မန္တ​လေးမြို့တွင်​ လမ်း​ဖောက်​ဖို့အတွက်​ ဘုန်းကြီး​ကျောင်းများမှ ကြည်​ဖြူစွာ ဖျက်​​ပေး….

မန္တ​လေးမြို့၊ ၅၇လမ်း၊ ၃၀×၃၁လမ်းကြား နိုင်လွန်ခင်းတာ အရင်က ၃၁လမ်းထိပ်မှာ ဘုန်းကြီးကျောင်းငယ် ၃ကျောင်း၊ လူနေအိမ်၁အိမ်ရှိပါတယ်။ လမ်းမြေကို အသုံးပြုထားတာပါ။ ၃၅လမ်းဘက် ထွက်နိုင်ဖို့ ဒီနားလေးဘဲပိတ်နေတော့ ဖယ်ရှားနိုင်ဖို့ ကန်ကောက်ရပ်ကျေးဥက္ကဌဆရာတော်နဲ့တိုင်ပင်ပြီး လျှောက်ထားတော့ ၃ကျောင်းလုံးက ဆရာတော်များက ကြည်ကြည်ဖြူဖြူ ဖျက်ပေးခဲ့ကြပါတယ်။


ရေတွင်းတစ်တွင်းကျန်ခဲ့ပြီး လမ်းအလယ်ရောက်နေတော့ ရေတွင်းဖျက်ရမှာမို့ ဗုဒ္ဓဘာသာ ထုံးစံအတိုင်း ဆရာတော် ငါးပါး ပင့်ပြီး အန္တရာယ်ကင်းပရိတ်ရွတ်ပြီး အမျှတန်းပေးဝေတာကို ဒီနေ့ ညနေ ၅နာရီမှာ ပြုလုပ်ခဲ့ပါတယ်။ ကော်မတီဝင် ဒေါ်မြင့်မြင့်သန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး(စည်ပင်) ၊လမ်းတံတားအင်/ယာများ၊ ရပ်ကွက်နေပြည်သူများတက်ရောက်ခဲ့ပါတယ်။

မကြာခင် ၅၈လမ်း လည်း ဘုန်းကြီးကျောင်းများနှင့် အဆင်ပြေပြီးဖြစ်သဖြင့် လမ်းဖောက်ပါတော့မယ်။ အုတ်တံတိုင်း၊မုဒ်ဦး အလှူရှင်များလည်း လှူဒါန်းနိုင်ဖို့ ဖိတ်ခေါ်ပါတယ်။

credit: Kyaw Zay Ya (ကော်မတီဝင် – မန်းစည်ပင်)

10 Shares

Add a Comment

Your email address will not be published. Required fields are marked *