KNUအဖဲြ႔ မွ တပ္​ယာဥ္​တန္​းအား​ ​ေခ်ာင္​း​ေျမာင္​းပစ္​ခက္​

ဇန္နဝါရီ ၁၈

ကရင္ျပည္နယ္၊ ဖာပြန္ခ႐ိုင္၊ ဖာပြန္ၿမိဳ႕နယ္၊ ေဘာ္စဲခိုေက်းရြာႏွင့္ ပတ္ဝန္းက်င္ေဒသ ဖြံ႕ၿဖိဳးတုိးတက္ေရး၊ လမ္းပန္း ဆက္သြယ္မႈ ေကာင္းမြန္ေစေရးတို႔ အတြက္ ေဘာ္စဲခို- လြယ္မူပေလာလမ္း၊ ေဘာ္စဲခို- ယြန္းစလင္းလမ္းတို႔ကို တပ္မေတာ္က ႏွစ္စဥ္ျပဳျပင္ ေဖာက္လုပ္ေပးလ်က္ ရွိ သည္။ အဆုိပါ လမ္းေဖာက္လုပ္ျခင္းႏွင့္ အုပ္ခ်ဳပ္မႈ ကိစၥမ်ား ေဆာင္ရြက္မည္ျဖစ္ေၾကာင္းကိုလည္းKNU အဖြဲ႕သို႔ အေၾကာင္းၾကားၿပီးျဖစ္သည္။

သို႔ေသာ္ ဇန္နဝါရီ ၁၇ ရက္ ေန႔လယ္ပိုင္းတြင္ ေဘာ္စဲခို- လြယ္မူပေလာလမ္း ျပဳျပင္ ေဖာက္လုပ္လ်က္ရွိေသာ ေျမထုိးစက္အား လံုၿခံဳေရးေဆာင္ရြက္ေပးလ်က္ရွိသည့္ တပ္ဖြဲ႕ ဝင္မ်ားကို KNU အဖြဲ႕မွ အင္အားေလးဦးခန္႔ က လာေရာက္ ေႏွာင့္ယွက္ ပစ္ခတ္ခဲ့သည္။


အလားတူ ယေန႔ နံနက္ပိုင္းတြင္ ရိကၡာမ်ား တင္ေဆာင္ထားေသာ တပ္မေတာ္ ေမာ္ေတာ္ယာဥ္မ်ားသည္ ေဘာ္စဲခို ေက်းရြာမွ ထြက္ခြာလာခဲ့ရာ ေဘာ္စဲခိုေက်းရြာ၏ အေရွ႕ဘက္ ၃ မုိင္ခန္႔အ ကြာအေရာက္တြင္ KNU အဖြဲ႕က ေထာင္ ထားေသာ ကားမုိင္း တစ္လံုးအား နင္းမိေပါက္ကြဲခဲ့ၿပီး တစ္ၿပိဳင္နက္ KNU အဖြဲ႕မွ အင္အား ၂ဝ ဦးခန္႔က လက္နက္ႀကီး/ လက္နက္ငယ္မ်ားျဖင့္ ေႏွာင့္ယွက္ပစ္ခတ္ခဲ့သည္။ အဆုိပါျဖစ္စဥ္တြင္ မိမိဘက္မွ စစ္သည္တစ္ဦး က်ဆံုးခဲ့ၿပီး ေမာ္ေတာ္ယာဥ္တစ္စီး ပ်က္စီးဆံုး႐ံႈးခဲ့သည္။

KNU အဖြဲ႕အေနျဖင့္ ေဒသဖြံ႕ၿဖိဳးေရးႏွင့္ လမ္းပန္းဆက္သြယ္မႈ ေကာင္းမြန္ေရး ေဆာင္ရြက္ေနမႈ လုပ္ငန္းမ်ားကို ေႏွာင့္ယွက္ ပစ္ခတ္မႈမ်ား ေဆာင္ရြက္လာသည့္ အတြက္ ထပ္မံမျပဳလုပ္ေစေရး သက္ဆုိင္ရာမွ တစ္ဆင့္ သတိေပး ကန္႔ကြက္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ဖာပွန်မြို့နယ်၊ ဘော်စဲခို ကျေးရွာအနီး တပ်မတော် ယာဉ်တန်းအား နှောင့်ယှက်ပစ်ခတ်

နေပြည်တော် ဇန်နဝါရီ ၁၈

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ်၊ ဘော်စဲခိုကျေးရွာနှင့် ပတ်ဝန်းကျင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းပန်း ဆက်သွယ်မှု ကောင်းမွန်စေရေးတို့ အတွက် ဘော်စဲခို- လွယ်မူပလောလမ်း၊ ဘော်စဲခို- ယွန်းစလင်းလမ်းတို့ကို တပ်မတော်က နှစ်စဉ်ပြုပြင် ဖောက်လုပ်ပေးလျက် ရှိ သည်။ အဆိုပါ လမ်းဖောက်လုပ်ခြင်းနှင့် အုပ်ချုပ်မှု ကိစ္စများ ဆောင်ရွက်မည်ဖြစ်ကြောင်းကိုလည်းKNU အဖွဲ့သို့ အကြောင်းကြားပြီးဖြစ်သည်။

သို့သော် ဇန်နဝါရီ ၁၇ ရက် နေ့လယ်ပိုင်းတွင် ဘော်စဲခို- လွယ်မူပလောလမ်း ပြုပြင် ဖောက်လုပ်လျက်ရှိသော မြေထိုးစက်အား လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိသည့် တပ်ဖွဲ့ ဝင်များကို KNU အဖွဲ့မှ အင်အားလေးဦးခန့် က လာရောက် နှောင့်ယှက် ပစ်ခတ်ခဲ့သည်။

အလားတူ ယနေ့ နံနက်ပိုင်းတွင် ရိက္ခာများ တင်ဆောင်ထားသော တပ်မတော် မော်တော်ယာဉ်များသည် ဘော်စဲခို ကျေးရွာမှ ထွက်ခွာလာခဲ့ရာ ဘော်စဲခိုကျေးရွာ၏ အရှေ့ဘက် ၃ မိုင်ခန့်အ ကွာအရောက်တွင် KNU အဖွဲ့က ထောင် ထားသော ကားမိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့ပြီး တစ်ပြိုင်နက် KNU အဖွဲ့မှ အင်အား ၂ဝ ဦးခန့်က လက်နက်ကြီး/ လက်နက်ငယ်များဖြင့် နှောင့်ယှက်ပစ်ခတ်ခဲ့သည်။ အဆိုပါဖြစ်စဉ်တွင် မိမိဘက်မှ စစ်သည်တစ်ဦး ကျဆုံးခဲ့ပြီး မော်တော်ယာဉ်တစ်စီး ပျက်စီးဆုံးရှုံးခဲ့သည်။

KNU အဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးရေးနှင့် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေး ဆောင်ရွက်နေမှု လုပ်ငန်းများကို နှောင့်ယှက် ပစ်ခတ်မှုများ ဆောင်ရွက်လာသည့် အတွက် ထပ်မံမပြုလုပ်စေရေး သက်ဆိုင်ရာမှ တစ်ဆင့် သတိပေး ကန့်ကွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
http://cincds.gov.mm/node/1517

47 Shares

Add a Comment

Your email address will not be published. Required fields are marked *