#လူမိုက်​ရှာပုံ​တော်

တချိန်​တုန်းက​ပေါ့…
သူ​ဌေးကြီးက သူ့တပည့်​ တစ်​​ယောက်​ကို
လူမိုက်​ ၁၀ ​ယောက်​ရှာပြီး
နာမည်​​တွေကို မှတ်​ကာ
သူ့ဆီ ယူလာခဲ့ဖို့ ခိုင်းလိုက်​သတဲ့

အဲ့ဒီ​တော့ သူ​ဌေးကြီးရဲ့တပည့်​ဟာ
လူမိုက်​ ရှာဖို့ထွက်​လာခဲ့တယ်
မြစ်​တစ်​ခုနား အ​ရောက်​မှာ…
မြစ်​ထဲက​ရေ​တွေကို ခပ်​ပြီးသွန်​​နေတဲ့
အမျိုးသားတစ်​​​ယောက်​ကို ​တွေ့​တော့…

“​ဟေ့လူ… ဘာဖြစ်​လို့များ
မြစ်​​ရေ​တွေကို ခပ်​ပြီးသွန်​​နေတာလဲ?” လို့
သူ​မေးလိုက်​တဲ့ အချိန်​မှာပဲ…

“ကျ ပ်​တို့ရွာရဲ့ ​ကွမ်း​တောင်​ကိုင်​​လေးက
ဒီမြစ်​ထဲက​ ​ရေ​တွေကို ကုန်​​အောင်​ သွန်​နိုင်​ရင်
ကျု ပ်​ကိုပြန်​ကြို က်​မယ်​ ဆိုလို့ပါ” လို့
ပြန်​​ပြောတယ်​…

သူ​ဌေးကြီးရဲ့ တပည့်​လည်း
ဒီလူဟာ အလွန်​မိုက်​တဲ့သူပဲ လို့​တွေးပြီး
နာမည်​ ​မေးကာ
လူမိုက်​ နံပါတ်​ ( ၁ ) လို့ မှတ်​လိုက်​တယ်​၊

နောက်​ထပ်​လူမိုက်​ရှာဖို့ ဆက်​ထွက်​ခဲ့ရာ…
မြစ်​ထဲမှာ စုံချ ည်​ ဆန်​ချ ည်
လှေ​လှော်​ခပ်​​နေတဲ့သူကို ​တွေ့ပြန်​​တော့…

“​ဟေ့လူ… မြစ်​ထဲမှာ စုံချ ည်​ ဆန်​ချ ည်​ နဲ့
ဘာလို့များ ​လှေ​လှော်​​နေတာလဲ” လို့​မေး​တော့

“ကျု ပ်​ သူငယ်​ချ င်း​လေ…
ကျု ပ်​နွားကိုယူပြီး တ​နေကုန်​ ခိုင်း​နေတယ်
ဘယ်​ရမလဲဗျ
ကျု ပ်​ကလည်း သူ့​လှေယူပြီး
တ​နေကုန်​ ​လှော်​တာ​​ပေါ့” လို့ ​ပြောတယ်

ဒါ​ကြောင့်​…
ဒီလူလည်း လူမိုက်​လို့ သတ်​မှတ်ပြီး
နာမည်​ ​မေးကာ
လူမိုက်​ နံပါတ်​ (၂ ) လို့ မှတ်​ခဲ့တယ်​၊

ဒီလိုနဲ့ ဆက်​ထွက်​လာရာ…
သစ်​ခုတ်​သမား​တွေခုတ်​​နေတဲ့ သစ်​ပင်​​ပေါ်မှာ
လူတစ်​​ယောက်​ ​တွေ့တာမို့

“​ဟေ့လူ… သစ်​ပင်​​ပေါ် ဘာလုပ်​​နေတာလဲ
အောက်​မှာ သစ်​ပင်​ခုတ်​​နေတာ​လေ” ဆို​တော့

“သစ်​ပင်​​ပေါ်တက်​ပြီး ပြန်​မဆင်းတတ်​လို့
တွေ့တဲ့သူကို သစ်​ပင်​ခုတ်​ခိုင်း​ထားတာ…
အဲ့ဒါမှ ​အောက်​ကို
အလွယ်​တကူ ဆင်းလို့ရမှာ​လေ” လို့
ပြန်​​ပြောတာ​ကြောင့်​…

ဒီလူလည်း လူမိုက်​ပဲ လို့ သတ်​မှတ်​ပြီး…
လူမိုက်​ နံပါတ် (​ ၃ ) လို့ မှတ်​ခဲ့​ပြန်​တယ်​၊

ဒါနဲ့ ​တောစပ်​တစ်​​နေရာ ​ရောက်​​ပြီး…
မြေတွင်းဝမှာ ဓားတစ်​​ချောင်းနဲ့ 
ထိုင်​စောင့်​​နေတဲ့သူကို ​တွေ့ပြန်​​တော့…

“​ဟေ့လူ… ဒါ ဘာလုပ်​​နေတာလဲ” ဆို​တော့

“ကြွက်​တစ်​​ကောင်​ တွင်းထဲ ၀င်​သွားလို့
ပြန်​ထွက်​အလာကို ​စောင့်​​နေတာ…
ဒီ​ကောင်​ တွင်းထဲမှာ ကြာကြာမ​နေနိုင်​ပါဘူး
ထွက်​လာရင်​ အ​သေခုတ်​သတ်​ပြီး ချက်​စားမှာ”
လို့ ​ဖြေတယ်​…

သူ​ဌေးကြီးရဲ့တပည့်​လည်း နာမည်​​မေးကာ
လူမိုက်​ နံပါတ်​ ( ၄ ) လို့ မှတ်​လိုက်​တယ်​၊

ခရီး ဆက်ခဲ့ရာမှာ…
လက်​နှစ်​​ဖက်​​မြှောက်​ပြီး
ထိုင်​လျ က်​ လဲကျ ​နေတဲ့သူကို​တွေ့​တော့…

“​ဟေ့လူ… မ ထနိုင်​လို့လား?
မ ထနိုင်​ရင်​ ကျ ​နော်​ထူ​ပေးမယ်​” ဆိုပြီး…
ပြော​ပြောဆိုဆိုနဲ့
လက်​နှစ်ဖက်​ကို ဆွဲလိုက်​ရာ ထိုသူက…

“ကျ ​နော့်​ကို ထူ​ပေးချ င်​ရင်
ချိုင်းက မ ပြီးထူ​ပေးပါဗျာ…
ကျ ​နော်​က ​သေတ္တာဝယ်​ဖို့ မြို့ တက်​တာ
သေတ္တာကိုလက်နဲ့ တိုင်းလာတာ
လွဲမှာစိုးလို့
လမ်းမှာ ခလုတ်​တိုက်​ လဲကျ တာ​တောင်
လက်​နှစ်​ဖက်​ မချ ရဲဘူး” လို့​ပြောတာမို့

တော်​​တော်​မိုက်​တဲ့သူပဲ လို့ ​တွေးပြီး…
လူမိုက်​ အမှတ်​စဉ်​ ( ၅ ) လို့ မှတ်​ခဲ့​တယ်​၊

အဲ့ဒီ​နောက်​ သူ​ဌေးကြီးရဲ့တပည့်​လည်း
လူမိုက်​ရှာဖို့ ဆက်​ထွက်​လာခဲ့ရာ…
အငြင်းအခုန်​ လုပ်​​နေတဲ့
လူနှစ်​​ယောက်ကို ​တွေ့ပြန်​​တော့

“​ဟေ့လူ​တွေ…
ဘာ​ အငြင်းအခုန်​ ဖြစ်​​နေတာလဲ” ​မေး​တော့

“​ကောက်​ရထားတဲ့ ပိုက်​ဆံကို
နှစ်​​ယောက်​ အညီအမျှ ​ဝေယူရမယ့်​ကိစ္စမှာ
သူက အရင်​​တွေ့တဲ့သူမို့ ပိုရသင့်​တယ်​​ပြောလို့
ငြင်း​နေတာပါ” လို့ ​ပြောတာ​ကြောင့်

“ခင်​ဗျားတို့​ကောက်​ရတဲ့ ပိုက်​ဆံက
ဘယ်​​လောက်​မို့လဲ” လို့​မေးလိုက်​​တော့

“မဟုတ်​ပါဘူးဗျာ…
ပိုက်​ဆံက ​ကောက်​ မရ​သေးပါဘူး
ကောက်​ရခဲ့ရင်​ ​ပြောတာပါ” လို့​ပြောကြတယ်

အို… ဒီလူ​တွေ ဆိုပြီး နာမည်​​တွေ ​မေးကာ…
လူမိုက်နံပါတ်​ ( ၆ ) နဲ့ ( ၇ ) လို့ မှတ်ပြန်​တယ်​၊

အဲ့ဒီ​​နောက်​ သူ​ဌေးကြီးဆီ ပြန်​လာပြီး…
လူမိုက်​ ( ၇ ) ​ယောက်​နာမည်​ကို
ဥပမာနဲ့တကွ ပြ​လေတယ်​…

ဒီ​တော့ သူ​ဌေးကြီးက…
“ဟဲ့….ငါ့တပည့်​ရယ်​…
ငါ ရှာခိုင်းတာက လူမိုက်​ ( ၁၀ )​ယောက်
ခုက ( ၇ ) ​ယောက်​တည်း ရှိ​သေးတယ်​​လေ
( ၁၀ ) ​ယောက်​မှ မပြည်းပဲ” ဆို​တော့…

တပည့်​ဖြစ်​သူက…
“ပြည့်​ပါတယ်​ သူ​ဌေးကြီးရယ်​…
ဒီစာရင်းထဲမှာက
လူမိုက်​ ( ၇ ) ​ယောက်​…
ဘာမဆိုင်​ ညာမဆိုင်​၊ အ​ရည်​မရ အဖတ်​မရ
လူမိုက်​ရှာခိုင်းတဲ့ သူ​ဌေးကြီးပါရင်​…
( ၈ ) ​ယောက်​…
လူမိုက်​ရှာတဲ့ ကျ​နော်​ရယ်​ဆို​တော့…
( ၉ ) ​ယောက်​…
ဘာဗဟုသုတမှ မပါတဲ့ ဒီစာကို
ဖတ်​​နေတဲ့သူနဲ့ ဆိုရင်​…
( ၁၀ ) ​ယောက်​​လေ…” တဲ့

(ရယ်​​မော​ပျော်​ရွှင်​စွာ ဘဝကို ဖြတ်​သန်းနိုင်​ကြပါ​စေ…)😁😁😁

Crd;Ht Ut

25 Shares

Add a Comment

Your email address will not be published. Required fields are marked *