ချစ်သူဆီက သိန်း ၃၀၀ ကျော်တန်ဖိုးရှိတဲ့ အိတ်တစ်လုံး မွေးနေ့လက်ဆောင်ရခဲ့တဲ့ နေခြည်ဦး

195 Shares

သွက်လက်ထက်မြက်ပြီး ပွင့်လင်းတဲ့ သူမရဲ့အနေအထိုင်အပြုအမူတွေကြောင့် ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာကို အပြည့်အဝရရှိထားတဲ့ Beauty Blogger မလေး နေခြည်ဦးကတော့ ချစ်သူဆီကလည်း အချစ်တွေအများကြီး ပိုင်ဆိုင်ထားသူလေးပဲ ဖြစ်ပါတယ်။ အမြဲလိုလို ချီချီ့ကို စိတ်ချမ်းသာအောင်ထားတဲ့ နေခြည်ဦးရဲ့ ချစ်သူလေးကတော့ ဒီနေ့လေးမှာကျရောက်တဲ့ ချီချီရဲ့မွေးနေ့လေးအတွက် သိန်း (၃၀၀) ကျော်တန်ဖိုးရှိတဲ့ Herms Brikin အိတ်လေးတစ်လုံး လက်ဆောင်ပေးခဲ့တာ တွေ့ရပါတယ်။ သူမအရမ်းလိုချင်နေတဲ့ အိတ်လေးကို Surprise အနေနဲ့ ပေးခဲ့တဲ့ ချစ်သူကြောင့် နေခြည်ဦးတစ်ယောက် အရမ်းကိုပျော်နေတာပါနော်။

နေခြည်ဦးကတော့ ” က ချစ်ရသူနဲ့အတူ အင်းလေးသို့ အလည်ရောက်ရှိနေကြောင်း သူမရဲ့လူမှုကွန်ယက်ပေါ်မှတစ်ဆင့် ဝေမျှပေးထားတာ တွေ့ရပါတယ်။အလိုချင်ဆုံး မွေးနေ့လက်ဆောင်လေးကိုတစ်ပတ်လောက်အလိုမှာ ဝယ်လို့မရဘူးပြောပြီး စိတ်ညစ်အောင် ထားထားတယ်။မွေးနေ့မနက်မှာ surprise ဆိုပြီး အင်းလေးအထိ တိတ်တိတ်လေး သယ်လာပေးတယ်။ကိတ်မုန့်လည်း ကျွေးတယ် ပန်းစည်းလည်းပေးတယ်။ကြည်နူးရပါတယ် အဖိုးကြီး ရယ် မွေးနေ့မှာ ဆုမွန်ကောင်းတောင်းပေးတဲ့ တစ်ဦးတစ်ယောက်ချင်းဆီတိုင်းကိုလည်း နေခြည်အရမ်း ကျေးဇူးတင်ပါတယ်။ Love you moreee my chillies ဂိုဏ်းချုပ်တစ်ယောက် အရမ်းပျော်နေပါတယ်လို့ ” ဆိုပြီး ချစ်သူရဲ့မွေးနေ့လက်ဆောင်ကြောင့် ပျော်နေတဲ့အကြောင်း ကြည်ကြည်နူးနူးလေး ရေးသားထားတာ တွေ့ရပါတယ်။

ချီချီလက်ဆောင်ရခဲ့တဲ့ အရမ်းကိုလှပတဲ့ အိတ်လေးကတော့ $20000 ကျော်တန်ဖိုးရှိတယ်လို့လည်း သိရပါတယ်နော်။

ည ၁၂ နာရီထိုးတိတိမှာ Surprise လုပ်ပေးခဲ့တဲ့ ချစ်သူကြောင့် ပျော်နေတဲ့ ချီချီလေး

နေခြည်ဦးနဲ့ သူမရဲ့ချစ်သူတို့နှစ်ဦးကတော့ ကိုယ်စီ စီးပွားရေးအလုပ်တွေ လုပ်ကိုင်နေကြတာဖြစ်ပြီး တစ်ဦးက မန္တလေးမှာ၊ တစ်ဦးက ရန်ကုန်မှာမို့ တွေ့ရချိန်တွေ နည်းပါးပေမယ့်လည်း တစ်ဦးအပေါ်တစ်ဦး အရမ်းချစ်တာကြောင့် သာယာလှပတဲ့ အချစ်ရေးတစ်ခုကို နှစ်ကိုယ်တူပုံဖော်နေကြတာပဲ ဖြစ်ပါတယ်။

Source;Nay Chi Oo’s Facebook

195 Shares

Add a Comment

Your email address will not be published. Required fields are marked *