“ချစ်သူ ယောင်္ကျားလေးတွေ မုန်းတဲ့အချက် ( ၈ ) ချက်”

“သမီးချစ်သူက ဖြတ်သွားလို့”
———————————

ကိုယ်ချစ်သူက ဖြတ်သွားတဲ့ အခါ
ကိုယ့်ချစ်သူနဲ့စိတ်ပျက်သွားတဲ့အခါ
ကိုယ့်ချစ်သူက လမ်းခွဲ သွားတဲ့ အခါ
ဆရာမဆီ ဗေဒင် လာမေးကြတယ်။
ယတြာတွေတောင်းကြတယ် ။
“ပြန် အဆင်ပြေအောင် လုပ်ပေးပါ ဆရာမရယ်”
ဆိုပြီးပေါ့
“ကိုယ်ချစ်သူက ပြန်လက်တွဲလာအောင် လုပ်ပေးပါ”
ဆိုပြီးတော့ပေါ့
ဆရာမ ကတော့ တတ်နိုင်သလောက် ယတြာကြေးမယူပဲ
လုပ်ပေးလိုက်တာပါပဲ ။
တစ်ချို့တွေလည်း အဆင်ပြေတော့လာကန်တော့ကြပါတယ်။
တစ်ချို့လည်း ဖုန်းဘေတွေ ဖြည့်ပေးကြပါတယ်

တစ်ချို့တွေက ဖူးစာမပါလို့ ရေစက်မပါလို့
ကွဲ သွားကြတာပါ။

တွေ့နေရတာတွေ အများစု က

များသောအားဖြင့်ကတော့ …

မိမိကြောင့် မိမိရဲ့ အပြောအဆို အပြု အမှု ကြောင့်
တစ်ဖက် ယောကျားလေးက စိတ်ပျက်ပြီး
လမ်းခွဲ သွားကြတာ များပါတယ် ။

အဲဒါကြောင့် သမီးများ အားလုံး သိဖို့
“ချစ်သူ ယောကျာ်းလေးတွေ မုန်းတဲ့အချက် ( ၈ ) ချက်”
ကို ပြော ပြလိုက်ရပါတယ် ။ အားလုံး သိသင့်ပါတယ် ။
……………..
“ချစ်သူ ယောကျာ်းလေးတွေ မုန်းတဲ့အချက် ( ၈ ) ချက်”
====================================

၁။ “စကားကို ပိတ်မပြောပါနဲ့”
———————————-
ယောကျာ်းလေးတွေဟာ သူတို့ရှင်းပြဖို့ ကြိုးစားနေချိန်မှာ
နင်ပြောတာငါ ဘာမှမကြားချင်ဘူး ဘာမှလာရှင်းပြမနေနဲ့တော့
လို့ ပိတ်ပြောတဲ့အခါမျိုးမှာ အကြီင်္းအကျယ် စိတ်ပျက်သွားတတ်ပါတယ်
ပိတ်မပြောမိပါစေနဲ့ရှင်းပြတာကို သေချာတစ်ခေါက်လောက်
နားထောင်ပြီးမှဘာဆက်လုပ် သင့်တယ်ဆုံးဖြတ်ပါ

၂။ “နေရာတကာ ဆရာမလုပ်နဲ့”
————————————–
ယောကျာ်းဆိုတဲ့အမျိုးက ကိုယ်တိုင်ဦးဆောင်ပြီး လုပ်ချင်ကြတယ်
(တစ်ချို့အရည်ချင်းမရှိတဲ့လူတွေကလွဲလို့ပေါ့) အဲ့တာကို
နေရာတကာ ကားကိုဘယ်လိုမောင်း ဟိုရှေ့မှာကားကြီး
လာနေတယ်လေမမြင်ဘူးလားဆိုပြီးတော့
ဆရာဝင်လုပ်ရင် အမြင်ကပ်လာရော

၃။ “တခြားဘဲတွေနဲ့သိပ်ရောရောနှောနှောနေမပြနဲ့”
—————————————————————
ချစ်သူမရှိခင်က ကြိုက်သလိုနေခွင့်ရှိပေမဲ့ ချစ်သူရှိပြီးနောက်ပိုင်း
တခြားဘဲတွေနဲ့ ပလူးပလဲ လုပ်ပြနေရင် ယောကျာ်းလေးတွေ
စိတ်ထဲမှာ ဒီလိုပဲအမြဲတမ်းနေနေတာလို့ထင်သွားတတ်ပါတယ်

၎။ “သိပ်ပြီးမိုက်ရူးရဲမဆန်နဲ့”
————————————
မိန်းကလေးတစ်ယောက်အနေနဲ့မလုပ်သင့်တဲ့အရာကို
မလုပ်နဲ့လို့တားနေရင် သိပ်ချစ်လို့ဆိုတာသတိရပါ
မချစ်တဲ့လူက အဖက်တောင်လုပ်ပြီးပြောမနေဘူးလေ

၅။ “အချိန်ကိုလေးစားပါ”
——————————–
မိန်းကလေးတွေ အချိန်ကိုနောက်ကျတာမကြိုက်သလို
ယောကျာ်းလေးတွေလဲ သိပ်မကြိုက်ကြပါဘူး
အမြဲတမ်းမဟုတ်တောင် ကြိုးစားပြီးတော့တော့
အချိန်ကိုလေးစားပေးပါ ၊

၆။ “အကြောင်းမရှိအကြောင်းရှာစိတ်မကောက်နဲ့”
———————————————————–
စိတ်ကောက်တတ်တာမိန်းကလေးတွေရဲ့ သဘာဝဆိုပေမဲ့
ခဏခဏစိတ်ကောက်နေတာမျိုးကျတော့
ယောကျာ်းလေးတွေဖက်က ကြာတော့
စိတ်မရှည်တော့တာမျိုးတွေဖြစ်လာတတ်ပါတယ်
စိတ်ကောက်တာကကောက်ပါအချော့ခံချင်တိုင်း
အရမ်းကာရော ခဏခဏစိတ်မကောက်ပါနဲ့
ချစ်ချစ်ခင်ခင်လေးပဲနေချင်ကြတယ် စိတ်ကောက်တာကို
ချော့နေတာနဲ့ပဲအချိန်ကုန်မခံချင်ဘူး

၇။ “ရန်ဖြစ်ရင် လက်မပါနဲ့”
——————————–
မိန်းကလေးတွေက တစ်ခုခုဆို ပါးရိုက်ချင်ကြတယ်
အဲ့တာကိုမှန်တယ်လို့ယူဆနေကြတယ်
ကိုယ့်ချစ်သူက ကိုယ့်အပေါ်မှာ ဘယ်တုန်းကမှ
လက်မပါခဲ့ဖူးဘူးဆိုရင် ကိုယ့်ဖက်ကလဲမပါနိုင်အောင်
ထိန်းချုပ်ပြီး အေးအေးဆေးဆေးဖြေရှင်းပါ

၈။ “လမ်းခွဲစကားကိုအလွယ်တကူမပြောနဲ့”
—————————————————-
ရန်ဖြစ်တဲ့အခါ နင့်လိုကောင်မျိုးတော့ ခေါင်းခေါက်ရွေးလို့
ရတယ် နင်နဲ့ငါပြတ်ပြီ ထပ်ပတ်သတ်ဖို့မလိုတော့ဘူးဆိုတဲ့
စကားမျိုးပြောတဲ့အခါ ယောကျာ်းလေးဖက်က သိပ်ချစ်လွန်းတဲ့
လူမျိုးတောင် မာနနဲ့သိက္ခာအရ လမ်းခွဲပေးသွားတတ်ပါတယ်
အဲ့ဒီတော့ လမ်းခွဲစကားကိုအလွယ်တကူမပြောမိပါစေနဲ့

————၊၊၊၊၊၊၊၊၊—————-

တစ်ကယ်တော့ အားလုံးပြည့်စုံတဲ့လူဆိုတာမရှိပါဘူး
ချစ်သူတွေတစ်ယောက်နဲ့တစ်ယောက်
နားလည်နိုင်ရင်အကောင်းဆုံး ပါပဲ ။

ချစ်သူအားလုံးပျော်ရွှင်စွာလက်တွဲသွားနိုင်ပါစေ…

လို့ ဆုတောင်းပေးရင်း ..

Crd:bahuthuta

599 Shares

Add a Comment

Your email address will not be published. Required fields are marked *