ငရဲနံ့သင်း​နေ​သောအလှူ

ဘုရားမကြိုက်တဲ့
လူမိုက်အလှူ

ရွာစားဆိုင်းသမားသိန်း၂၀ထား

မင်းသမီးအဆိုတော်၅သိန်းနော်

ဆောင်းဘောက်ငါးလုံး
လေးသိန်းသုံး

တဒုန်းဒုန်းနဲ့အပြတ်သာဆော်
ရင်ဘတ်ဖိထား နှလုံးသမားတို့

ဆင်၃ကောင်ကသိန်း၃၀
သူများအလှူထက်သာရမယ်
မြင်း ဆယ်ကောင်းငှား
ငါးသိန်း သွား

ဝက်၎ကောင်သတ်
၆သိန်းမှတ်

ကြက်ဘဲအရှင် ၁၀သိန်းဝင်

ဘာသာခြားများ
ဆိတ်နဲ့နွား
အရှင်ဝယ်ထား
ကြိုးခြည်ထား

အရက်ဖိုးကသိန်း၂၀
ပါကင်အလိုက်ချပေးမယ်

လာသမျှသောက်စား
ဧည့်ခံထား မူးရူးကခုန်အကြိုက်စား

ရွာပေါင်းစုံကအရက်သမားတွေ
သောက်လိုက်ကျတာ
ကြွက်တွင်းရေ

အဝတ်အစားကအကောင်းဆုံး
ချူပ်ခ တသိန်းကျော်သုံး

ကွမ်းတောင်ကိုင်အပျိုတအုပ်
တယောက်တစုံချူပ်

ဒေါင့်ဘိနပ် နှစ်သောင်းကျော်
စီးတယ်နော်

်ဆံပင် မိတ်ကပ်
၃သိန်းမှတ်

ွ္ဓိဗွီဒီယိုရိုက်
၈သောင်းလိုက်


ဘုန်းကြီးပင့်မလား
ဘယ်နှစ်ပါး

၅ပါးပင့်ခဲ့တော်ပြီဟဲ့

တပါး၅၀၀၀ိတော်ပြီမောင်

အကုန်အကျတွေများ
ချွေတာထား

စီစစ်ပါမှတော်ကာကျ

ကူငွေရေးမှတ် ငါ့စရင်းအပ်
တချို့ငွေထည့်
၁၀၀၀တဲ့
မရှက်ဘူးလား
သုံးပန်းကန် စား
သောက်လိုက်တာအသေအလဲ
မူးလို့လူနှစ်ယောက်တွဲ

ဟို မိန်းမက၅၀၀ိထည့်
မလွန်ဘူးလား ဟဲ့

ဟိုကောင်မကရွှေတွေများ
အတုတွေဘဲလား

ဟိုမိန်းမကအဝါရောင်ဝတ်
အသားမည်းညစ်
ကုလားမ ဖြစ်

ဟို မိန်းမကမတန်မရာ
အကောင်းတွေဝတ်ထားတာ
လူကိုကြည့်တော့မွဲစုတ်ချာ

ဟိုလူကတော့သူဌေး ဟဲ့
အကူငွေထည့်၂၀၀၀တဲ့

သူ့အလှူတုန်းက၅၀၀၀ိကူ
ကပ်စည်းနည်းတဲ့လူ

တနေ့ တွေ့မယ်
ဒင်းမှတ်ထား
ငါ့အကြောင်းမသိဘူးလား
လူကြားထဲမှာပြောမယ် တအား

အကုသိုလ်များ
မနာလို တွေထား
မစ္ဆရိယတွေပွား

တို့ရွာရှင်ပြုအလှူတော်
သိန်းရာကျော်ကုန်သတဲ့

ပြန်ရတာကသိန်း၆၀
ခွက်ခွက်လန်ရှူံးပါတယ်

အလှူရှင်မှာစိတ်တွေညစ်
ရန်တွေစုဖြစ် စုပြီးဖြစ် မူးမူးပြီးရစ် မူးပြီးရစ်

သိန်းလေးဆယ်ကအကြွေးတင်
သက်ပြင်းတွေချ
ရင်တမမ
ညည အိပ်မရ
ရောဂါ ထ

စိတ်မော လူမော
အကုန်လုံးမော
အားလုံးကာမဇော

ဇွန်းပျောက် ပုဂံပျောက်
ဟင်းအိုးပျောက်
ဖုန်းပျောက်
ဖျာပျောက်
ငွေပျောက်
ရွှေပါပျောက်

အိတ်ထဲစိုက်ပြီး
အကုန်လျော်
ရှိသမျှလေးကုန်ပြီနော်

ညောင်ပင်လောက်လှူညောင်စေ့မျှမရ
ဘုရားမကြိုက်တဲ့အလှူပါဗျ

ကျောက်ဖျာထက်မှာစပါးကြဲ
ဘယ်လိုအပင်ပေါက်ပါ့မလည်း

ႀကားႀကားသမ်ွေဝေနယ်
ဘယ်လိုသာဓုခေါ်နိုင်ပါ့

ကြားကြားသမျှ နတ်ဗြဟ္မာ
ဘယ်လို အမျှဝေရပါ

ကုသိုလ်ပြုရာ ငရဲရှာလူ့ရွာအလှူတမျိုး

ကုသိုလ်ပြုရာဂုဏ်လာဘ်ရှာ
လူ့ရွာအလှူတမျိုး

ကုသိုလ်ပြုရာဝဋ်အက်ျိုးရှာ
လူ့ရွာအလှူတမျိုး

ကုသိုလ်နည်းနည်း
ငရဲများများ

ကုသိုလ်တပဲငရဲတပိဿာ

ကုသိုလ်နည်းနည်း အကုသိုလ်များများ

ပကာသနမက်တော့
သုံညဖက်တယ်

လှူမတတ်ကအပါယ်ကျ
သုံးလူ့ရှင်စော
ဘုရားဟော

ကုသိုလ်ရအောင်
စိတ်ဆင်ခြင်
ဥာဏ်ပညာနဲ့ယှဉ်

ရာဟုလာ သက္ကင်္န်းစည်း
ဗုဒ္ဓအလိုကျ ရှင်ပြုနည်း

13 Shares

Add a Comment

Your email address will not be published. Required fields are marked *