သင့်​ကားကို ခရီး​​ဝေးမသွားခင်စစ်ဆေးသင့်တဲ့အချက် (၁၀) ချက်

၁)fluids (oil & coolant)
ပထမဆုံးအနေနဲ့ oil နဲ့ coolantတွေရဲ့ levelsကိုစစ်ဆေးသင့်ပါတယ် ယာဉ်မောင်းတွေအနေနဲ့အဓိကစစ်ဆေးသင့်တဲ့အရာတစ်ခုဖြစ်သလို တခါတလေအမြဲလိုမစစ်ဆေးဖြစ်တဲ့အပိုင်းလည်းဖြစ်နေတတ်ပါတယ်
တကယ်လို့ oil နဲ့ coolant ပမာဏနည်းနေခဲ့မယ်ဆိုရင်လည်း ယိုစိမ့်မှုရှိမရှိစစ်ဆေးသင့်ပါတယ်
နောက်ပြီးbrake oil ကိုသေချာစစ်ဆေးသင့်ပါတယ်
Break oil အရမ်းနေမယ်ဆိုကားမောင်းတဲ့နေရာမှာစိတ်မချရနိုင်ပါဘူး


၂)lights
ဒီအရာကရိုးရှင်းပါတယ်လို့ထင်ရပေမယ့်အရေးကြီးပါတယ်တကယ်လို့သင်ဟာညဘက်တွေမြူဆိုင်းတွေနေရာတွေကိုသွားခဲ့မယ်ဆိုရင်သင့်ကားမီးတွေကောင်းကောင်းအလုပ်လုပ်မလုပ်သေချာစစ်ဆေးသင့်ပါတယ်အထူးသဖြင့်သင့်အနေနဲ့မရင်းနှီးတဲ့မြို့တစ်မြို့ကိုသွားခဲ့မယ်ဆိုရင်ပေါ့
Brake မီးကိုစစ်ဆေးဖို့လည်းမမေ့နဲ့နော်

၃)wipers

သင့်ကားပေါ်ကိုကျလာတဲ့ရေစက်တွေကသင့်အမြင်ကိုအနှောင့်အယှက်ဖြစ်စေရင်မကောင်းပါဘူး
ဒါကြောင့် ခရီးမသွားခင်မှန်ကြည်ဆေးရည်ကိုအသုံးပြုပြီး wipers တွေကောင်းကောင်းအလုပ်လုပ်မလုပ်စစ်ဆေးသင့်ပါတယ်

၎)Wheels and tyres

တာယာတွေကယာဉ်တစ်စီးမှာအရမ်းအရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုပါသင့်ကားနဲ့လမ်းကိုဆက်သွယ်ပေးတဲ့အရာဆိုလည်းမမှားပါဘူး
ပထမဆုံးအနေနဲ့တာယာပန်းတွေရှိမရှိစစ်ဆေးသင့်ပါတယ်တချို့တာယာတွေမှာတာယာပန်းအနက်တိုင်းတဲ့ညွှန်ပြမှုတွေပါလို့လဲသင့်တဲ့အနေအထားရောက်ရင်လဲကိုလဲသွားသင့်ပါတယ်
တာယာကပျက်စီးမှုရှိမရှိအသံတွေထွက်မထွက်လည်းစစ်ဆေးသင့်ပါတယ်
တာယာဖိအားကလည်းတိုင်းတာသင့်တဲ့အရေးကြီးတဲ့အရာပါတကယ်လို့များသွားမယ်ဆိုရင်တာယာအလယ်ပိုင်းကိုပါးပြီးပျက်စီးစေပါတယ်နည်းသွားမယ်ဆိုရင်တော့ဘေးတွေအဖျားနားတွေကိုပါးပြီးပျက်စီးစေပါလိမ့်မယ်

၅)Brake pads

ဘရိတ်ရှုးတွေကလည်းအဓိကစစ်ဆေးသင့်တဲ့အရာတွေထဲမှာပါပါတယ် brake padsရဲ့အတွင်းပိုင်းဟာ metal ဖြစ်ပြီးအပြင်ပိုင်းက composite ပါ
အတွင်းပိုင်းက 5mm နဲ့အထက်ထူရပါမယ်အဲ့ဒီအထူထက်နဲသွားရင်တော့အသစ်လဲသင့်ပါတယ် ထို့အပြင် Hand brake ကောင်းမကောင်းလည်းစစ်ဆေးသင့်ပါတယ်

၆)Leaks

သင့်ကားမှာဆီစိမ့်နေတာတစ်ခုခုယိုစိမ့်နေတာရှိမရှိကိုလည်းကျွမ်းကျင်တဲ့ပညာရှင်တွေနဲ့စစ်ဆေးသင့်ပါတယ်

၇)Drive belt (ခါးပတ်)

အောက်ပိုင်းစစ်ဆေးတဲ့အခါထိုင်ခုံခါးပတ်လည်းစစ်ဆေးသင့်ပါတယ်
ထိုင်ခုံခါးပါတ်ကပျက်စီးတာသို့မဟုတ် ပွင့်ထွက်ထားတယ်ဆိုရင် သင့်ကားအင်ဂျင်တစ်ခုလုံးပိတ်ပစ်လိုက်ရမှာပါ သင့်ဟာကားဘက်ထရီကိုလည်းအားသွင်းလို့ရမှာမဟုတ်သလို ကားက overheatingတွေဖြစ်လာနိုင်ပါတယ်ဘာလို့လဲဆိုတော့ ရေပိုက်တွေက ခါးပတ်တွေကနေတဆင့်သွားနေလို့ပါ
ခါးပတ်မကောင်းဘူးဆိုရင်လမ်းခရီးမှာသင်အကျပ်ရိုက်နိုင်ပါတယ်
တကယ်လို့သင်ဟာခရီးရှည်သွားဖို့ရှိတယ် ဒါမှမဟုတ် ခရီးရှည်ကြီးတွေသွားနေခဲ့ဖူးတယ်ဆိုရင်ဒီအချိန်ကအကောင်းဆုံးစစ်ဆေးသင့်တဲ့အချိန်ပါပဲ


၈)Spare wheel

သင့်ကားပေါ်မှာspare tyre, jack, spanner တွေသာအဆင့်သင့်ပါလာခဲ့ရင် တကယ်လို့သင်ဟာလမ်းခရီးမှာတာယာနဲ့ပါတ်သတ်ပြီးပြဿနာတစ်စုံဖြစ်ခဲ့ပါက စိတ်ပူစရာမလိုပဲ ကိုယ့်ဘာသာအရေးပေါ်ပြင်လို့ရမှာဖြစ်ပါတယ်

၉)Steering

သင့်ကားရဲ့စတီယာရင်ယာကိုတော့ သင်ကားမောင်းနေရင်းလမ်းမှာစစ်ဆေးလို့ရပါတယ် စတီယာရင်ကိုတည့်တည့်ထာြး့ပီးမောင်းကြည့်ပါ ဘယ်သို့မဟုတ် ညာဘက်သို့ဆွဲနေလား ဒါဆိုရင်တော့သင်ကား ဘီးalignments သွားချိန်ကြည့်သင့်နေပါပြီ

၁၀)brakes and Cluch

Brake pads တွေကိုစစ်ပြီးပြီဆိုရင် သင်ဟာကားကိုအစမ်းမောင်းပြီး brake ကိုစစ်ဆေးသင့်ပါတယ်brake နင်းထားတာတောင်ကားကသေချာမရပ်ဘူးဆိုရင်တော့ ဘရိတ်ထိန်းချုပ်မှုအောက်မှာမရှိတဲ့ကားကိုစီးဖို့မလုံခြုံနိင်ပါဘူးအဲ့ဒါကြောင့် brakes တွေ cluchတွေကိုပါသေချာပြန်စစ်ဆေးသင့်ပါသည်

မူရင်း​ရေးသူ အား ​လေးစားလျက်

9 Shares

Add a Comment

Your email address will not be published. Required fields are marked *