စစ်​မှုမထမ်းမ​နေရ ဥပ​ဒေအား အသက်​သွင်းရန်​ လိုအပ်​​နေသည့်​ မြန်​မာနိုင်​ငံ

သောင်းကျန်းသူများက တိုင်းရင်းသားများကို စစ်​မှုမထမ်းမ​နေရစနစ်​ ကျင့်​သုံး​နေသည်​မှာ ကြာပြီ​ဖြစ်​​သော်​လည်း မြန်​မာ့တပ်​မ​တော်​မှ ဘာ​ကြောင့်​စစ်​မှုမထမ်းမ​နေရ စနစ်​ကို မကျင့်​သုံးခဲ့ သလဲဆိုတာ စဉ်းစားစရာ ကိစ္စ ဖြစ်​ပါသည်

ဗမာပြည်လို လက်နက်ကိုင်တွေ ဝိုင်းတိုက်နေတဲ့ နိုင်ငံ၊
ပြည်ပရန်ဆိုတာလည်း အချိန်မရွေး ကျရောက်နိုင်တဲ့
နိုင်ငံ တစ်ခုအတွက် စစ်မှုမထမ်းမနေရ
ဥပဒေကို အမြန်ဆုံး ပြဋ္ဌာန်းပြီး စစ်တပ်ထဲ
အလှည့်ကျစနစ်နဲ့ ဝင်ဖို့စသင့်နေပြီ

နောက်တစ်ချက်က စစ်သားတစ်ယောက် လစာက
တစ်သိန်းခြောက်သောင်းလောက်ပဲ ရှိတယ်တဲ့။
တပ်မတော်မှာ စစ်သားငါးသိန်းကျော်လောက်ရှိမယ်။ ရှေ့
တန်းမှာ နေ့သေမလား၊ ညသေမလားနဲ့ စစ်တိုက်နေရ
တဲ့ စစ်သားတစ်ယောက်က လစာ တစ်သိန်းခြောက်
သောင်းကျော်ရတဲ့အချိန်မှာ လွှတ်တော်ထဲမှာ ဘယ်လိုမှ
ကျည်မခ၊ မိုင်းမထိ၊ ငှက်ဖျားမရှိဘဲ လေအေးစက်ထဲ
မှာ ထိုင်နေရတဲ့ အမတ်တွေက တစ်လ ( ၁၀ ) သိန်းနဲ့
နေ့တွက်ခ ရတယ်ဆိုတော့ ဒါဟာ လုံးဝမညီမျှမှုကြီး
ဖြစ်နေတယ်။

( 22 – 12 – 2018 ရက်နေ့ထုတ် သူရိယနေဝန်း ဂျာနယ်
မှ ဗမာသူရဲငစောင်ချမ်း ရဲ့ဆောင်းပါးကောက်နှုတ်ချက်)

7 Shares

Add a Comment

Your email address will not be published. Required fields are marked *