ဆဋ္ဌသင်္ဂါယနာတင်​ပွဲကြီးကို အပြင်းအထန်​ကန့်​ကွက်​ခဲ့သူ #ဦးထွန်းဖေရဲ့ နောင်တ”စကား”

များသောအားဖြင့် သံဃာတွေအပေါ်ကို
အပြစ်မြင်တဲ့ ဒကာဒကာမက များနေတယ်။
အထူးအားဖြင့် မင်းတို့သတင်းထောက်
အဲဒီသတင်းထောက်က သံဃာတွေအပေါ်မှာ
ပိုပြီးတော့ အပြစ်မြင်တယ်။

အရင်တုန်းက
ထွန်းနေ့စဉ်သတင်းစာဆိုတာရှိတယ်။
ဦးထွန်းဖေ ပထမ သူဝန်ကြီးဖြစ်တယ်ပေါ့။
အဲ ဝန်ကြီးဖြစ်တာကနေပြီးတော့
သင်္ဂါယနာတင်တဲ့ကိစ္စနဲ့ ပက်သက်ပြီးတော့
သူက ကန့်ကွက်တယ်။
တိုင်းပြည်က မဖွံ့ဖြိုးသေးဘူး။
သာသနာရေးမှာ ဒီလောက်ထိအောင်
ငွေကုန်ကြေးကျခံပြီးတော့ မသုံးထိုက်ဘူ”လို့
ကန့်ကွက်ပြီးတော့ တားမြစ်တာ
မရတော့ သူက . . .ဝန်ကြီးအဖြစ်က
နှုတ်ထွက်လိုက်တယ်။
နှုတ်ထွက်ပြီးတော့ ထွန်းနေ့စဉ်
သတင်းစာဆိုပြီး သတင်းစာထုတ်ဝေတယ်။
အဲ သူကိုယ်တိုင်ပဲ
သတင်းထောက်လုပ်တယ်ကိုး။

နောက် အသက်(၈၀)ကျော် သေခါနီးတော့
အဲဒီ ဦးထွန်းဖေက ပြောတယ်တဲ့-
“ကျွန်တော်တို့ ဘုန်းကြီးတွေနဲ့
ပက်သက်ပြီးတော့ အမြင်မကြည်လင်တာ
အတော်မှားတယ်။
ကျွန်တော်တို့က သတင်းထောက်ဆိုတော့ကို
မကောင်းတဲ့ဘုန်းကြီးပဲ လိုက်ပြီးတော့
သတင်းထောက်တယ်။
အဲ သံဃာတစ်ထောင်မှာ မကောင်းတဲ့ဘုန်းကြီးက(၁၀)ပါး(၁၅)ပါး။ဒီလောက်ရှိမှာ။

အဲဒီ(၁၀)ပါး(၁၅)ပါး
ရဲ့မကောင်းသတင်းကိုသာ ကျွန်တော်တို့က
သတင်းစာထဲ ထည့်တယ်။
ကျန်တဲ့ရာပေါင်းများစွာသံဃာရဲ့
ကောင်းတာလုပ်နေတဲ့သတင်းကျတော့
ဘာမှမရေးဘူး။
အဲဒီလို မကောင်းတဲ့ ဦးဇင်းတွေကိုသာ
လိုက်ကြည့်ပြီးသတင်းထောက်နေတော့
ဘုန်းကြီးတွေအပေါ်မှာ
ကြည်ညိုလို့ မရဘူးဖြစ်သွားတယ်။

ငယ်ငယ်က ကြည်ညိုလို့ မရလောက်အောင်
ဆိုးသွမ်းတဲ့ဦးဇင်းက
အရေအတွက် နဲနဲလေးရှိတာ။
တကယ်ကြည်ညိုဖွယ်ကောင်းတဲ့ ဘုန်းကြီးတွေ
အများကြီးရှိသေးတယ်။
အဲဒါကို ကျွန်တော်မမြင်ဘူး”လို့
အသက်(၈၀)ကျော်တော့
အဲသလို သူ့ တပည့်တွေကို ပြောခဲ့တယ်-တဲ့။
အဲဒါ မှတ်ထား။

မစိုးရိမ်တိုက်သစ်ကြီးတို့၏ မဟာနာယကချုပ်
ဆရာတော် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ၏
စိန်ရတုအထိမ်းအမှတ်သြဝါဒတရားတော်များ
စာအုပ်နှာ-၁၂၂-၁၂၃မှ။
(12-1-2019)

Creditပေးပါသည်။
ပြန်လည်မျှဝေပေးလိုက်ပါသည်။

1 Shares

Add a Comment

Your email address will not be published. Required fields are marked *