ထိုင်းနိုင်ငံ အယုဒ္ဓယ တွင် မြန်မာအပါအ၀င် နိုင်ငံခြားသားအလုပ်သမား ၁၈၉ ဦးဖမ်းဆီးခံရ

99 Shares

Jauary 19 ,2019
ဇန်န၀ါရီလ ၁၈ ရက်နေ့ နံနက်ပိုင်းကစပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နဲ့  မိုင် ၅၀ ကွာဝေးတဲ့ ရှေးဟောင်းမြို့ တော် အယုဒ္ဓယမြို့ နယ် အတွင်းမှာ တရားမ၀င် နိုင်ငံခြားသားတွေ ကို နယ်မြေခံ ရဲ တပ်ဖွဲ့  လ၀က နဲ့  အလုပ်အကိုင်နေရာချထားရေး
အလုပ်သမားအဖွဲ့  တာဝန်ရှိသူတွေ သုံးဖွဲ့ ပေါင်းပြီး အလုပ်သမားတွေအများဆုံးနေထိုင်ရာ နေရာတွေကို အဓိကထား စစ်ဆေးဖမ်းဆီး
ခဲ့တာဖြစ်ပါတယ်။


ဆောက်လုပ်ရေး လုပ်ငန်း စားသောက်ဆိုင်နဲ့  ဈေးဆိုင်တွေကို ၀င်ရောက်ရှာဖွေခဲ့ကြပြီး တရာ မ၀င် ဥပဒေနဲ့  မညီတဲ့
နိုင်ငံခြားသားအလုပ် သမားတွေကို စစ်ဆေးဖမ်းဆီးပြီးနေရာအသီးသီးကဖမ်းဆီးလာတဲ့ နိုင်ငံခြားသားအလုပ်သမားတွေကို အယုဒ္ဓယမြို့  ရဲတပ်ဖွဲ့  ၀င်းထဲကို အားလုံးစုရုံးခေါ်လာခဲ့ကြပါတယ်။
ယခုလို ဖမ်းဆီးမှုဟာ အယုဒ္ဓယမြို့ နယ်အတွင်းမှာပထမဆုံး အကြည်အရေအတွက် အများဆုံး ဖမ်းဆီးလိုက်တာလည်းဖြစ်ပါတယ်။

ဒုရဲမှူး ခလောင်စုန်ကျန် ဦးဆောင်ပြီး သတင်းစာရှင်းလင်းပွဲပြု
လုပ်ခဲ့ပါတယ်၊ ရဲမှူးက အယုဒ္ဓယမြို့ နယ်ဟာ စက်ရုံအလုပ်ရုံများပြားပြီး နိုင်ငံခြားသား အလုပ်သမားတွေ အများဆုံးလာရောက်လုပ်ကိုင်
နေကြပါတယ် ၊ နိုင်ငံခြားသားအလုပ်သမားတွေမှာ မူးယစ်ဆေးဝါး လူကုန်ကူး မှုတွေနဲ့ ပါတ်သက်နေသူတွေ ဥပဒေနဲ့  မညီနေထိုင်နေကြတဲ့ အလုပ်သမားတွေကို ထိုင်းတည်ဆဲ ဥပဒေ နဲ့ အညီအရေးယူမှာဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံတွေဆီ
ပြန်ပို့ မှာဖြစ်ကြောင်း ပြောသွားပါတယ်။

ယခုဖမ်းဆီးလိုက်တဲ့ နိုင်ငံခြားသား အလုပ်သမား ၁၈၉ ဦးမှာ မြန်မာ-လာအို ကမ္ဘောဒီယား မှလာ
ရောက်လုပ် ကိုင်နေသူတွေဖြစ်ကြောင်းပြောသွားပါတယ်။

SAW

99 Shares

Add a Comment

Your email address will not be published. Required fields are marked *