွေသားစုစုပေါင်း ခန့်မှန်းချေ သိန်း ၇ ထောင် ကျော်ဖိုး လောက်ရှိမယ်
ခုလိုဖွင့်ပြောရတာလည်း မြန်မာနိုင်ငံအတွင်းရှိ ဒေသအသီးသီးက လူတွေ ကျွန်တော်တို့လို အလိမ်မခံရစေရန်အတွက် အများသိအောင် ပြောကြားခြင်းဖြစ်သည် ဟု ကျပ်ငွေ ၁၅ သိန်း ဖိုးအလိမ်ခံရသည့် ကိုကျော်မိုး ကပြောသည်။

ဆန်ဝယ်နေတာ ၂၀၁၈ ခုနှစ် ၉ လပိုင်းလောက်ထဲက ပထမ အစပိုင်းမှာ ရွာထဲက လူတစ်ချို့ ဆန်းရောင်းကြတယ် တစ်ချို့ငွေသွင်းကြတယ် အရင်းနှင့်အမြတ် ပေးတယ် အဲ့ဒီလိုပေးတော့ လူတွေက စိတ်ဝင်စားလာတယ် ဒီလိုနဲ့ ဒီတစ်ပတ် ၁၀ သိန်းဖိုးထည့်ရင် နောက်တစ်ပတ် သိန်း၂၀ ဖိုးထည့်ကြတယ် ဒီဇင်ဘာ နောက်ဆုးံအပတ်လောက်မှာ အရင်အမြတ်ပေးတာ နောက်ကျနေတယ် ဒါကြောင့် စုံစမ်းကြည့်တော့ မူရင်းဝယ်လက်က ထွက်ပြေးသွားလို့ ဆန်အိတ်ဖိုးငွေတွေ မရတော့ဘူးဟု ဆန်အိတ်ရောင်းချထားသော ဆင်ဆိပ်ကျေးရွာမှ ဦးဝင်းနိုင်ကပြောသည်။


အဆိုပါ ဆန်ဝယ်ယူမှုသည် ကျေးရွာအလိုက် နယ်ခံ တစ်ချို့အား တစ်ဆင့် ဝယ်ယူစေခဲ့ပြီး ဝယ်ယူပေးသော နယ်ခံများအား ဆန်တစ်အိတ်လျှင် ကော်မရှင်ခအဖြစ် ငွေကျပ် ၁ ထောင် ပေးခဲ့ကြောင်း နှင့် ဆန်ဝယ်ယူပေးသော နယ်ခံများကလည်း မိမိတို့ယခုလို အမြတ်ငွေ ၄ ထောင်ကျပ် ပေး၍ ဝယ်ယူပေးနေခြင်းသည် အာမခံ မပေးနိုင်ကြောင်း မိမိတို့ သဘောဆန္ဒရှိမှသာလျှင် ရောင်းချနိုင်ကြောင်းပြောကြားပြီး ၄င်းတို့ ကိုယ်တိုင်လည်း ဆန်ဖိုးငွေသားများ အလိမ်ခံရသည်ဟု ဒေသခံများထံမှ သိရသည်။

ယင်းဖြစ်စဉ်နှင့်ပက်သက်၍ ဆန်အိတ်များဝယ်ယူ စေခဲ့သော ဆင်ဆိပ် ကျေးရွာနေ ဒေါ်ရီမြင့်အား တောင်ငူမြို့ အမှတ် (၂) နယ်မြေ ရဲစခန်းတွင် မခင်မို့မို့ပါ (၁၇) ဦးမှ တိုင်တန်းလာသဖြင့် (ပ) ၁၅/၁၉ ရာဇသတ်ကြီး ပုဒ်မ ၄၂၀ ဖြင့် စခန်းမှူး ရဲအုပ် အောင်ကိုကို မှ အမှုဖွင့်လစ် စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

6 Shares

Add a Comment

Your email address will not be published. Required fields are marked *