ကားနှစ်စီးအရှိန်ပြင်းစွာတိုက်မိရာမှ ကိုယ်ဝန်ဆောင်မိခင်တစ်ဦး အဖွားအိုတစ်ဦး ဒဏ်ရာရရှိ ကားသမား ထွက်ပြေး။

4 Shares

မုဒုံ ဇန် ၁၉

မုဒုံမြို့နယ် ကော့ခပုံကျေးရွာတံတား အပါးချမ်းဆီဆိုင်အနီး ၁၉.၁.၂၀၁၉ ရက်နေ့ နံနက် ၆ နာရီချိန်ခန့်တွင် မုဒုံမှ မော်လမြိုင်ဘက်သို့ ကိုကျော်မင်းဝင်း ၃၅နှစ် (ခလယ်) တံခွန်တိုင်နေသူ မောင်းနှင်လာသော PROBOX ကားအား မော်လမြိုင်ဘက်မှ မုဒုံဘက်သို့မောင်းနှင်လာသော 7E/2210 စကတ်ကားမှ ယာဉ်ကြောမှားပြီးဝင်တိုက်ခဲ့ရာ ကားပေါ်ရှိ အသက် ၈၀ အရွယ်ခန့်အဖွားအိုတစ်ဦး ကိုယ်ဝန်ဆောင်မိခင်တစ်ဦး ဒဏ်ရာရရှိခဲ့၍ အမွှာညီနောင်မှ ကျောက်တလုံးအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့နှင့်ချိတ်ဆက်ကာ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပါသည်။

ထိုနောက်တိုက်မိသောကားနှစ်စီးမှ ဆက်ကပ်ကားသမားသည် ထွက်ပြေးသွားသောကြောင့် ကားများလမ်းပေါ်တွင်တင်နေကာ နာရီဝက်ခန့်ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပွားခဲ့ပါသည်။ထိုယာဉ်ကြောပိတ်ဆို့မှုအား မုဒုံမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးလွင်ဦး၏ကြီးကြပ်ကွပ်ကဲမှုဖြင့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲအုပ်အေးမင်းသန်းနှင့်အဖွဲ့ရောက်ရှိလာကာ ပိတ်ဆို့နေသောယာဉ်ကြောများအားရှင်းလင်းခြင်း၊ ကားများအား နေရာရွှေ့ခြင်းများ လုပ်ဆောင်ပေးခဲ့ကြပါသည်။
စကတ်ကားသမားသည် အခင်းဖြစ်နေရာမှ ကားထားပြီးထွက်ပြေးသွားခဲ့ပါသည်။

#အမွှာညီနောင်

4 Shares

Add a Comment

Your email address will not be published. Required fields are marked *