အရှေ့တောင်အာရှရဲ့ ဗင်းနစ်မြို့

25 Shares

ပုသိမ်ကို လာခဲ့ပါ … … … … … မွန်မြန်မာတွေ စတင်တည်ထားခဲ့တယ့်မြို့
အရှေ့တောင်အာရှရဲ့ ဗင်းနစ်မြို့ လို့ အင်္ဂလိပ်တွေ တင်စားခဲ့တဲ့မြို့
မြန်မာပြည်ရဲ့ စပါးကျီ ဖြစ်တယ့် မြစ်ဝကျွန်းပေါ် ဒေသရဲ့
မြို့တော် ပင်လယ်ကူး သဘောင်္ကြီးတွေ ဆိုက်ကပ်ခဲ့ရာမြို့


မြန်မာပြည်ရဲ့ ရာဇဝင်မှာ နှစ်ပေါင်းထောင်ချီသက်တမ်းရှိခဲ့တဲ့ မြို့လေးမှာ ကိုယ်ရှိနေတယ်လေ . ဥမ္မာဒဏ္ဏီမင်းသမီးရဲ့ အချစ်ကိုရဖို့အတွက်
အပြိုင်ဆိုင် ဘုရားတည်ထားခဲ့တယ့်
ရှင်ဘုရင်တွေရဲ့အချစ်
ဇာတ်လမ်းထဲကလို ဆွတ်ပျံ့ဖွယ်ရာ အချစ်ဇာတ်လမ်းလေးတွေထဲ ကိုယ်တို့နာမည်လေးထပ်တိုးချင်တာ .
ပုသိမ်ကို လာခဲ့ပါ .
ရွှေမုဋ္ဌောဘုရားမှာ
နောင်ဘဝဆက်တိုင်း ပေါင်းဆုံခွင့်ရအောင်
ဆုတွေတောင်းရင်း
ရွေမုဋ္ဌောဘုရားပေါ်ကနေ ငဝန်မြစ်တဘက်ကမ်းက ဒေါက်တင်ထားတယ့် သဘောင်္တွေကိုလှမ်းကြည့်နေတဲ့ မင်းမျက်နှာလေးကို ငေးချင်တယ် . ရေဆင်းတန်ဆောင်းဖက်ကိုဆင်းတဲ့ စောင်းတန်းက လှေခါးထစ်တွေမှာ မင်းလက်ကိုဆွဲပြီး ပြုံးချင်တယ် . စည်းလုံးမူ့ရဲ့ ပြယုဂ် ဖြစ်တယ့်
ရုပ်တုကြီးတွေရှိရှာ
လမ်းသစ်ခွ ကနေ
တောင်ပေါ်လမ်းအတိုင်း ကြိုးတံတားကို ဖြတ်ပြီး နှီးဘုရားထိ ဆိုင်ကယ်တူတူစီးချင်တယ် . လွမ်းမောဖွယ်ရာ ရေကြည်ရေနောက်ကန်နဲ့ ကြည်ညိုဖွယ်ရာ ရေကြည်ဦးဘုရား နေရာစုံလိုက်ပို့ရင်း ဓာတ်ပုံလှလှလေးရိုက်ပေးချင်တယ် .
ပုသိမ်ကို လာခဲ့ရင်ပေါ့ .


ပုသိမ်ကမ်းနား ရေပေါ်ဈေးရဲ့ညဈေးတန်းမှာ မင်းစားချင်တာလေးတွေ
ဝယ်ကျွေးတဲ့အခါ ကိုယ့်လက်မောင်းကိုတွဲထားမှာလား . တခါရောက်ဖူးရင် ဘယ်တော့မှ မေ့လို့မရတော့တယ့် ကန်သုံးဆင့်ရေပြင်ကြီးရယ်
Royal lakeကြီးရယ့် ခုံတန်းလေးတွေမှာ ထိုင်ရင်း မင်းနဖူးလေးကိုနမ်းခဲ့မိရင်
မင်းစိတ်ဆိုးမှာလား …

ပုသိမ်မြို့ရယ့်
နှစ်စဉ်သမိုင်းဝင် နိဂြောဓ ဗျာဒိတ်ပေး ဘုရားကြီးနဲ့ ရှမ်းကုန်သည် လှည့်တယ့်အခါလည်း မင်းကိုလိုက်ပြချင်တယ်
တောင်ပေါ် အကြော်ဆိုင်က
အကြော်နဲ့ ပုသိမ်ကော်ရည်
ပုသိမ်ဟာလဝါ ဘယ်ဟာ အရင်စားရမလဲ မင်းခေါင်းကုတ်နေမှာလား .
ချောင်းသာ ကမ်းခြေကို
လိုက်ပို့တယ့်အခါမှာ တောင်တွေပေါ်ကို ကွေ့ပတ်မောင်းရင်
မင်းစိတ်ပူပြီး ကိုယ့်ခါးလေးကို ဖက်ထားမှာလား . အပျော်ဆိုတာ ကိုယ်မျှဝေချင်တဲ့သူ မရှိတဲ့အခါ မပြည့်စုံဘူးတဲ့ . အရမ်းသာယာလှတဲ့
ကမ်းခြေနဲ့ တန်ခိုးကြီး ဘုရားတစ်ဆူရှိတယ့်
မြတ်မော်တင်စွန်းဘုရားကို
လိုက်ပို့တယ့်အခါ မမပုသိမ်သူသီချင်းလေး နားဆင်ရင်း


မင်းပျော်နေမှာလာ့း
ရာဇဝင်များရဲ့ သတို့သမီးကို မွေးဖွားခဲ့တယ့် ရထားဥသြသံကို ကြားရင် အမေနဲ့ အိမ်ကို လွမ်းမောခဲ့ရတယ့် ဘူတာရုံလေးရှိတယ့် ကိုငှက်ရဲ့ မြို့
ခင်မောင်ထူးရဲ့မြို့ ကဗျာဆရာတေးရေးဆရာတွေ ထွက်တယ့်မြို့
မင်းပြန်တယ့်အခါ
ပုသိမ်လက်ဆောင်ဟာလဝါနဲ့
ပုသိမ်ထီး ကိုလက်ဆောင်အဖြစ်ထည့်ပေးချင်တယ် ဘယ်အချိန်ရောက်ရောက် ကိုယ့်ကိုအမြဲသတိရနေမယ့် ကမ်းခြေလက်ဆောင် ခရုပုတီးလေးရယ် ကိုယ်နေတဲ့မြို့လေးရဲ့ အပျော်လေးတွေပိုပီပြင်ဖို့ ပုသိမ်ကို လာခဲ့ပါလား ချစ်ရသူရယ်…😍😍😍

Credit Oo Oscar & Lin Htet
Credit Photo

25 Shares

Add a Comment

Your email address will not be published. Required fields are marked *