အသက် ၉၀ အရွယ် အဖွားကြီးရဲ့ ဆန္ဒကိုဖြည့်စည်းပေးခဲ့ကြတဲ့ မြင့်မြတ်နဲ့ Kညီ
|သရုပ်ဆောင်တဲ့နေရာမှာ ပြောစရာမလိုလောက်အောင် အပိုအလိုမရှိဘဲ ကျရာဇာတ်ရုပ်ကနေ ပီပီပြင်ပြင်ပိုင်ပိုင်နိုင်နိုင်နဲ့ သရုပ်ဆောင်ပြသပေးနိုင်ခဲ့ကြတဲ့ သရုပ်ဆောင် မင်းသား မြင့်မြတ်နဲ့ Kညီတို့ အနုပညာရှင် ညီအစ်ကိုနှစ်ယောက်ဟာဆိုရင် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝ ရရှိထားခဲ့ကြရတဲ့ သူလေးတွေပဲ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားခဲ့ရတဲ့ သူတို့ သူငယ်ချင်းနှစ်ယောက်ဟာဆိုရင် စိတ်သဘောထား ပြည့်ဝလွန်းတဲ့ သူလေးတွေလည်းဖြစ်ပါတယ်။
အရမ်းကို စိတ်သဘောထား ပြည့်ဝပြီး စိတ်ရင်းစေတနာ ကောင်းလွန်းကြတဲ့ သူတို့ သူငယ်ချင်း ညီအစ်ကို နှစ်ယောက်ဟာဆိုရင် ချစ်ရတဲ့ သူတွေနဲ့အတူ VeVe ပရိုမိုးရှင်းအတွက် နယ်ကို ရောက်ရှိနေခဲ့ကြတာပဲ ဖြစ်ပါတယ်။ နယ်ကို ရောက်ရှိနေတဲ့ သူတို့ကတော့ ပရိသတ်တွေများစွာနဲ့အတူ ပျော်ပျော်ရွှင်ရွှင် တွေ့ဆုံခဲ့ကြတာဖြစ်ပြီး နယ်က အသက် ၉၀ အရွယ် အဖွားကြီးတစ်ယောက်ရဲ့ ဆန္ဒကို ဖြည့်စည်းပေးခဲ့ကြတာပဲဖြစ်ပါတယ်။
အဖွားရဲ့ စိတ်ဆန္ဒလိုအင်ကို ဖြည့်စည်းပေးနိုင်ခဲ့တဲ့ မြင့်မြတ်ကတော့ ” ကျုံဒိုးမှာ အသက်၉၀အဖွားကတွေ့ချင်တယ်ဆိုလို့ ဝင်တွေ့ကြသည် … VeVe ” ဆိုတဲ့ စာသားလေးနဲ့ သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲဖြစ်ပါတယ်။
အဖွားရဲ့ လိုအင်ဆန္ဒကို အိမ်တိုင်ရာရောက် သွားရောက်ဖြည့်စည်းပေးခဲ့ကြတဲ့ မြင့်မြတ်တို့ VeVe ပရိုမိုးရှင်းအဖွဲ့ရဲ့ မြင့်မြတ်တဲ့စိတ်ထားလေးကို လေးစားအားကျ သဘောကျပြီး ကြည်နူးစိတ်လေး ဝင်မိတယ်ဆိုရင် ဒီပို့စ်လေးကို Shareပြီး အားပေးသွားကြဖို့ မမေ့နဲ့ဦးနော် ပရိသတ်ကြီးရေ။ ကြည့်ရှုအားပေးကြပါသော ချစ်ပရိသတ်များအပေါင်းကိုကျေးဇူးအထူးတင်ရှိပါတယ်။
Source : momolay