ဦးကင်းကောင်ကို နောက်ဆုံးနှုတ်ဆက်ခဲ့တဲ့ လွင်​မိုးရဲ့ကြေကွဲဖွယ်စကားတစ်ခွန်း

249 Shares

ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေတဲ့ ဇာတ်ပို့သရုပ်ဆောင် ကင်းကောင်ကတော့ သူကျရာဇာတ်ရုပ်အတိုင်း အကောင်းဆုံး သရုပ်ဆောင်ရင်း ပရိသတ်အတွက် အနုပညာအတွက် ပေးဆပ်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ ဝါရင့်သရုပ်ဆောင်ကြီး ကင်းကောင်ကတော့ ဇန်နဝါရီလ ၂၂ရက် မနက်၇နာရီခန့်မှာ ရုပ်ရှင်ရိုက်ကူးနေရင်း ရုတ်တရက် ကွယ်လွန်သွားခဲ့တာကြောင့် ချစ်ခင်ရတဲ့ မိတ်ဆွေတွေရော ပရိသတ်တွေအားလုံးကပါ မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲခဲ့ရတာပဲ ဖြစ်ပါတယ်။ ဦးကင်းကောင်နဲ့ အရမ်းခင်ကြတဲ့ သူငယ်ချင်းတစ်ဦးဖြစ်တဲ့ သရုပ်ဆောင် လွင်မိုးကတော့ ဒီကနေ့ ရေဝေးသုဿန်မှာ မီးသဂြိုလ်ခဲ့တဲ့ ဦးကင်းကောင်ရဲ့နောက်ဆုံးခရီးမှာ ကြေကွဲဖွယ် နှုတ်ဆက်စကားတစ်ခွန်း ပြောခဲ့တာ တွေ့ရပါတယ်။

ချစ်ပရိသတ်တွေအတွက် ဘယ်တော့မှမဆုံတွေ့နိုင်တော့တဲ့ သူငယ်ချင်းရဲ့နောက်ဆုံးမီးခိုးလေးတွေကိုကြည့်ပြီး နှုတ်ဆက်ခဲ့တဲ့ လွင်မိုးရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

လွင်မိုးကတော့ ဦးကင်းရဲ့နောက်ဆုံးခရီးကို လိုက်လံပို့ဆောင်ရင်း ဦးကင်းထွက်ခွာသွားတဲ့ မီးခိုးခေါင်းတိုင်လေးကို ကြေကွဲစွာကြည့်ရင်း “ကင်းရေ သွားနှင့်တော့” ဆိုပြီး နှုတ်ဆက်ထားတာပဲ ဖြစ်ပါတယ်။

ခင်ခင်မင်မင်ရှိလှတဲ့ သူငယ်ချင်းတွေ… အခုတော့လည်း မမြဲတဲ့သဘောတရားတွေကြောင့် ခွဲကြရပြီ

ဟိုးလွန်ခဲ့တဲ့ နှစ်တွေကတည်းက သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေကို အပန်းဖြေပျော်ရွှင်စေခဲ့တဲ့ ဦးကင်းကောင်တို့အဖွဲ့သားတွေကတော့ အရမ်းကို အတွဲညီခဲ့တာပါ။ ပရိသတ်တွေကို အရမ်းချစ်တဲ့ သရုပ်ဆောင် ကင်းကောင်ကတော့ သူချစ်ရတဲ့ မိသားစုနဲ့ ပရိသတ်တွေကိုခွဲပြီး ဘဝတစ်ပါးသို့ ပြောင်းသွားခဲ့ပါပြီ။ မိုမိုလေးချစ်ပရိသတ်တွေလည်း စိတ်ထားအရမ်းကောင်းတဲ့ အနုပညာရှင်ဦး ဦးကင်းကောင်တစ်ယောက် ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းပေးလိုက်ကြပါဦးနော်။

Crd:bahuthuta

249 Shares

Add a Comment

Your email address will not be published. Required fields are marked *