ဘာ…အလုပ်ရှာမလို့ ဟုတ်လား…?????????

မင်းဘွဲ့ရပြီးပြီလား?
ENG 4skillကျွမ်းကျင်လား?
ကွန်ပြူတာကျွမ်းကျွမ်းကျင်ကျင်သုံးတတ်လား?
လုပ်သက်၃နှစ်ရောရှိရဲ့လား?
လိုအပ်ရင်နယ်သွားနိုင်မလား?
ကျန်းမာရေးရောကောင်းရဲ့လား?

ဆက်ဆံရေးကောင်းမွန်ရမည်ဆိုတာ
မင်းမှန်လဲခေါင်းငုံ့ခံနိုင်ရမယ်လို့
ဆိုလိုတာ။

အတွေ့အကြုံရှိရမည်ဆိုတာ
ကုမ္ပဏီကအတွေ့အကြုံမရှိလို့
မင်းပခုံးပေါ်ပဲအကုန်ပစ်တင်ပေးမှာ။

အိမ်ထောင်မရှိသူဖြစ်ရမည်ဆိုတာ
လိုအပ်ရင်ညဥ့်နက်အောင်ခိုင်းဖို့။

ကျောင်း/သင်တန်းကိစ္စကင်းရှင်းရမည်ဆိုတာ
မင်းဘဝတိုးတက်ဖို့ထက်
သူတို့အလုပ်လည်ပါတ်ဖို့။


မိသားစုစိတ်ဓါတ်ရှိရမည်ဆိုတာ
လိုအပ်ရင် သန့်ရှင်းရေး ကလေးထိမ်း
အိမ်သာဆေးပါလုပ်ခိုင်းဖို့။

ကားပိတ်တာလာမပြောနဲ့
နောက်ကျရင်ဖြတ်မယ့်ဒါဏ်ကြေးက
မင်းတစ်ရက်လုပ်အားခထက်ပိုလိမ့်မယ်။

အဖြတ်မခံချင်ရင်မနက်၎နာရီထပြီးထမင်းချိုင့်ပြင်ရမယ်။

ကားမောင်းတက်ရမည်ဆိုတာdriver မခေါ်ချင်လို့မင်းကို
နှစ်လုပ်ခိုင်းပြီးဂျင်းထည့်မလို့။

စုစောင်းငွေဆိုပြီးမင်းလုပ်အားခကိုဖြတ်တောက်
ပြန်ပေးဆွဲထားမယ့်
ကုမ္ပဏီမျိုးလဲကြုံရနိုင်တယ်။

ဟုတ်ပြီ…အလုပ်ရပြီးရော လုပ်မယ်ဆိုရုံနဲ့
မပြီးသေးဘူး။

ဘွဲ့လက်မှတ်တွေ
certificateတွေရှိရုံနဲ့
မပြီးသေးဘူး။

ရပ်ကွက်ထောက်ခံစာ
သွားလုပ်ဦး။

ဝါတွင်းတိုင်းဥပုဒ်စောင့်တာလာမပြောနဲ့
မင်းစာရိတ္တကောင်း/မကောင်းရဲစခန်းကပဲဆုံးဖြတ်မှာ။

လိုရမယ်ရငွေ၅၀၀ကိုင်သွား
ရဲစခန်းထောက်ခံစာသွားယူ။

ဧည့်စာရင်းနဲ့နေတဲ့အိမ်ငှားဆိုရင်တော့
အမေနဲ့ရွာလွမ်း ပြီသာမှတ်။

ကဲ……လေဘာကဒ်လဲ
တစ်နေကုန်အချိန်ပေး
တန်းစီတိုးပြီး ရပြီဆိုရင်တော့ ……
တစ်လနှစ်သိန်းလောက်နဲ့(ဘွဲ့ရနော်)
အလုပ် တစ်ခုတော့ ရကောင်းပါရဲ့။

ယူနီဖေါင်းကြေးပြန်ဖြတ်တာစိတ်မဆိုးပါနဲ့
သူတို့အလုပ်ကိုလုပ်ဖို့
သူတို့ယူနီဖေါင်းကို
ကိုယ့်ပိုက်ဆံနဲ့ကိုဝယ်ဝတ်ရတာထုံးစံပါ။

လုပ်ခလေးမစို့မပို့တိုးဖို့
အစမ်းခန့် လို့ခေါ်တဲ့
လုပ်ခမပြည့်ဝတဲ့ဂုပ်သွေးစုပ်၃လကို
နွားလိုရုန်းပြရပါလိမ့်မယ်။

သူတို့ကအစမ်းခန့်ဆိုပေမယ့်
မင်းကအစမ်းလုပ်လို့မရပါဘူး။

အမှန်အကန်ရုန်းရမှာပါ။
မင်းGEOနဲ့ကျောင်းပြီးပေမယ့်
အရောင်းစာရေးလုပ်ရလို့
မညည်းပါနဲ့။

ငွေစက္ကူပေါ်ကစုတ်ပျက် ပွန်း ပြဲဒါဏ်ရာတွေကိုအလွယ်တကူ
မြင်တက်ဖို့GEOပညာက
အထောက်အကူပေးပါလိမ့်မယ်။

ဒါ…မီရန်မာနိုင်ငံပါ။
ဒီစာဖတ်လိုက်လို့စိတ်မပျက်ပါနဲ့။
စင်္ကာပူကို”ကျော်”ဖို့
တစ်ဦးတစ်ယောက်ခြင်းစီကြိုးစားရမယ်ဆိုရင်တော့
အမေထွားတစ်ဗူးသာ
ပြေးဝယ်လိုက်ပါ…။᠌᠌᠌

– လွတ်လပ်စွာသဘောထားကွဲလွဲနိုင်ပါတယ်.
#Credilt

22 Shares

Add a Comment

Your email address will not be published. Required fields are marked *