ဗီဒီယိုလောက ပျက်စီးသွားတာ ဘယ်သူ့ အပြစ်လဲဆိုတဲ့ နေထူးနိုင်

82 Shares

ပြောချင်လွန်းလို့ ပရိသတ်ကြီးရေ ကွီးနေထူးနိုင်က လာမယ့် ၁၅ ရက်နေ့မှာ “ဘယ်သူ့အပြစ်လဲ” ဆိုတဲ့ ဗီဒီယို ဇာတ်ကားဖြန့်ပါ့မယ်။ ဒီဇာတ်ကား အကြောင်းကို ကွီးကခုလိုပြောပြပါတယ်။

“ ကျွန်တော်တို့ဗီဒီယိုလောကကြီး ဘာ့ကြောင့် ပျက်စီးသွားရလဲ ၊ ဘယ်သူ့ကြောင့် ပျက်စီးသွားရလဲ ၊ အစိုးရကြောင့်လည်း မဟုတ်ဘူး ။ ဘယ်သူ့ကြောင့် မှလည်း မဟုတ်ဘူး၊ အဖွဲ့အစည်းကြောင့်လည်း မဟုတ်ဘူး။ ဘယ်သူ့အပြစ်လဲဆိုတာကို သိဖို့ အတွက် ကျွန်တော် “

ဘယ်သူ့အပြစ်လဲ” ဆိုတဲ့ ဗီဒီယို ဇာတ်ကားလေးကို ဖြန့်ပါမယ်။” လို့ဆိုပါတယ်။

ဘယ်သူ့အပြစ်လို့ထင်လည်း မေးတော့ နေထူးနိုင်က ခုလိုဖြေသွားပါတယ်။

“ ကျွန်တော့်မှာလည်း အပြစ်ရှိတယ်။ အားလုံးမှာလည်း အပြစ်ရှိတယ်။ အဲ့တော့ ဘယ်သူ့အပြစ်လဲလို့ ပြောနေမယ့် အစား ကိုယ်ကိုယ်တိုင်က ဘယ်နေရာက စပြုပြင်ကြည့်ရင် ကောင်းမလဲဆိုတာကို စပြီးတော့ ပြင်ဆင်သင့်တယ်ထင်ပါတယ်။ အဲ့ဇာတ်ကားလေးကို လူတစ်ဦးတစ်ယောက် အဖွဲ့အစည်းတစ်ခု ကိုရည်ညွှန်းပြီးရိုက်ခဲ့တာ မဟုတ်ဘူး။ ဘယ်သူ့အပြစ်လည်းဆိုတာ အဲ့ဇာတ်ကားလေးကို ကြည့်လိုက်ရင် အဖြေပေါ်ပါလိမ့်မယ်။” လို့ပြောပါတယ်။

ကိုယ့်အပြစ်လည်းပါတယ်ဆိုတော့ ကွီးနေထူးနိုင်ရဲ့ အပြစ်က ဘာဖြစ်မလဲ။

“ကိုယ်အပြစ်ဆိုတာက ကိုယ်တို့တွေ ရတဲ့ဟာလေးနဲ့ ဇာတ်ကားတစ်ကားကို ဖန်တီးနေကြရတာလေ။ အဲ့ အတွက် တစ်ခါတစ်လေကျတော့လည်း စားဝတ်နေရေး အတွက်ပါတယ်။ အဲ့အတွက်ကိုယ်တို့မှာ အပြစ်ရှိသလို ခံစားရတယ်။ ဒီ့ထက်ကောင်းတဲ့ ကားတွေ ရိုက်ပြချင်တယ်။ ဒီ့ထက်ကောင်းတဲ့ ပရိသတ်ကြိုက်တဲ့ ဇာတ်ကားတွေ ၊ ပရိသတ်အားမလို အားမရဖြစ်နေတဲ့ ရိုက်ချက်မျိုးတွေ ရိုက်ပြချင်ပါတယ်။ဒါပေမဲ့ ကိုယ်တို့မှာလည်း အခက်အခဲတွေ အများကြီးရှိတယ်။ အဲ့ အတွက်ကိုယ်တို့မှာ အပြစ်ရှိသလို ခံစားရတယ်။” လို့ဆိုပါတယ်။

ကွီးနေထူးနိုင်က သူ့အပေါ် ဝေဖန်လာသူတွေကိုလည်း –

“ ဒါကတော့ အကြိုက်ချင်းက ဘယ်တော့မှတူမှာ မဟုတ်ဘူး။ကြိုက်တဲ့လူရှိမယ် ၊မကြိုက်တဲ့ လူရှိမယ်။ ကောင်းတာဝေဖန်တဲ့သူရှိမယ် ၊ မကောင်းတာဝေဖန်မယ့်သူရှိမယ်။ ဘယ်လိုပဲပြောပြော အဓိကကတော့ ကိုယ့်အလုပ်ကိုယ်ကောင်းအောင် လုပ်နေရမှာပါ။” လို့ ပြောသွားပါတယ်။

Crd:bahuthuta

82 Shares

Add a Comment

Your email address will not be published. Required fields are marked *