မဖော်မချွတ်လည်း ခပ်မိုက်မိုက်လန်းလို့ရတယ်ဆိုတာ သက်သေပြသွားခဲ့တဲ့ မိုးဟေကို

ပရိတ်သတ်ကြီးရေ မိုးဟေကိုကတော့ အနုပညာလောကထဲမှာ လျှောက်လှမ်းခဲ့တာကြာနေပြီဖြစ်တဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။မိုးဟေကိုရဲ့ အိုင်တင်တွေ သရုပ်ဆောင်ချက်တွေက ပီပြင်ပိုင်နိုင်လို့ ပရိတ်သတ်တွေက မိုးဟေကိုကို အားပေးချစ်ခင်ကြပါတယ်။အရင်ခေတ်တုန်းက အရပ်ရှည်ရှည် ခန္ဓာကိုယ်လှလှ နဲ့ ပြေပြစ်တဲ့မျက်နှာအလှလေးတွေကြောင့် ပရိတ်သတ်တွေကြားမှာ အရမ်းကိုရေပန်းစားခဲ့ပါတယ်။

မိုးဟေကို ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားတွေကလည်း အများအပြားရှိနေပြီး ယခုချိန်ထိလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပါတယ်။အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မိုးဟေကိုက စီးပွားရေးမှာလည်း အရမ်းတော်လို့ ကိုယ်ပိုင်စီးပွားရေးလေးတစ်ခုကိုလည်း ချဲ့ထွင်လုပ်ကိုင်နေတာဖြစ်ပါတယ်။အခုဆိုရင်လည်း သူမပါဝင်ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ရိုက်ကူးနေပြီဖြစ်လို့ ဇာတ်ကားရုံတင်ရင် ပရိတ်သတ်ကြီးက ရုံပြည့်ရုံလျှံအားပေးကြဦးမှာဖြစ်ပါတယ်။

မိုးဟေကိုက အခုဆိုရင် အသက်အရွယ်တစ်ခုကို ရောက်ရှိလာခဲ့ပေမယ့်လည်း သူမရဲ့ငယ်ရွယ်နုပျိုမှုတွေက ဆယ်ကျော်သက်အရွယ်တုန်းကအတိုင်းပဲ ဆက်လက်တည်ရှိနေဆဲဖြစ်ပါတယ်။မိုးဟေကိုရဲ့ အလှတရားတွေဟာဆိုရင် ဘယ်အချိန်ကြည့်ကြည့် ယုံကြည်မှုရှိစွာ လျှောက်လှမ်းနေလို့ ကျော့ရှင်းတဲ့ အလှစစ်ကိုပိုင်ဆိုင်ထားပါတယ်။ရိုးရိုးရှင်းရှင်းလေးနဲ့ အမြဲတမ်းစမတ်ကျနေတဲ့ မိုးကို ပရိတ်သတ်ကြီးက ယနေ့ချိန်ထိ ပိုချစ်ပြီး ပိုအားပေးလာကြတာဖြစ်ပါတယ်နော်။

Source:myanmarload

103 Shares

Add a Comment

Your email address will not be published. Required fields are marked *