အ၀တ်ဗလာဖြင့် ကမ္ဘာပတ် စက်ဘီးစီးနေသူများ အနေဖြင့် သံရုံးမှ ခွင့်ပြုချက်ဖြင့်သာ မြန်မာနိုင်ငံသို့ ၀င်ခွင့်ရမည်

လတ်တလောတွင် အ၀တ်ဗလာဖြင့် ကမ္ဘာပတ် စက်ဘီးစီးနေသူများ မြန်မာနိုင်ငံသို့ မကြာမီ ရောက်ရှိလာမည်ဟု သတင်းများ ထွက်ပေါ်နေပြီး သံရုံးခွင့်ပြုချက်နှင့် ပြည်တွင်းကို ၀င်ရောက်လာပါက တားမြစ်သွားမည် မဟုတ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ သိရသည်။

အဆင့်အတန်း ခွဲခြားခြင်းကို ဆန့်ကျင်သည့် ကမ္ဘာပတ်စက်ဘီးစီးအသင်း Nude of Love သည် ၂၀၁၅ ခုနှစ် မတ်လတွင် နယ်သာလန်နိုင်ငံမှ ထွက်ခွာခဲ့ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ဖြတ်ကာ မြန်မာနိုင်ငံ အတွင်းသို့ ရောက်ရှိတော့မည်ဟု သတင်းများ ထွက်ပေါ်နေသည်။

“ကျွန်တော်တို့ နိုင်ငံကို နိုင်ငံခြားခရီးသွားတွေက နှစ်မျိုးနှစ်စားနဲ့ ၀င်လာလေ့ရှိတယ်။ တစ်မျိုးက နှစ်နိုင်ငံချစ်ကြည်ရေးအရ သံရုံးအချင်းချင်း ချိတ်ဆက်ပြီးဝင်လာတာရယ်၊ ခရီးသွား ကုမ္ပဏီတွေနဲ့ ချိတ်ပြီး ၀င်လာတာရယ်၊ ဒီစက်ဘီးစီးအသင်း အနေနဲ့ ဘယ်လိုပုံစံနဲ့ ပြည်တွင်းကို ၀င်လာခွင့်ပြုမလဲ ဆိုတာကတော့ သံရုံးက ညှိနှိုင်းရမှာဖြစ်တယ်၊ သံရုံးကခွင့်ပြုရင်တော့ ကျွန်တော်တို့ ၀န်ကြီးဌာနအနေနဲ့ တားမြစ်လို့မရဘူး။ လတ်တတောမှာတော့ ကျွန်တော်တို့ဌာနကို ဒီစက်ဘီးစီးအသင်း မြန်မာနိုင်ငံကို လာမယ်လို့ အကြောင်း ကြားထားခြင်း မရှိသေးဘူး”ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါ Nude of Love စက်ဘီးစီး အသင်းတွင် လူဦးရေ ၂၀၀ ကျော် ပါဝင်သည်ဟု သိရသည်။

ပြည့်ဘုန်းအောင်

2 Shares

Add a Comment

Your email address will not be published. Required fields are marked *