အိမ်သာကိုဆေးပြီး ကုသိုလ်ယူခဲ့ကြတဲ့ စမိုင်းလ်တို့ဇနီးမောင်နှံ

အဓိဌာန် (၃) ရက်မြောက်နေ့မှာ လူအများမလုပ်ချင်တဲ့ အိမ်သာကိုဆေးပြီး ကုသိုလ်ယူခဲ့ကြတဲ့ စမိုင်းလ်တို့ဇနီးမောင်နှံ

ပရိသတ်တွေချစ်ကြတဲ့ စမိုင်းလ်ဟာ မော်ဒယ်ဘဝကနေစပြီး လူသိများလာခဲ့ရက အခုဆို ပရိသတ်တွေ အခိုင်အမာရှိတဲ့ မင်းသမီးတစ်လက် ဖြစ်လို့နေပါပြီ။ စမိုင်းလ်က အခုဆိုရင် သရုပ်ဆောင်အလုပ်ကို မလုပ်ကိုင်တော့ပဲ ခင်ပွန်းဖြစ်သူနဲ့အတူတူ စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်ရင်း ပျော်ရွှင်သာယာတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။

စမိုင်းလ်က သစ်တံခါးဆရာတော်ဘုရားကြီးရဲ့ မွေးနေ့အလှူမှာ ဖုန်းအလုံး ၁၀၀ ကို မဲဖောက်ပေးပြီးတဲ့နောက်မှာ ဆရာတော်ဘုရားကြီးကျောင်းမှာ အဓိဠာန်ဝင် ကုသိုလ်ယူခဲ့တာပဲဖြစ်ပါတယ်။

အဓိဠာန် ၃ ရက်မြောက်နေ့မှာတော့ စမိုင်းလ်တို့ ဇနီးမောင်နှံက ဆရာတော်ဘုရားကြီးရဲ့ကျောင်းမှာ ကျောင်းရဲ့ဝေယာဝစ္စတွေကို ပြုလုပ်ရင်း ကုသိုလ်ယူခဲ့ကြပါတယ်။

ပရိသတ်တွေအတွက် စမိုင်းလ်တို့ ဇနီးမောင်နှံရဲ့ ကုသိုလ်ယူခဲ့ကြပုံလေးတွေကိုဝေမျှပေးလိုက်ပါတယ်။

ပရိသတ်ကြီးလဲ ဝေယာဝစ္စတွေလုပ်ပေးနေတဲ့ စမိုင်းလ်တို့ ဇနီးမောင်နှံရဲ့ ကုသိုလ်လေးကို ကြည့်ပြီး သာဓုခေါ်နိုင်ကြပါစေနော်။

Credit-Momolay

282 Shares

Add a Comment

Your email address will not be published. Required fields are marked *