လေယာဉ်​ပျံ​တွေမှာပါတဲ့ Black Box အကြောင်း သိမှတ်​ဖွယ်

Black Box လို့​ခေါ်တဲ့ ​လေယာဉ်​ပျံသန်းမှု့တိုင်းတာ​ရေး ကိရိယာ က ​လေယာဉ်​တိုင်းအတွက်​ မပါမဖြစ်​ အသုံးဝင်​​သော ကိရိယာဖြစ်​ပါတယ်​ ။ Black Box လို့အလွယ်​တကူ​ခေါ်ကြ​ပေမယ့်​ သူ့ရဲ့အ​ရောင်​က​ လိ​မ္မော်​​ရောင်​ ဖြစ်​ပါတယ်​ ။ Black Box ကို ​လေယာဉ်​ရဲ့ အမြီးဖျားမှာ ထားရှိပါတယ်​။ Black Box မှာ ပစ္စည်းအစိတ်အပိုင်း ၂ ခုပါဝင်ပါတယ် ။CVR နဲ့ ​FDR တို့ပဲဖြစ်​ပါတယ်​။

 

 

CVR
Cockpit Voice Recorder ကို အတို​ကောက်​​ခေါ်တာပါ ။ CVR ရဲ့ လုပ်​​ဆောင်​ချက်​​တွေက
Pilot ​တွေရဲ့ ​ပြောကြားချက်​ကိုမှတ်​တမ်းတင်ခြင်း
ရေဒီယိုလှိုင်းများ​ပေးပို့ခြင်း
အချက်​ပြ alarm များမှတ်​သားခြင်း
ထိန်းချုပ်​လှုပ်​ရှားမှု့များမှတ်​သားခြင်း
ခလုတ်​ဖွင့်​ပိတ်​များ မှတ်​သားခြင်း
အင်​ဂျင်​ဆူညံမှု့
လေဖိအားလမ်း​ကြောင်း မှတ်​သားခြင်း
များပြုလုပ်​​​ပေးပါတယ်​။

FDR
Flight Data Recorder ပါ။ FDR ရဲ့ စွမ်း​ဆောင်​နိုင်​စွမ်းက ၅ မျိုးရှိပါတယ်​။
အမြင့်​​ပေမှတ်​သားခြင်း
လေယာဉ်​အရှိန်​ မှတ်​သားခြင်း
သံလိုက်​စွမ်းအားမှတ်​သားခြင်း
ပုံမှန်​ပျံသန်းမှု့အရှိန်​မှတ်​သာခြင်း
Microphones Key တို့ပဲဖြစ်​ပါတယ်​။

ယခင်​​ခေတ်​ CVR နှင့်​ FDR များက မိနစ်​ ၃၀ ခန့်​သာမှတ်​သား​ဆောင်​ရွက်​နိုင်​​ပေမယ့်​ လက်​ရှိ​ခေတ်​သုံး CVR နှင့်​ FDR များက ၂ နာရီကြာ​အောင်​မှတ်​သား​ဆောင်​ရွက်​​ပေးပါတယ်​။Black Box လို့​ခေါ်တဲ့ CVR နှင့်​ FDR တခုချင်းစီရဲ့ ​အ​လေးချိန်​က ၁၀ ​ပေါင်​ခန့်​သာရှိပြီး ရာသီဥတုဒဏ်​ ထိခိုက်​ပျက်​စီးမှု့ဒဏ်​များ ခံ​နိုင်​​အောင်​ ပြုလုပ်​ထားပါတယ်​။ အပူချိန်​ 1800° F ထိ ​လောင်​ကျွမ်းမှု့ခံနိုင်​​အောင်​ပြုလုပ်​ထားပါတယ်​။ ပင်​လယ်​​ရေမျက်​နှာ​အောက်​ နှစ်​​ပေါင်းများစွာ ကြာ​ပေမယ့်​ ပျက်​စီးခြင်းမရှိပါဘူး ။Black Box မှာ တလခံ​ဘတ္တရီ ပါရှိပြီး တစက္ကန့်​လျှင်​ တကြိမ်​ကျ ​ရေဒီယိုလှိုင်းများ ထုတ်​လွှင့်​​ပေးတာ​ကြောင့်​ Black Box တည်​ရှိရာ​နေရာ ( ​လေယာဉ်​ပျက်​ကျရာ ​နေရာ ) ကို အလွယ်​တကူရှာ​ဖွေ​တွေ့ရှိနိုင်​ပါတယ်​။ Black Box ကို ​လေယာဉ်​အမြီးဖျားမှာ ထားရှိပါတယ်​။

#crd မူရင်း​ရေးသူ အား ​လေးစားလျက်

11 Shares

Add a Comment

Your email address will not be published. Required fields are marked *