(၇) နှစ်ကြာစုဆောင်းထားတဲ့ငွေတွေနဲ့ ဆောက်ထားတဲ့ ဇေရဲထက်ရဲ့ အိမ်သစ်တက် မင်္ဂလာအလှူ

(၇) နှစ်ကြာစုဆောင်းထားတဲ့ငွေတွေနဲ့ ဆောက်ထားတဲ့ ဇေရဲထက်ရဲ့ အိမ်သစ်တက် မင်္ဂလာအလှူ

သရုပ်ဆောင်ပိုင်းမှာ အရမ်းကိုထူးချွန်တာကြောင့် အနုပညာလောကမှာ နေရာတစ်ခုအခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် ဇေရဲထက်ကတော့ အလုပ်ကို ကြိုးကြိုးစားစားလုပ်ကိုင်ပြီး ရိုးရိုးသားသားနေထိုင်သူတစ်ဦးပါ။
ပရိသတ်တွေကို အကောင်းဆုံးအနုပညာတွေနဲ့ ပေးဆပ်နေတဲ့ အနုပညာရှင်တစ်ဦးဖြစ်တဲ့ သရုပ်ဆောင် ဇေရဲထက်ကတော့ တစ်ရှိန်ထိုးကြိုးစားမှုကြောင့် အောင်မြင်မှုအတိုင်းအတာတစ်ခုကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။

မကြာခင်ကပဲ ဇေရဲထက်က သူ ၇ နှစ်ကြာအောင် စုဆောင်းထားတာလေးနဲ့ အိမ်တစ်လုံးဆောက်ခဲ့တဲ့အကြောင်းကို ချစ်ရတဲ့ပရိသတ်တွေအတွက် ဝေမျှပေးခဲ့ပါသေးတယ်။ ငွေကြေးစုဆောင်းတတ်ခြင်းရဲ့ ကောင်းကြိုးတွေကို လက်တွေ့ပြလိုက်တဲ့ ဇေရဲထက်ရဲ့စိတ်ဓါတ်ကတော့ တကယ့်ကို အတုယူလေးစားစရာပါပဲ။ ဒီကနေ့ ဇန်န၀ါရီလ (၂၉) ရက်နေ့ မနက်ပိုင်း မှာတော့ သရုပ်ဆောင် ဇေရဲထက် ရဲ့ အိမ်သစ်တက် မင်္ဂလာအလှူကိုရန်ကုန်၊ မြောက်ဒဂုံမြို့ နယ်ရှိ နေအိမ်မှာပြုလုပ်ခဲ့ပါတယ်။

ပရိသတ်ကြီးအတွက် အိမ်သစ်တက်အလှူပုံရိပ်တွေနဲ့အတူ ဇေရဲထက်ရဲ့ အမိုက်စားအိမ်အသစ်ကြီးရဲ့ပုံရိပ်ကိုဖော်ပြပေးလိုက်ပါတယ်နော်။

Photo Source : myanmar celebrity

189 Shares

Add a Comment

Your email address will not be published. Required fields are marked *