တရုတ်တန်းရဲ့ မီးပုံးတွေအောက်မှာ အကြည့်စူးစူးနဲ့ ပျိုပျိုမေတို့နှလုံးသားကို ဖမ်းဆုပ်လိုက်တဲ့ နေဒွေး

29 Shares

နှုတ်ခမ်းနီမလေးတွေရဲ့ Idol မင်းသားချောတစ်ဦးဖြစ်တဲ့နေဒွေးတစ်ယောက် သူ့ရဲ့အလန်းစားပုံရိပ်တွေကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှလိုက်တာပဲ ဖြစ်ပါတယ်။ အောင်မြင်တဲ့မင်းသားတစ်လက်ဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားတော်တော်များများမှာလည်း ကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့တာကြောင့် အားပေးသူပရိသတ်တွေအခိုင်အမာ ရရှိထားသူတစ်ယောက်လည်းဖြစ်ပါတယ်။

ချစ်သူနဲ့လည်း ချစ်သက်တမ်းနှစ်နှစ်ကျော်ခဲ့ပြီဖြစ်ပြီး ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ ပျော်စရာကောင်းတဲ့ အချစ်ရေးလေးကိုဖန်တီးထားတာပဲဖြစ်ပါတယ်။ ရှုတင်သွားတိုင်းမှာ အမြဲလိုလိုမိခင်ပါတတ်ပြီး မေမေကသိပ်ချစ် မေမေ့ကိုအရမ်းချစ်တဲ့ သားလိမ္မာလေးတစ်ယောက်လည်းဖြစ်ပါတယ်။

တရုတ်တန်းက မီးပုံးနီနီတွေအောက်မှာရိုက်ကူးထားတဲ့ သူ့ရဲ့အမိုက်စားပုံရိပ်တွေကို ” အိပ်ရေးပျက်တာနဲ့ နေမကောင်းတာနဲ့ ပင်ပန်းနေတာနဲ့ဆိုတော့ ဒီရုပ်ထွက်သွားတယ် ” ဆိုပြီးတင်ထားတာပဲထြစ်ပါတယ်။ ဘယ်လိုနေနေကြည့်ကောင်းလွန်းတဲ့ နေဒွေးရဲ့အမိုက်စားပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source:Nay Dway

29 Shares

Add a Comment

Your email address will not be published. Required fields are marked *