မြန်​မာ​တွေ အလုပ်​လုပ်​ရဲ့လား

ကျုပ်တို့ အလုပ်လုပ်မှ ဖြစ်မယ်”💰💰
———————————
အလုပ်လုပ်တဲ့နေရာမှာ တရုတ်ကိုတော့ ကျုပ်တို့မမှီဘူးဗျ။ညနေဘက် Zoey အိမ်လိုက်လည်တော့ သူ့မိန်းမက ကျနော်တို့နဲ့ စကားပြောရင်း လက်က အလုပ်လုပ်နေတာ သတိထားမိတယ်။


Connector base တုံးလေးတွေဖြစ်အောင် ပင်လေးတွေရိုက်ထည့်နေတာ။ လက်ကလည်း အရမ်းကျွမ်းတယ် တခါကိုင်ရင် လက်တဆုပ်တခါတည်း ထည့်ရိုက်တာ။ ကြည့်စရာမလိုပဲ ပင်မှာချို့ယွင်းချက်ပါရင် သူ့လက်ကသိတယ်။

👉”ဒီလို ညဘက် အိမ်မှာလည်း အလုပ်လုပ်ကြတဲ့ တရုတ်ကို ဘယ်လိုလုပ် လိုက်မှီမလဲဗျာ။ “Plow deep while the sluggards sleep” ဆိုတဲ့ စကားပုံကို သူတို့က ပါးစပ်ကမပြောပဲ လက်နဲ့လုပ်ကြတာ။”

🧐 ကျနော်ဘာတွေးမိလဲဆိုတော့ Zoey ဟာကျနော်နဲ့စသိချိန်မှာ သူများစက်ရုံက CNC စက်ကိုင်။ အခု သုံးလေးနှစ်အတွင်းမှာပဲ ကိုယ့်လုပ်ငန်းလေးနဲ့ ကိုယ်ပိုင် CNC တွေနဲ့၊ ကားနဲ့ အိမ်နဲ့ ဖြစ်နေပြီ။

သူနဲ့ ပလတ်စတစ်ပစ္စည်းလုပ်ငန်း၊ သံရည်ကြို မီးဖိုကြီးတွေလုပ်တဲ့ အသေးစားလုပ်ငန်းလေးတွေ လိုက်တွေ့ဖြစ်တယ်။ သံရည်ကြိုအိုးက ကိုခမ်းထီကမှာထားလို့။


👉 “အသေးစား အိမ်တွင်း လုပ်ငန်းရှင်အားလုံးဟာ အသက် ၃၀ ဝန်းကျင်တွေချည်းပဲ။ ကိုယ်ပိုင်အလုပ်၊ ကား၊ စက်တွေ အဆက်အသွယ်တွေနဲ့ အခြေအနေကောင်းကြတယ်။”

👉 “သူတို့ဟာ တရုတ်ရဲ့ ပညာမတတ်တဲ့ မျိုးဆက်သစ်တွေ။ အားလုံး အင်္ဂလိပ်စာမတတ်ဘူး။ ဘွဲ့မရဘူး။””

“ဒီဘွဲ့လည်းမရ၊ သူများစက်ရုံဝန်ထမ်းကနေ ကိုယ်ပိုင်စတည်ခဲ့တဲ့ သူတွေကို လေ့လာကြည့်တာ အကြောင်းရှိပါတယ်။ ဒီလူတွေဟာ တရုတ်ရဲ့ ကုန်ထုတ်စွမ်းအားသန္ဓေတည်တဲ့ အခြေခံအကျဆုံး အင်အားစုပါ။ young uneducated entrepreneurs တွေပါ။ ကျနော်တို့ ရွှေပြည်ကြီးမှာ ဒါမျိုးလိုအပ်နေတာပါ။”

တရုတ်အစိုးရကလည်း ဘာမှ လက်ဗလာကောင်ကိုတော့ မကူညီဘူး။

🧐 “ကျနော်တို့ဆီက ဘွဲ့ရပညာတတ်တွေနဲ့ သူတို့တွေနဲ့ ဘာကွာလဲ?”

“လက်ကြောတင်းတာနဲ့ မတင်းတာကွာတယ်။ ဒါပဲ။”

အသိတယောက် ပြောပြတာ။PhD ဘွဲ့ရကို သူအလုပ်ရှာမရလို့ လာလျှောက်ပါတယ် အလုပ်ပေးပါဆိုလို့ အလုပ်ခန့်မိတာ။ အစက ဂျပန်က စက်မရောက်သေးလို့ ရုံးထိုင်ပေါ့၊ ဖွဘုတ်ပွတ်နေ ဘာမှမပြောဘူး။ နောက်တော့ စက်လည်းရောက်လာရော ရွှေကိုယ်တော်က “သူ့လို PhD ဘွဲ့ရကို စက်ကိုင်ခိုင်းရမလားတဲ့။ ပုသိမ်တက္ကသိုလ်မှာ PhD တွေပေးနေတာ ကျနော်မသိခဲ့ဘူးဗျာ။”


မနေ့ကပဲ စင်ကာပူသူဌေးတယောက်နဲ့တွေ့ဖြစ်တယ်။ မြန်မာပြည်မှာ သကြားစက်ရုံလာတည်တာ စက်ပစ္စည်း အရင်းအနှီးအကုန်ပံ့ပိုးပါလျက် စက်ရုံလည်ဖို့ ဘယ်သူမှ ကြိုးစားပန်စားမလုပ်ကြဘူးတဲ့။

“အင်မတိ အင်မတန်နှေးကွေးတဲ့နိုင်ငံပဲတဲ့။”
လက်ထိပ်ထိတော့ ကျုပ်တကိုယ်လုံးနာမိတာပေါ့ဗျာ။

ကျနော်မျက်နှာပျက်သွားတာမြင်တော့ “Richard, Sorry, you are one of us, don’t get angry please. We need to warn you about this too” တဲ့။ မင်းလည်း မြန်မာပြည်ပြန်ရင် အဲ့ဒီနှေးကွေးတဲ့ကိစ္စကို ရင်ဆိုင်နိုင်အောင်ပြင်ထားပါတဲ့။

“ကဲ… ကျုပ်တို့ အလုပ်လုပ်မှဖြစ်မယ်။”

Richard Myo Thant
10-November-2018

20 Shares

Add a Comment

Your email address will not be published. Required fields are marked *