ANDROID GO ဖုန်းပါထုတ်လာတော့မယ့် REDMI

Xiaomi ရဲ့ sub-brand အဖြစ်ခွဲထွက်လာခဲ့တဲ့ Redmi ဟာမိုဘိုင်ဖုန်း ဈေးကွက်ရဲ့ နေရာအများစုကို ဝင်ရောက်ဖို့ ကြိုးစားလျက်ရှိနေပါတယ်။ အခုလည်း Redmi Go ဖုန်းကို ထုတ်ဖို့ လုပ်နေပြန်ပါပြီ။ Redmi Note 7 နဲ့ Redmi Note 7 Pro ဖုန်းတွေကို ထုတ်လုပ်ပြီးနောက်မှာတော့ Redmi Go ဖုန်းထပ်လာတော့မှာပါ။ Redmi Go ဖုန်းအတွက် FCC, EEC, SIRIM Malaysia တို့ကနေအသိအမှတ်ပြုမှုတွေ ရယူထားပြီ ဖြစ်ပါတယ်။

 

 

မျက်နှာပြင် 5.9-inch display နဲ့ဖြစ်ပြီး Android 9 Pie Go Edition စနစ်သုံးနိုင်မှာပါ။ ultra-low-end Android ဖုန်းအဖြစ် ထွက်လာမှာဖြစ်တာကြောင့် 1GB RAM သာသုံးလာမှာပါ။ ဒီဖုန်းဟာ အိန္ဒိယဈေးကွက်အတွက် ရည်ရွယ်ထုတ်လုပ်လာမယ့် ဖုန်းလည်း ဖြစ်ပါတယ်။ ပရိုဆက်ဆာပိုင်းနဲ့ ပတ်သတ်ပြီးတော့ မသိရသေးပါဘူး။

Redmi Note 7 နဲ့ Redmi Note 7 Pro ဖုန်းတွေကို အိန္ဒိယမှာ ၂၀၁၉ ပထမလေးလပတ်အတွင်း ရောင်းချလာပါလိမ့်မယ်။
ဒီဖုန်း ၂လုံးမှာ အစိတ်အပိုင်း အများစုတူညီပြီး Sony IMX586 48MP နဲ့ Samsung 48MP sensor ဆိုပြီး ကွဲပြားသွားတာပါ။ Redmi Note 7 ဖုန်းကတော့ လက်ရှိအချိန်မှာ လူကြိုက်အများဆုံး စောင့်ကြည့်ခံရတဲ့ ဖုန်းအဖြစ် ရှိနေပါတယ်။ ကင်မရာ၊ ဒီဇိုင်းအကြမ်းခံမှုတွေနဲ့အတူ Mi ပရိသတ်တွေကို ဆွဲဆောင်ထား ပါတယ်။

143 Shares

Add a Comment

Your email address will not be published. Required fields are marked *