အမေရိကန်​ အစိုးရလုပ်​ငန်း အစိတ်​အပိုင်း အချို့ကို၃၅ရက်​ကြာသည်​အထိရပ်​ဆိုင်း ထားရာကနေယာယီပြန်​ဖွင့်​……

မက္ကဆီကို နယ်​စပ်​ တံတိုင်းကာရံ ဖို့  အသုံးစရိတ်
ဒေါ်လာ ၅.၇ ဘီလီယံ ကို သမ္မတ ထရမ့်​က လွှတ်
တော်​အား တောင်းခံရာ၌ ဒီမိုကရက်​တစ်​ အမတ်​တွေ
က သဘောတူ ချထားပေးခြင်းမရှိလို့ အစိုးရ ယန္တရား
အစိတ်​အပိုင်းတစ်​ခုလုံး၏ ၄ပုံ၁ပုံ ခန့်​ရှိတဲ့ အစိုးရလုပ်
ငန်းများကို ရပ်​ဆိုင်းထားရာကနေ ၃၅ရက်​ကြာပြီးနောက်
မှာ ဖေဖော်​ဝါရီ ၁၅ ရက်​နေ့အထိ ယာယီပြန်​ဖွင့်​ပေးလိုက်
ပြီ ဖြစ်​သည်​။ ထရမ့်​နှင့်​ ဒီမိုကရက်​တို့ အားပြိုင်​မှု့ ကြောင့်
အစိုးရ လုပ်​သား ၈သိန်းကျော်​လောက်​ ၃၅ရက်​ကြာသည်​အထိ လုပ်​ခလစာ မရရှိကြဘဲ အလုပ်​လုပ်​ကြ
ရသည်​။ ဖေဖော်​ဝါရီ လ ၁၅ရက်​အထိ ခွင့်​ပြုပေးထား
သည့်​ အသုံးစရိတ်​ ဥပဒေမူကြမ်း၌ ထရမ့်​တောင်းဆိုတဲ့
မက္ကဆီကို တံတိုင်းကာရံစရိတ်​ တော့မပါရှိပေ။

သောကြာနေ့ အိမ်​ဖြူတော်​ Rose Garden ၌ ထရမ့်
ကပြောကြားရာ၌ “လူတိုင်းက သိပါတယ်​ ကျွန်​တော့်​မှာ
လုပ်​ပိုင်​ခွင့်​ အာဏာ တွေ အများကြီးရှိတယ်​ဆိုတာ၊
ဒါပေမယ့်​ ကျွန်​တော်​က လုပ်​ပိုင်​ခွင့်​အာဏာ ကို အခုလို
အချိန်​မှာ အသုံးချသွားမည်​ မဟုတ်​”လို့ ပြောကြားခဲ့သည်​။ ဆက်​ပြီးပြောကြားရာ၌” အကယ်​၍မှ
ဖေဖော်​ဝါရီ ၁၅ ရက်​ ရောက်​သည်​အထိ ညှိနှိုင်းလို့ မရ
ခဲ့ရင်​တော့ ထပ်​ပြီးShutdown လုပ်​ ရအုံးမှာဘဲ”ဟု
ပြောကြားခဲ့သည်​။

အိမ်​ဖြူတော်​ Rose Garden၌ မိန့်​ခွန်းပြောကြားရာ၌
ဝန်​ကြီးအဖွဲ့ တစ်​ခုလုံးနှင့်​ အကြံပေး အဖွဲ့ဝင်​အားလုံး
တို့ကို စုရုံးနားထောင်​စေခဲ့ပြီး သမ္မတ ထရမ့်​က
မိန့်​ခွန်းပြောမှု့ အစချီရာ၌ ” ဒီနေ့ မှာ အစိုးရလုပ်​ငန်း
အချို့အား ရပ်​ဆိုင်းထားမှု့ ကိုပြန်​ဖွင့်​ကြောင်းကြေညာရ
တာကိုအလွန်​အမင်း ၀မ်းသာဂုဏ်​စရာဖြစ်​မိပါကြောင်း”
ကြေညာမောင်းခတ်​လိုက်​သည့်​အပေါ် တက်​ရောက်
လာကြသူများတို့က နှစ်​ထောင်းအားရ လက်​ခုပ်​တီး
ခဲ့ကြလေသည်​။

သောကြာနေ့ ထရမ့်​ ကြေညာချက်​မတိုင်​မီ Washington Post/ ABC poll စစ်​တမ်း
ကောက်​ယူမှု့ အပေါ် တုန့်​ပြန်​သူ စုစုပေါင်း၏
၅၃% က Shutdown ကိစ္စအတွက်​ သမ္မတထရမ့်
ကို အပြစ်​တင်​ကြသည်​။ ၃၄% က Nancy Pelosi
နှင့်​ ဒီမိုကရတ်​တွေ ကို အပြစ်​တင်​ကြပြီး၊ ၁၀% ကတော့
နှစ်​ဖက်​လုံးကို အပြစ်​တင်​ထားကြသည်​။

shutdown လုပ်​မှု့ ကာလအတွင်း၌ အမေရိကန်
စီးပွားရေး ထိခိုက်​ဆုံးရှုံးမှု့ တန်​ဖိုး $6ဘီလီယံအထိ
ရှိခဲ့သည်​ဟု S&P Global Ratings စစ်​တမ်း
က ဖော်​ပြထားသည်​။ Shutdown အဆုံးသတ်မှု့
သတင်းထွက်​ရှိပြီးနောက်​ CBOE Volatility
ညွှန်းကိန်းသည်​ ၇.၇၈% အထိ ကျဆင်းခဲ့သည်​။
Dow Jones ညွှန်းကိန်းသည်​၁၈၃.၉၆ပွိုင့်​(+၀.၇၅%) အတက်​ 24737.20နှင့်​ပိတ်​ခဲ့သည်​။ S&P 500
ညွှန်းကိန်းသည်​ ၂၂.၄၃ပွိုင့်​(+၀.၈၅%)အတက်​2664.76နှင့်​ ပိတ်​ခဲ့သည်​။ Nasdaqညွှန်းကိန်း
သည်​က ၉၁.၄၀ပွိုင့်​(+၁.၂၉%)အတက်​ 7164.86
နှင့်​ ပိတ်​ခဲ့သည်​။Dow Jonesညွှန်းကိန်းက ၅ပတ်
ဆက်​တိုက်​ အတက်​ ရှိခဲ့ပြီး ဇူလှိုင်​နောက်​ပိုင်း
အတက်​ကြောအရှည်​ဆုံး ဖြစ်​ခဲ့သလို၊ Nasdaq
ကတော့ ၂၀၁၇၊ နိုဝင်​ဘာ နောက်​ပိုင်း အတက်​ကြော
အရှည်​ကြာဆုံး စံချိန်​ တင်​ခဲ့သည်​။

ကမ္ဘာ့ ရွှေဈေးကတော့ တစ်​အောင်​စကို $1302.50
နှင့်​ ပိတ်​ခဲ့ပြီး ၂၂.၇၀ပွိုင့်​အတက်​(+၁.၇၇%)နှင့်​ပိတ်
ခဲ့သည်​။ Crude oilရေနံဈေးကတော့တစ်​စည်​ကို
$53.55(+၀.၇၉%) ၀.၄၂ပွိင့်​အတက်​နှင့်​ ပိတ်​ခဲ့သည်​။
အမေရိကန်​ ဒေါ်လာ ညွှန်း​ကိန်းကတော့ 95.81(-၀.၈၂%) အကျနှင့်​ပိတ်​ခဲ့သည်​။ကမ္ဘာ့ ရွှေဈေးသည်​က psychological
level $1300ကို ဖောက်​၍ မြင့်​တက်​ခဲ့ပြီး ၇လအတွင်း
အမြင့်​ဆုံးလည်းဖြစ်​ခဲ့သည်​။ဈေးကွက်​ ကသောင်းကနင်း
ဖြစ်​မှု့ နှုန်းကို တိုင်းတာသည့်​ VIXညွှန်းကိန်းကတော့
17.42 အမှတ်​နောက်​ဆုံး ပိတ်​ရှိခဲ့ပြီး -၇.၇၈%အထိ
လျော့ကျ လာခဲ့ခြင်းလည်း ဖြစ်​သည်​။

#KoNayNay

Sat,Jan 26

3 Shares

Add a Comment

Your email address will not be published. Required fields are marked *