မူးယစ်ဆေးဝါးဝယ်တာကို အတုရောင်းပြီး လိမ်လိုက်လို့ ရဲသွားတိုင်ခဲ့သူ

3 Shares

၂၀၁၉)နှစ် ဇန်န၀ါရီလထဲမှာပဲ Wong ဆိုတဲ့ အမျိုးသားတစ်ယောက်ဟာ မူးယစ်ဆေးရောင်းဝယ်သူရဲ့ လှည့်စားမှုကို ခံလိုက်ရပြီး အဲ့ဒါကို တိုင်ကြားဖို့ ရဲစခန်းကို ရောက်လာခဲ့ပါတယ်။

Wong မက် (meth) ၀ယ်ယူခဲ့တာဖြစ်ပြီး ဒါကို ပစ္စည်းရောင်းတဲ့သူက ကျောက်ချဉ်မှုန့်တွေနဲ့ ထည့်လိုက်တာပါ။ ဒီ ဖြစ်ရပ်က တရုတ်နိုင်ငံ Jiangsu ပြည်နယ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

 

China Press ရဲ့ ဖော်ပြချက်များမှာတော့ Wong ဟာ ယွမ် (၁၄၀၀) (မြန်မာကျပ်ငွေ ၃ သိန်းကျော်) ဖိုး ကို Zhou ဆိုသူဆီက ဇန်န၀ါရီ (၁၅) ရက်နေ့မှာ ၀ယ်ယူခဲ့တာဖြစ်ကြောင်း ဖော်ပြထားတာတွေ့ရပါတယ်။ ၀ယ်ပြီး သုံးတော့မယ့်အချိန်မှာမှ သူဝယ်ခဲ့တဲ့ ခရစ်စတယ် မက်တွေဟာ ကျောက်ချဉ်တွေ ဖြစ်နေတာကို ကြေကွဲဖွယ် သိလိုက်ရပါတယ်။

Wong တစ်ယောက်မှာ ဒီလို စော်ကားခံရတာနဲ့ ပတ်သက်ပြီးလည်း ရှုးရှုးရှဲရှဲတွေ ဖြစ်ရသလို ပိုက်ဆံ ပြန်ရဖို့တစ်ခုတည်းပဲ ဦးတည်ပြီး ကျန်တာ ဘာမှ မစဉ်းစား မဆင်ခြင်နိုင်တော့ဘဲ ရဲတိုင်းဖို့ကို ရူးရူးမိုက်မိုက် ဆုံးဖြတ်ခဲ့ပါတယ်။

 

အဲ့ဒီလိုနဲ့ပဲ ကျောက်ချဉ်တစ်ထုပ်ကို ကိုင်ပြီး ရဲ စခန်းကို ရောက်သွားခဲ့ပါတယ်။ ရဲတွေကလည်း သူ့ရဲ့ တိုင်းကြားမှုနဲ့ ပတ်သက်ပြီး အရေးတယူပဲ ရှိခဲ့ကြပါတယ်။

Wong ဟာ Zhou ဆိုတဲ့ ရောင်းဝယ်ဖောက်ကားသူဆီက မက် (၁.၅၉) ဂရမ်ကို ၀ယ်ယူခဲ့ပါတယ်။ အဲ့ဒီ့နောက် လုံခြုံတဲ့နေရာကို ရောက်တဲ့အချိန် သုံးဖို့ ကြည့်လိုက်တော့ ပစ္စည်းက အနည်းငယ် လွဲနေသလို ခံစားလိုက်ရတယ်။ ရဲတွေရဲ့ ခွဲခြမ်စစ်ဆေးမှုမှာအဖြေကလည်း တကယ်ကြီး ကျောက်ချဉ်တွေဖြစ်နေပါတယ်ဆိုပြီး အတည်ပြုခဲ့တယ်။

ဒီလိုနဲ့ ရဲတွေရဲ့ စစ်ဆေးမေးမြန်မှုတစ်ချို့ကို ဖြေခဲ့ရပြီး သူအနေနဲ့ ဒီလို မ၀ယ်ခင် ရက်တစ်ချို့ကတည်းက သုံးစွဲထားကြောင်း ၀န်ခံလိုက်ရတယ်။ Wong ကို သုံးစွဲတဲ့ ပြစ်မှုနဲ့ ရဲက ဖမ်းလိုက်ပြီး ရောင်းဝယ်ဖောက်ကားတဲ့ သူကိုလည်း အလွယ်တကူ ဖမ်းဆီးနိုင်ခဲ့တယ်။ Wong ကိုပဲ ကျေးဇူးတင်ရမှာပါ။ နည်းနည်းလေး ဆန်းကြယ်တဲ့ တရုတ်နိုင်ငံရဲ့ အလွဲများထဲက တစ်ခုပါ။

credit:burmese.asia

3 Shares

Add a Comment

Your email address will not be published. Required fields are marked *