အရက်​​ခေါ်တိုက်သည်ကို ငြင်းဆန်သဖြင့် ဓားဖြင့်ထိုး

အဆိုပါရွာနေ ကိုဟိန်းအောင်ညို (၂၂ နှစ်ခန့်) သည် ယင်းနေ့ကအသိမိတ်ဆွေတစ်ဦး၏ နေအိမ်သို့ရောက်ရှိနေစဉ် တစ်ရွာတည်းနေ ကိုသန့်ဇင်ဦး (၃၃ နှစ်ခန့်) ရောက်လာပြီး အရက်တိုက်မည်ဟုပြောကာ အရက်ဆိုင်သို့ခေါ်ခဲ့သည်။

ကိုဟိန်းအောင်ညိုက ငြင်းပြီး ရွာထဲရှိဈေးဆိုင်သို့ ဈေးဝယ်သွားပြန်လာစဉ် ကိုသန့်ဇင်ဦးက ဓားဖြင့်ထိုးခဲ့ကြောင်း၊

ကိုဟိန်းအောင်ညို၏ ဇနီး မသဲယုနိုင်က တရားလိုလုပ်တိုင်ကြားသဖြင့် ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားကြောင်း အဆိုပါရဲစခန်းထံမှသိရှိရသည်။

(ယခုဖော်ပြပါသတင်းကို The Voice Daily ၏ တရားဝင်ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြပါသည် )

အရက်ခေါ်တိုက်သည်ကို ငြင်းဆန်သဖြင့် ဓားဖြင့်ထိုးသတ်ခဲ့မှု ဇန်နဝါရီ ၁၆ ရက်က နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့ ဦးကျေးရပ်ရွာတွင်ဖြစ်ပွားခဲ့ကြောင်း ပျဉ်းမနားမြို့မှရဲစခန်းထံမှသိရှိရသည်။

အဆိုပါရွာနေ ကိုဟိန်းအောင်ညို (၂၂ နှစ်ခန့်) သည် ယင်းနေ့ကအသိမိတ်ဆွေတစ်ဦး၏ နေအိမ်သို့ရောက်ရှိနေစဉ် တစ်ရွာတည်းနေ ကိုသန့်ဇင်ဦး (၃၃ နှစ်ခန့်) ရောက်လာပြီး အရက်တိုက်မည်ဟုပြောကာ အရက်ဆိုင်သို့ခေါ်ခဲ့သည်။

ကိုဟိန်းအောင်ညိုက ငြင်းပြီး ရွာထဲရှိဈေးဆိုင်သို့ ဈေးဝယ်သွားပြန်လာစဉ် ကိုသန့်ဇင်ဦးက ဓားဖြင့်ထိုးခဲ့ကြောင်း၊

ကိုဟိန်းအောင်ညို၏ ဇနီး မသဲယုနိုင်က တရားလိုလုပ်တိုင်ကြားသဖြင့် ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားကြောင်း အဆိုပါရဲစခန်းထံမှသိရှိရသည်။

(ယခုဖော်ပြပါသတင်းကို The Voice Daily ၏ တရားဝင်ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြပါသည် )

10 Shares

Add a Comment

Your email address will not be published. Required fields are marked *