Myanmar Navy Seal တ​ယောက်​ဖြစ်​ဖို့ဆိုရင်

Myanmar Navy Seal ( သို့ ) မြန်မာပြည်၏ ရဲရဲတောက် ပင်လယ်ဖျံများကို လေးစားတယ်ဆိုရင် အားပေးစကားတစ်ခွန်းလောက် ပြောပေးခဲ့ကြပါလား———


မြန်မာ Navy Seal တပ်ဖွဲ့ဝင်ဖြစ်ဖို့ Navy Seal ထဲကိုဒါရိုက်တန်းဝင်လို့မရပါဘူး ။ အရင်ဆုံး ရေတပ်စုဆောင်းရေးကို အရင်သွားရပါတယ် ။ပြီးရင် ရေတပ်စုဆောင်းရေးမှတဆင့် စစ်အခြေခံသင်တန်း ၄ လတက်ရောက်ပြီး မိမိလိုချင်တဲ့ ရေတပ်က ပညာသည်အုပ်စုကို လျှောက်ရပါတယ် ။ ပည ( ပညာသည် ) အုပ်စုရတာနဲ့ သင်တန်းကို လအလိုက်လေ့ကျင့်သင်ကြားပေးပြီး Navy Seal မရခင် (၁) ရေငုပ်သင်တန်း (၂) လေထီးခုန်သင်တန်း ဆက်တက်ရပါတယ် ။
ထိုသင်တန်းတွေကို အောင်မြင်ပြီးရင်တော့ Navy Seal တပ်ဖွဲ့ဝင်အဖြစ်ရပါပြီ ။

Myanmar Navy Seal ”သင်တန်းအကြောင်း အကျဉ်းချုပ်

Myanmar Navy Seal ဆိုတဲ့ ရေတပ်အထူးတိုက်ခိုက်ရေး သင်တန်းဟာ US Navy Seal သင်တန်းအတိုင်း တိုက်ရိုက်ယူထားပါတယ် ။
နာရီပေါင်း ၁၂၀ တိတိ မအိပ်မနား တက်ရတဲ့သင်တန်းပါ ။ အရင်တုန်းက (၁) ပတ်တိတိပါ ။ သင်တန်းကာလမှာ ပင်ပန်းပြီး တချို့ ကိုယ့်နာမည် ကိုယ်တောင် မမှတ်မိတဲ့အထိဖြစ်ကြလို့ (၂) ရက်ပြန်လျှော့ထားပါတယ် ။
အဆိုပါ နာရီပေါင်း ၁၂၀ တိတိ (သို့ ) Hell Week သင်တန်းအသေးစိတ်ကိုတော့ စာရှည်မှာစိုး၍ မရေးတော့ပါ ။
Hell Week ပြီးမှ ဆိုင်ရာသင်တန်းသားအဖြစ် သက်မှတ်ပါတယ် ။ ပြီးရင် အထူးတိုက်ခိုက်ရေး သင်တန်းကို (၄) လကြာအောင် တက်ရပါတယ် ။
သင်တန်းဆင်းပွဲကို ကာကွယ်ရေးဦးစီးချုပ်(ရေ) ကိုယ်တိုင်ဆင်းပေးပါတယ် ။
ဘယ်ဘက်ရင်အုံကို တံဆိပ်ကဆူးနဲ့ စိုက်ဝင်အောင် ဖိနှိပ်တပ်ဆင်ပေးပြီးရင်တော့ နေဗီဆီးလ် ဖြစ်ပြီပေါ့ ။

0 Shares

Add a Comment

Your email address will not be published. Required fields are marked *