HIV အကြောင်းသိကောင်းစရာများ

HIV/AIDS ခုခံအားကျ​ရောဂါဆိုတာက​တော့လိင်​မှတဆင့်​ ကူးစက်​တတ်​​သော​ရောဂါ​သွေးမှတဆင့်​ကူစက်​​သော​ရောဂါပါ။
လိင်​မှတဆင့်​ကူးစက်​တတ်​​သော​ရောဂါဆိုသည်​မှာ လိင်​ဆက်​ဆံခြင်းမှတဆင့်​တစ်​ဦးမှတစ်​ဦးသို့ကူးစက်​ပြန်​ပွား​သော​ရောဂါဖြစ်​ပါတယ်​။
၁။ခုခံအားကျဆင်းမှုကူးစက်​​ရောဂါ(AIDS)
၂။ကာလာသား​ရောဂါ
၃။အသည်း​ရောင်​အသားဝါဘီ​ရောဂါတို့ဖြစ်​ပါတယ်​။

ရောဂါဖြစ်​​စေ​သောပိုး
(အိပ်​ခ်ျ​အိုင်​ဗွီဗိုင်းရပ်​ပိုး)
ရောဂါပိုးကူးစက်​ခံရရန်​အန္တရာယ်​ရှိသူများ
၁။လိင်​အ​ပျော်​အပါးလိုက်​စားသူများ
၂။ပြည့်​တန်​ဆာများ
၃။လိင်​တူ/လိင်​ကွဲဆက်​ဆံ​သောအမျိုးသားများ
၎။မူးယစ်​​ဆေး​သွေး​ကြောထဲထိုးသွင်းသူများ
၅။ကာလာသား​ရောဂါဖြစ်​ပွားဖူးသူများ
၆။ကာလရှည်​စွာ အိမ်​မှထွက်​ခွာ၍ လှည့်​လည်​လုပ်​ငန်း​ဆောင်​ရွက်​​နေသူများ(ဥပမာ-ကုန်​တင်​ကား​မောင်းသူ၊ကား​နောက်​လိုက်​သူ၊နိုင်​ငံရပ်​ခြားတွင်သွားရောက်အလုပ်လုပ်​သူများ)
၇။ရောဂါပိုးရှိ​သောကိုယ်​ဝန်​​ဆောင်​မိခင်​မှ ​မွေးသည့်​က​လေးငယ်​များထိုသူတို့သည်​​ရောဂါပိုးကူစက်​ရန်​အန္တရာယ်​ရှိသူများဖြစ်​ပါတယ်​။

ရောဂါပိုးကူးစက်​သည့်​အဓိကနည်းလမ်းများ
၁။ရောဂါပိုးရှိသူနှင့်(လိင်တူလိင်ကွဲ)အကာကွယ်မဲ့လိင်ဆက်​ဆံခြင်း
၂။မသန့်​ရှင်း​သောခွဲစိတ်​ကိရိယာ၊​ဆေးထိုးအပ်​၊​ဆေးထိုးပြွန်​များအသုံးပြုခြင်း
၃။ရောဂါပိုးရှိ​သောမိခင်​မှသ​န္ဓေသားသို့ကူးစက်​ခြင်း
၎။ရောဂါပိုးပါ​သော​သွေးသွင်းခံရခြင်း အန္တရာယ်​ရှိ​သောအပြုအမူတစ်​ကြိမ်​တစ်​ခါပြုမိရုံနှင့်​​ရောဂါကူးစက်​ခံရနိုင်​ပါတယ်​။

 

ရောဂါလက္ခဏာများ
(အဓိကလက္ခဏာ)
၁။ခန္ဓာကိုယ်​အ​လေးချိန်​(၁၀)ရာနှုန်းထက်​ပို၍​လျော့ကျသွားခြင်း
၂။တစ်​လထက်​ပို၍ဝမ်းပျက်​ဝမ်း​လျှောခြင်း
၃။တစ်​လထက်​ပို၍ဖျားခြင်း

သာမညလက္ခဏာများ
၁။တစ်​လထက်​ပို၍​ချောင်းအမြဲဆိုးခြင်း
၂။ခန္ဓာကိုယ်​အနှံ့အ​ရေပြားယားယံ​ရောင်​ရမ်းခြင်း
၃။အပြင်းစား​ရေယုန်​​ရောဂါမကြာခဏဖြစ်​ခြင်း
၎။သာမန်​​ရေယုန်​​ရောဂါခန္ဓဏာကိုယ်​အနှံ့တွင်​ကာလကြာမြင့်​စွာဖြစ်​ခြင်း
၅။ပါစပ်​နှင့်​လည်​​ချောင်းတွင်​မှတ်​ခရု​ပေါက်​ခြင်း
၆။ခန္ဓာကိုယ်​အနှံ့အကျိတ်​များထွက်​ခြင်း

ခန္ဓကိုယ်​ထဲကို HIV ပိုးဝင်​​ရောက်​ခံသူ​တွေရဲ့ ၄၀%မှ၉%ဟာတစ်​လမှနှစ်​လအတွင်းAcute retroviralsyndrome လို့​ခေါ်တဲ့တုပ်​​ကွေး​ရောဂါလိုမျိုးလက္ခဏာဖြစ်​​ပေါ်တတ်​ပါတယ်​၊တခါတရံမှာHIV​ရောဂါပိုးဝင်​တဲ့လက္ခဏာဟာနှစ်​​ပေါင်းများစွာဒါမှမဟုတ်​ဆယ်​စုနှစ်​ထိ​တောင်​မ​ပေါ်​ပေါက်​ပဲရှိ​နေတတ်​ပါတယ်​၊ဒါ​ကြောင့်​HIV​ရောဂါပိုးရှိ​နေသူငါး​ယောက်​မှာတစ်​​ယောက်​နှုန်းဟာသူတို့မှာပိုးရှိမှန်းမသိကြပါဘူး​သွေးစစ်​ကြည့်​မှသာစိတ်​ချရမည်​ဖြစ်​ပါတယ်​။
HIV/AIDS ​ရောဂါပိုးခန္ဓာကိုယ်​ထဲဝင်​​ရောက်​ပြီဆိုလျှင်​​တော့​ပျောက်​ကင်း​အောင်​ကုသနိုင်​တဲ့​ဆေးမရှိ​သေးပါဘူး ​ရောဂါပိုးဆက်​လက်​မ​ပေါက်​ပွား​အောင်​ထိန်းထားနိုင်​တဲ့​ဆေး​တွေပဲရှိ​သေးတာပါကုန်​ကျစရိတ်​လဲမျာပါတယ်​။

အန္တရာယ်​ကင်း​သောလိင်​ဆက်​ဆံမှုကိုပြုကျင့်​ပါ
စိတ်​မချရ​သောလိင်​ဆက်​ဆံမှုတိုင်းတွင်​ကွန်​ဒုံးကို စနစ်တကျအမြဲအသုံးပြုခြင်းသည်​အ​ကောင်းဆုံးအကာအကွယ်​တစ်​ခုဖြစ်​ပါတယ်​ဒီ​နေ့​တော့ဒီ​လောက်​ပါပဲကျန်းမာ​ရေးဗဟုသုတာများတိုးပွား၍တန်​ဘိုးရှိ​သော​နေ့ရက်​များကိုပိုင်​ဆိုင်​ပါ​စေခဗျာ

63 Shares

Add a Comment

Your email address will not be published. Required fields are marked *