ဘဂၤလီမ်ားကုိခုိးသြင္​းသူအပါအဝင္ ၁၃ဦး ​ဖမ္​းဆီးရမိ

4 Shares

ဘဂၤလီမ်ားကုိခုိးသြင္​းသူအပါအဝင္ ၁၃ဦး
​ဖမ္​းဆီးရမိ

မင္းလွႏွင့္ မင္းတုန္းၿမိဳ႕နယ္တို႔၌ အစၥလာမ္ဘာသာဝင္(၁၁)ဦးႏွင့္ လိုက္ပါပို႔ေဆာင္သူ မႈခင္းရႈေထာင့္ဂ်ာနယ္သတင္းေထာက္တစ္ဦးအပါအဝင္ အစၥလာမ္ဘာသာဝင္(၂)ဦး၊ စုစုေပါင္း(၁၃)ဦး ဖမ္းဆီးရမိ
ေနျပည္ေတာ္၊ ေဖေဖာ္ဝါရီ ၅


၂၀၁၉ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၄ ရက္ေန႔ နံနက္ ၁ နာရီ ၁၅ မိနစ္အခ်ိန္ မေကြးတိုင္းေဒသႀကီး ရဲတပ္ဖြဲ႕မႉး႐ုံးမွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာပူးေပါင္းအဖြဲ႕သည္ သရက္ခရိုင္၊ မင္းလွၿမိဳ႕နယ္၊ သကၠယ္ေျမာင္ ေက်းရြာ၏ အေနာက္ေတာင္ဘက္ ၃ ဖာလုံခန္႔အကြာေတာစပ္၌ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ ေတာင္ေထာင္ ဟရားေက်းရြာေန ကိုဆြင္(ခ)ေက်ာ္နိုင္(၁၉)ႏွစ္အား ဖမ္းဆီးရမိခဲ့သျဖင့္ မြန္းလြဲ ၂ နာရီ ၁၀ မိနစ္ အခ်ိန္တြင္ မင္းလွၿမိဳ႕မရဲစခန္းသို႔ ေခၚေဆာင္ကာ ၿမိဳ႕နယ္လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အား ဦးစီးဌာနမွ ဦးစီးမႉး ဦးေအာင္မင္းဦး အဖြဲ႕ႏွင့္ပူးေပါင္းစစ္ေဆးခဲ့ရာ ၎အပါအဝင္ ရခိုင္ ျပည္နယ္မွ အစၥလာမ္ဘာသာဝင္(၁၁)ဦး ထြက္ခြာလာစဥ္ ၎မွာ ေျခေထာက္နာၿပီး လမ္းမေလၽွာက္ နိုင္သျဖင့္ ေတာထဲ၌ ထားရစ္ခဲ့ေၾကာင္းႏွင့္ ၎တို႔အား မင္းတုန္းၿမိဳ႕နယ္တစ္ေနရာ၌ ကား(၂)စီးျဖင့္ လာေရာက္ေခၚေဆာင္ကာ ရန္ကုန္ၿမိဳ႕သို႔ဆက္လက္ပို႔ေဆာင္မည္ျဖစ္ေၾကာင္းသိရွိရသည္။
နံနက္ ၁ နာရီ ၄၅ မိနစ္အခ်ိန္တြင္ မင္းတုန္းၿမိဳ႕နယ္၊ ကန္လည္တံတား လုံျခဳံေရးရဲကင္း၌ ရဲတပ္ဖြဲ႕ဝင္မ်ားက ပိတ္ဆို႔ရွာေဖြစစ္ေဆးရာ တာေမြၿမိဳ႕နယ္၊ က်ိဳကၠဆံလမ္းေန ခင္ေမာင္ထြန္း(၄၃)ႏွစ္ (သတင္းေထာက္-မႈခင္းရႈေထာင့္ဂ်ာနယ္)ေမာင္းႏွင္လာေသာ DD/×××× Probox ယာဥ္အား ရပ္တန္႔စစ္ေဆးစဥ္ အဆိုပါယာဥ္ေနာက္မွ တာေမြၿမိဳ႕နယ္ေန ေမာင္ညိဳ(ခ)ရဲထြန္းလြင္(၄၅)ႏွစ္ ေမာင္းႏွင္၍ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ ေတာင္ေထာင္ဟရားေက်းရြာေန အဘုေရွ(ခ)ခိုင္ရိုလာမီ(၁၉)ႏွစ္ပါ အစၥလာမ္ ဘာသာဝင္(၁၀)ဦး လိုက္ပါလာေသာ 1Q/×××× Hijet ယာဥ္မွ ကန္လည္တံတားရဲကင္း ေမာင္းတံ အား တိုက္၍ ေမာင္းႏွင္ထြက္ေျပးသြားသျဖင့္ လိုက္လံဖမ္းဆီးခဲ့သည္။


နံနက္ ၂ နာရီ ၅ မိနစ္အခ်ိန္တြင္ မဲဇလီေက်းရြာအနီး ပုသိမ္-မုံရြာကားလမ္း မိုင္တိုင္(၂၀၂/၅-၆) ၾကား၌ ေမာင္ညိဳ(ခ)ရဲထြန္းလြင္ႏွင့္ ေမာ္ေတာ္ယာဥ္အား ဖမ္းဆီးရမိၿပီး အစၥလာမ္ဘာသာဝင္(၁၀) ဦးအား လမ္းတြင္ ခ်ထားခဲ့သျဖင့္ လိုက္လံရွာေဖြရာ နံနက္ ၄ နာရီ ၃၀ မိနစ္အခ်ိန္ က်ီးကန္ေက်း ရြာအနီး ပုသိမ္-မုံရြာကားလမ္း၊ မိုင္တိုင္(၂၀၆/၅-၆)ၾကား အေနာက္ဘက္ ၁ ဖာလုံခန္႔အကြာ လၽွိုအ တြင္း၌ ဖမ္းဆီးရမိခဲ့သျဖင့္ ယာဥ္ေမာင္း(၂)ဦးႏွင့္ အစၥလာမ္ဘာသာဝင္(၁၀)ဦးတို႔အား မင္းတုန္း ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး႐ုံးသို႔ ေခၚေဆာင္၍ ၿမိဳ႕နယ္လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အားဦးစီးဌာနမွ ဦးစီးမႉး ဦးသန္းထြန္းဦး ပါပူးေပါင္းအဖြဲ႕ျဖင့္ အေသးစိတ္စစ္ေဆးခဲ့သည္။
စစ္ေဆးခ်က္အရ လြန္ခဲ့ေသာ ၁ လခန္႔က ေက်ာက္ေတာ္ၿမိဳ႕နယ္၊ ႏွီးႏွံေက်းရြာေန ပြဲစား ေနာ္ဘီဟူေဆာင္း(ခ)စံလွေက်ာ္၊ ေနာ္ဘီဟူစိန္(ခ)သိန္းလွေက်ာ္၊ ဟာဂ်င္စု၊ နိုဟာမက္ႏွင့္ ေက်ာက္ေတာ္ၿမိဳ႕ ေခါင္းေပါက္ရပ္ကြက္ေန နိုမာမြတ္တို႔ ၅ ဦး(စိစစ္ဆဲ)မွ မေလးရွားနိုင္ငံသို႔ က်ပ္ (၄၀)သိန္းျဖင့္ ပို႔ေဆာင္ေပးမည္ဟု ေျပာဆိုစည္း႐ုံးခဲ့ေၾကာင္း၊ တစ္ပတ္ခန္႔အၾကာ ႏွီးႏွံေက်းရြာတြင္ အစၥလာမ္ဘာသာဝင္(၅)ဦးအား လူစု၍ အမ်ိဳးသား(၃)ဦးပါေသာ စက္ေလွျဖင့္ ကုလားတန္ျမစ္မွ ၃ ရက္ခန္႔ အၾကာေမာင္းႏွင္ကာ အမ္းေခ်ာင္းကမ္းစပ္ တစ္ေနရာသို႔လည္းေကာင္း၊ ေက်ာက္ေတာ္ၿမိဳ႕ ေခါင္းေပါက္ ရပ္ကြက္၌ အစၥလာမ္ဘာသာဝင္(၆)ဦးအား လူစု၍ လမ္းၿပ ၃ ဦး ပါစက္ေလွျဖင့္ ေက်ာက္ေတာ္ ေခ်ာင္းမွ ၂ ရက္ခန္႔အၾကာေမာင္းႏွင္ကာ အမ္းၿမိဳ႕အနီးကမ္းစပ္တစ္ေနရာသို႔ လည္းေကာင္းသြား ေရာက္ခဲ့ေၾကာင္း သိရွိရသည္။
ထို႔ေနာက္ ကမ္းစပ္၌ ေစာင့္ဆိုင္းေနသူ(၂)ဦးမွ ေျခလၽွင္ေခၚေဆာင္ခဲ့ရာ ရခိုင္ရိုးမေတာ အတြင္းရွိ တဲ ၁ လုံးသို႔ ေရာက္ရွိစုစည္းခဲ့ေၾကာင္း၊ ၎တဲတြင္ ပြဲစားမ်ားမွ မေလးရွားနိုင္ငံသို႔ သြားေရာက္မည့္သူမ်ား၏ ေနအိမ္ရွိ မိသားစုမ်ားထံ ပို႔ေဆာင္ခေငြေပးေခ်ရန္ေတာင္းခံရာ ေငြအေက် ေခ်ေပးသည္အထိ(၂၁)ရက္ၾကာ ေနထိုင္ခဲ့ေၾကာင္း၊ ၎ေနာက္ ၃ ရက္ခန္႔ လမ္းေလၽွာက္ခဲ့ၿပီး ေဖေဖာ္ဝါရီလ ၃ ရက္ေန႔ ည ၁၁ နာရီ ၅၅ မိနစ္အခ်ိန္ ပုသိမ္-မုံရြာကားလမ္းမိုင္တိုင္ (၂၄၀)အနီးသို႔ ေရာက္ရွိခဲ့ေၾကာင္းသိရွိရသည္။


ယာဥ္ေမာင္း ခင္ေမာင္ထြန္း(မႈခင္းရႈေထာင့္ဂ်ာနယ္သတင္းေထာက္)သည္ ရင္းႏွီးသူ သာေကတၿမိဳ႕နယ္၊ ေဒါပုံရပ္ကြက္ေန ဟာဂ်ီဆြတ္(ခ)ဟာဂ်ီ ေက်ာ္ျမင့္မွ အစၥလာမ္ဘာသာဝင္ (၁၁)ဦးအား ၁ ဦးလၽွင္ ပို႔ေဆာင္ခက်ပ္(၄)သိန္းျဖင့္ စုစုေပါင္း(၄၄)သိန္းေပးကာ ေခၚေဆာင္ခိုင္း၍ ေနာက္ထပ္ယာဥ္တစ္စီးႏွင့္ ယာဥ္ေမာင္း ေမာင္ညိဳ(ခ)ရဲထြန္းလြင္အား က်ပ္(၅)သိန္း ေပးမည္ဟု ေျပာဆိုေခၚေဆာင္ခဲ့ေၾကာင္း၊ ဟာဂ်ီဆြတ္(ခ)ဟာဂ်ီေက်ာ္ျမင့္(ခ)ဟာဂ်ီအီဆုမွ ဖုန္းဆက္သြယ္ လမ္းညႊန္မႈျဖင့္ ခင္ေမာင္ထြန္း ဦးေဆာင္ကာ အစၥလာမ္ဘာသာဝင္(၁၀)ဦးအား သာေကတၿမိဳ႕နယ္သို႔ ပို႔ေဆာင္ျခင္းျဖစ္ေၾကာင္းႏွင့္ ေရာက္ရွိကဖုန္းျဖင့္ဆက္သြယ္ၿပီး ဟာဂ်ီဆြတ္(ခ) ဟာဂ်ီေက်ာ္ျမင့္(ခ) ဟာဂ်ီအီဆုမွ လာေရာက္ေခၚေဆာင္မည္ျဖစ္ေၾကာင္း၊ ခင္ေမာင္ထြန္းသည္ လြန္ခဲ့ေသာ(၁)ႏွစ္ခန္႔မွ စ၍ မႈခင္းရႈေထာင့္ဂ်ာနယ္မွ သတင္းေထာက္(၁)ဦး ျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့ေသာေၾကာင့္ ေမာင္ညိဳ(ခ)ရဲထြန္းလြင္ႏွင့္ ခင္ေမာင္လြင္ တို႔(၂)ဦးအား မင္းတုန္းၿမိဳ႕မရဲစခန္း(ပ)၂၂/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၆၇ ျဖင့္ လည္းေကာင္း၊ ေဖေဖၚဝါရီလ ၅ ရက္ေန႔တြင္ အစၥလာမ္ဘာသာဝင္ (၁၁)ဦးတို႔အား မင္းလွႏွင့္ မင္းတုန္းၿမိဳ႕နယ္လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အားဦးစီးဌာနမွ ျမန္မာနိုင္ငံအတြင္းေနထိုင္သူမ်ားမွတ္ပုံတင္ေရးဥပေဒပုဒ္မ ၆(၂)/၆(၃) ျဖင့္ တရားစြဲဆိုေဆာင္ရြက္ လ်က္ရွိေၾကာင္း သတင္းရရွိသည္။

မင်းလှနှင့် မင်းတုန်းမြို့နယ်တို့၌ အစ္စလာမ်ဘာသာဝင်(၁၁)ဦးနှင့် လိုက်ပါပို့ဆောင်သူ မှုခင်းရှုထောင့်ဂျာနယ်သတင်းထောက်တစ်ဦးအပါအဝင် အစ္စလာမ်ဘာသာဝင်(၂)ဦး၊ စုစုပေါင်း(၁၃)ဦး ဖမ်းဆီးရမိ
နေပြည်တော်၊ ဖေဖော်ဝါရီ ၅


၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၁ နာရီ ၁၅ မိနစ်အချိန် မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် သရက်ခရိုင်၊ မင်းလှမြို့နယ်၊ သက္ကယ်မြောင် ကျေးရွာ၏ အနောက်တောင်ဘက် ၃ ဖာလုံခန့်အကွာတောစပ်၌ ကျောက်တော်မြို့နယ်၊ တောင်ထောင် ဟရားကျေးရွာနေ ကိုဆွင်(ခ)ကျော်နိုင်(၁၉)နှစ်အား ဖမ်းဆီးရမိခဲ့သဖြင့် မွန်းလွဲ ၂ နာရီ ၁၀ မိနစ် အချိန်တွင် မင်းလှမြို့မရဲစခန်းသို့ ခေါ်ဆောင်ကာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနမှ ဦးစီးမှူး ဦးအောင်မင်းဦး အဖွဲ့နှင့်ပူးပေါင်းစစ်ဆေးခဲ့ရာ ၎င်းအပါအဝင် ရခိုင် ပြည်နယ်မှ အစ္စလာမ်ဘာသာဝင်(၁၁)ဦး ထွက်ခွာလာစဉ် ၎င်းမှာ ခြေထောက်နာပြီး လမ်းမလျှောက် နိုင်သဖြင့် တောထဲ၌ ထားရစ်ခဲ့ကြောင်းနှင့် ၎င်းတို့အား မင်းတုန်းမြို့နယ်တစ်နေရာ၌ ကား(၂)စီးဖြင့် လာရောက်ခေါ်ဆောင်ကာ ရန်ကုန်မြို့သို့ဆက်လက်ပို့ဆောင်မည်ဖြစ်ကြောင်းသိရှိရသည်။
နံနက် ၁ နာရီ ၄၅ မိနစ်အချိန်တွင် မင်းတုန်းမြို့နယ်၊ ကန်လည်တံတား လုံခြုံရေးရဲကင်း၌ ရဲတပ်ဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေစစ်ဆေးရာ တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်းနေ ခင်မောင်ထွန်း(၄၃)နှစ် (သတင်းထောက်-မှုခင်းရှုထောင့်ဂျာနယ်)မောင်းနှင်လာသော DD/×××× Probox ယာဉ်အား ရပ်တန့်စစ်ဆေးစဉ် အဆိုပါယာဉ်နောက်မှ တာမွေမြို့နယ်နေ မောင်ညို(ခ)ရဲထွန်းလွင်(၄၅)နှစ် မောင်းနှင်၍ ကျောက်တော်မြို့နယ်၊ တောင်ထောင်ဟရားကျေးရွာနေ အဘုရှေ(ခ)ခိုင်ရိုလာမီ(၁၉)နှစ်ပါ အစ္စလာမ် ဘာသာဝင်(၁၀)ဦး လိုက်ပါလာသော 1Q/×××× Hijet ယာဉ်မှ ကန်လည်တံတားရဲကင်း မောင်းတံ အား တိုက်၍ မောင်းနှင်ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးခဲ့သည်။
နံနက် ၂ နာရီ ၅ မိနစ်အချိန်တွင် မဲဇလီကျေးရွာအနီး ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်(၂၀၂/၅-၆) ကြား၌ မောင်ညို(ခ)ရဲထွန်းလွင်နှင့် မော်တော်ယာဉ်အား ဖမ်းဆီးရမိပြီး အစ္စလာမ်ဘာသာဝင်(၁၀) ဦးအား လမ်းတွင် ချထားခဲ့သဖြင့် လိုက်လံရှာဖွေရာ နံနက် ၄ နာရီ ၃၀ မိနစ်အချိန် ကျီးကန်ကျေး ရွာအနီး ပုသိမ်-မုံရွာကားလမ်း၊ မိုင်တိုင်(၂၀၆/၅-၆)ကြား အနောက်ဘက် ၁ ဖာလုံခန့်အကွာ လျှိုအ တွင်း၌ ဖမ်းဆီးရမိခဲ့သဖြင့် ယာဉ်မောင်း(၂)ဦးနှင့် အစ္စလာမ်ဘာသာဝင်(၁၀)ဦးတို့အား မင်းတုန်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ ခေါ်ဆောင်၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဦးစီးမှူး ဦးသန်းထွန်းဦး ပါပူးပေါင်းအဖွဲ့ဖြင့် အသေးစိတ်စစ်ဆေးခဲ့သည်။


စစ်ဆေးချက်အရ လွန်ခဲ့သော ၁ လခန့်က ကျောက်တော်မြို့နယ်၊ နှီးနှံကျေးရွာနေ ပွဲစား နော်ဘီဟူဆောင်း(ခ)စံလှကျော်၊ နော်ဘီဟူစိန်(ခ)သိန်းလှကျော်၊ ဟာဂျင်စု၊ နိုဟာမက်နှင့် ကျောက်တော်မြို့ ခေါင်းပေါက်ရပ်ကွက်နေ နိုမာမွတ်တို့ ၅ ဦး(စိစစ်ဆဲ)မှ မလေးရှားနိုင်ငံသို့ ကျပ် (၄၀)သိန်းဖြင့် ပို့ဆောင်ပေးမည်ဟု ပြောဆိုစည်းရုံးခဲ့ကြောင်း၊ တစ်ပတ်ခန့်အကြာ နှီးနှံကျေးရွာတွင် အစ္စလာမ်ဘာသာဝင်(၅)ဦးအား လူစု၍ အမျိုးသား(၃)ဦးပါသော စက်လှေဖြင့် ကုလားတန်မြစ်မှ ၃ ရက်ခန့် အကြာမောင်းနှင်ကာ အမ်းချောင်းကမ်းစပ် တစ်နေရာသို့လည်းကောင်း၊ ကျောက်တော်မြို့ ခေါင်းပေါက် ရပ်ကွက်၌ အစ္စလာမ်ဘာသာဝင်(၆)ဦးအား လူစု၍ လမ်းပြ ၃ ဦး ပါစက်လှေဖြင့် ကျောက်တော် ချောင်းမှ ၂ ရက်ခန့်အကြာမောင်းနှင်ကာ အမ်းမြို့အနီးကမ်းစပ်တစ်နေရာသို့ လည်းကောင်းသွား ရောက်ခဲ့ကြောင်း သိရှိရသည်။
ထို့နောက် ကမ်းစပ်၌ စောင့်ဆိုင်းနေသူ(၂)ဦးမှ ခြေလျှင်ခေါ်ဆောင်ခဲ့ရာ ရခိုင်ရိုးမတော အတွင်းရှိ တဲ ၁ လုံးသို့ ရောက်ရှိစုစည်းခဲ့ကြောင်း၊ ၎င်းတဲတွင် ပွဲစားများမှ မလေးရှားနိုင်ငံသို့ သွားရောက်မည့်သူများ၏ နေအိမ်ရှိ မိသားစုများထံ ပို့ဆောင်ခငွေပေးချေရန်တောင်းခံရာ ငွေအကျေ ချေပေးသည်အထိ(၂၁)ရက်ကြာ နေထိုင်ခဲ့ကြောင်း၊ ၎င်းနောက် ၃ ရက်ခန့် လမ်းလျှောက်ခဲ့ပြီး ဖေဖော်ဝါရီလ ၃ ရက်နေ့ ည ၁၁ နာရီ ၅၅ မိနစ်အချိန် ပုသိမ်-မုံရွာကားလမ်းမိုင်တိုင် (၂၄၀)အနီးသို့ ရောက်ရှိခဲ့ကြောင်းသိရှိရသည်။
ယာဉ်မောင်း ခင်မောင်ထွန်း(မှုခင်းရှုထောင့်ဂျာနယ်သတင်းထောက်)သည် ရင်းနှီးသူ သာကေတမြို့နယ်၊ ဒေါပုံရပ်ကွက်နေ ဟာဂျီဆွတ်(ခ)ဟာဂျီ ကျော်မြင့်မှ အစ္စလာမ်ဘာသာဝင် (၁၁)ဦးအား ၁ ဦးလျှင် ပို့ဆောင်ခကျပ်(၄)သိန်းဖြင့် စုစုပေါင်း(၄၄)သိန်းပေးကာ ခေါ်ဆောင်ခိုင်း၍ နောက်ထပ်ယာဉ်တစ်စီးနှင့် ယာဉ်မောင်း မောင်ညို(ခ)ရဲထွန်းလွင်အား ကျပ်(၅)သိန်း ပေးမည်ဟု ပြောဆိုခေါ်ဆောင်ခဲ့ကြောင်း၊ ဟာဂျီဆွတ်(ခ)ဟာဂျီကျော်မြင့်(ခ)ဟာဂျီအီဆုမှ ဖုန်းဆက်သွယ် လမ်းညွှန်မှုဖြင့် ခင်မောင်ထွန်း ဦးဆောင်ကာ အစ္စလာမ်ဘာသာဝင်(၁၀)ဦးအား သာကေတမြို့နယ်သို့ ပို့ဆောင်ခြင်းဖြစ်ကြောင်းနှင့် ရောက်ရှိကဖုန်းဖြင့်ဆက်သွယ်ပြီး ဟာဂျီဆွတ်(ခ) ဟာဂျီကျော်မြင့်(ခ) ဟာဂျီအီဆုမှ လာရောက်ခေါ်ဆောင်မည်ဖြစ်ကြောင်း၊ ခင်မောင်ထွန်းသည် လွန်ခဲ့သော(၁)နှစ်ခန့်မှ စ၍ မှုခင်းရှုထောင့်ဂျာနယ်မှ သတင်းထောက်(၁)ဦး ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သောကြောင့် မောင်ညို(ခ)ရဲထွန်းလွင်နှင့် ခင်မောင်လွင် တို့(၂)ဦးအား မင်းတုန်းမြို့မရဲစခန်း(ပ)၂၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၆၇ ဖြင့် လည်းကောင်း၊ ဖေဖေါ်ဝါရီလ ၅ ရက်နေ့တွင် အစ္စလာမ်ဘာသာဝင် (၁၁)ဦးတို့အား မင်းလှနှင့် မင်းတုန်းမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြန်မာနိုင်ငံအတွင်းနေထိုင်သူများမှတ်ပုံတင်ရေးဥပဒေပုဒ်မ ၆(၂)/၆(၃) ဖြင့် တရားစွဲဆိုဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

4 Shares

Add a Comment

Your email address will not be published. Required fields are marked *