AA ထံ သတင်းပေါက်ကြားမှုဖြင့် ရခိုင်မှ စသုံးလုံး ၄ ဦးခန့်ကို စိစစ်နေဟု ရဲတပ်ဖွဲ့ အတည်ပြု ——————————-

ရန်ကုန်၊ ဇန်န၀ါရီ ၂၃

ရခိုင်တပ်မတော် AA ထံ တပ်မတော်၏ အင်အားနှင့် ဖြန့်ကျက်ထားမှုစာရင်း ပေါက်ကြားမှုဖြင့် ရခိုင်ပြည်နယ်၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ၀န်ထမ်း ၃ဦး မှ ၄ ဦးခန့်ကို စိစစ်နေကြောင်းရခိုင်ပြည်နယ်ရဲမှူးကြီး ကြည်လင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်။

“သံသယပါပဲ၊ စိစစ်တုန်းပါပဲ။ သုံးလေးယောက်လောက်တော့ရှိမယ်ထင်တယ်၊ သူတို့စိစစ်နေတာတော့” ဟု ရဲမှူးကြီးကြည်လင်းက ပြောသည်။

ဇန်န၀ါရီလ ၄ ရက်နေ့ AA တပ်ဖွဲ့၏ ၀င်ရောက်တိုက်ခိုက်မှုကြောင့် ရဲကင်းစခန်း ၄ ခုမှ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံးပြီး ၉ ဦးဒဏ်ရာရရှိခဲ့သည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို AA ကို ပြတ်ပြတ်သားသား ချေမှုန်း ရန်နှင့် လိုအပ်ပါက ရဟတ်ယာဉ်သုံးစွဲရန် တပ်မတော်သို့တရားဝင်ခွင့်ပြုချက်ပေးခဲ့သည်။

#crd

8 Shares

Add a Comment

Your email address will not be published. Required fields are marked *