ဇွန်လတွင် ကျင်းပမည့် တောင်ကိုရီးယားဖိတ်ခေါ်ပြိုင်ပွဲ၌ မြန်မာယူ-၂၂ အသင်း ပါဝင်ယှဉ်ပြိုင်မည်

အကြိမ်(၃၀)မြောက်ဆီးဂိမ်း(စ်)ပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာယူ-၂၂အသင်းသည် ဇွန်လတွင် ကျင်းပမည့် တောင်ကိုရီးယား ဖိတ်ခေါ်ပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ဖိတ်ခေါ်ပြိုင်ပွဲကို တောင်ကိုရီးယားတက္ကသိုလ်က ကြီးမှူးကျင်းပခြင်း ဖြစ်ပြီး တောင်ကိုရီးယားတက္ကသိုလ်၊ ဂျပန်၊ မြန်မာနှင့် အခြားအာရှနိုင်ငံ များမှ အသင်းများဖြင့် ကျင်းပမည်ဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ် (MFF) သည် မြန်မာယူ-၂၂အသင်း ယခုနှစ်အတွင်း ယှဉ်ပြိုင်ရ မည့် နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုရရန်အတွက် ပြင်ဆင်မှုများ စွာ ပြုလုပ်မည်ဖြစ်ပြီး အာရှယူ-၂၃ခြေစစ်ပွဲပြီးဆုံးပါက ဆီးဂိမ်း(စ်)ပြိုင်ပွဲ အတွက် ပြင်ဆင်မှုများ ဆက်တိုက်ပြုလုပ်မည်ဖြစ်သည်။ “ကျွန်တော် တို့ဆီကို တောင်ကိုရီးယားတက္ကသိုလ်ကနေ ဖိတ်ခေါ်ပြိုင်ပွဲယှဉ်ပြိုင်ဖို့ ဖိတ်ကြားထားပါတယ်။ ကျွန်တော်တို့ကလည်း ဆီးဂိမ်း(စ်)ပြိုင်ပွဲအ တွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ဒီ ပြိုင်ပွဲက မြန်မာယူ-၂၂အသင်းအတွက် ပြင်ဆင်မှုတွေထဲက တစ်ခုဖြစ် လာမှာပါ” ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော်က ပြောကြားသည်။ မြန်မာယူ-၂၂အသင်းသည် ယခု နှစ်အတွင်း အဓိကနိုင်ငံတကာပြိုင်ပွဲသုံးခု ဝင်ရောက်ယှဉ်ပြိုင်ရန်ရှိပြီး တောင်ကိုရီးယားဖိတ်ခေါ်ပြိုင်ပွဲကျင်းပမည့်ကာလတွင် အာဆီယံယူ-၂၂ ချန်ပီယံရှစ်ပြိုင်ပွဲနှင့် အာရှယူ-၂၃ခြေစစ်ပွဲယှဉ်ပြိုင်ထားပြီးဖြစ်သော ကြောင့် ဆီးဂိမ်း(စ်)ပြိုင်ပွဲအတွက် ပြင်ဆင်မှုအနေဖြင့် ယှဉ်ပြိုင်ကစား မည်ဖြစ်သည်။ MFF သည် ဆီးဂိမ်း(စ်)ပြိုင်ပွဲတွင် တကျော့ပြန် အောင်မြင်မှုရယူနိုင်ရန် ကြိုးပမ်းလျက်ရှိပြီး ယခုနှစ်အတွင်း ယှဉ်ပြိုင် မည့် နိုင်ငံတကာပြိုင်ပွဲမျာအပြင် ရေရှည်အောင်မြင်မှုရရန်အတွက်ပါ ပြင်ဆင်မည်ဖြစ်ကြောင်း သိရသည်။

▪️သတင်း – Daily Eleven
▪️ဓာတ်ပုံ – မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်

7 Shares

Add a Comment

Your email address will not be published. Required fields are marked *