နည်းပညာတက္ကသိုလ် (မန္တလေး) ခြေလျင်တောင်တက်အသင်း၏ဒုတိယမြောက်ခရီးစဉ်

နည်းပညာတက္ကသိုလ် (မန္တလေး) ခြေလျင် နှင့် တောင်တက်အသင်း၏
ဒုတိယမြောက်ခရီးစဉ်ဖြစ်တဲ့ ချင်းပြည်နယ်၊ မင်းတပ်ခရိုင်ရှိ နတ်မတောင် (ခ)ခေါ်နုသုမ် (ခ) ၀ိတိုရိယ အမြင့်ပေ(၁၀၂၀၀)ကို အောင်မြင်စွာတက်ရောက်နိုင်ခဲ့ပါတယ်..
ခရီးစဉ်မှာ (၂၇. ၁၂. ၂၀၁၈) မှ (၂. ၁. ၂၀၁၉) အသွားအပြန် အထိတစ်ပတ်ကြာမြင့်ပြီး ၂၉ရက်နေ့တွင် မင်းတပ်မြို့မှ အေးစခန်းရွာ(ပေ၅၀၀၀) အထိတက်ရောက် တစ်ညအိပ်စခန်းချ၍ ၃၀ရက်နေ့တွင် တောက်ထိပ်စခန်း (ပေ၁၀၀၀၀) သို့တက်ရောက်ခဲ့သည်။ ၃၁. ၁၂. ၂၀၁၈ မနက် ၅:၁၅ တွင် summit သို့တက်ရောက်၍ နေထွက်ချိန် တိမ်ပင်လယ်ကိုစောင့်ကြည့်ခဲ့ပြီး အေးစခန်းရွာသို့ တနေ့ထဲအရောက်ပြန်ဆင်းခဲ့ကြသည်။ အေးစခန်းရွာ ဘုရားကျောင်းမှာ New Year Night ကို ချင်းတိုင်းရင်းသူ တိုင်းရင်းသားများနှင့် ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့ကြသည်။ ၁. ၁. ၂၀၁၉ အေးစခန်းရွာမှ မင်းတပ်မြို့ တောင်တန်းသာသနာပြု ဗဟိုရ်ကျောင်းသို့ ခြေလျင်တက်ရောက်ခြင်းဖြင့် နတ်မတောင်သို့ သုံးညအိပ်လေးရက် တောက်တက်ခရီးစဉ် အောင်မြင်စွာပြီးဆုံးခဲ့သည်။အလွန်ချမ်းအေးသောဒေသဖြစ်သဖြင့် တောင်တက်အဖွဲ့ဝင်များစုပေါင်း၍ အေးစခန်းရွာနှင့် မင်းတပ်မြို့ ဗဟိုရ်ကျောင်းရှိ စာသင်သား ကျောင်းသားကျောင်းသူများကို အနွေးထည်များ စုပေါင်းလှူဒါန်းခဲ့သည်။
တောင်တက်ခရီးစဉ်တလျှောက်ဦးဆောင်၍ အတွေ့အကြုံ၊ အကူအညီများစွာပေးခဲ့သော U Soe Lynn Ko Soe Thein Naing Htun Ko Saw Aung Bobo တို့ကိုလဲ နည်းပညာတက္ကသိုလ် (မန္တလေး) ခြေလျင်နှင့်တောင်တက်အသင်းမှ ကျေးဇူးအထူးတင်ရှိပါတယ။် တောင်တက်ခရီးစဉ်အတွင်း အဖွဲ့လိုက်အကောင်းဆုံးဆုကို ပေးအပ်ခဲ့သော X_Sportကိုလဲ ကျေးဇူးအထူးတင်ရှိပါသည်။ ခရီးစဉ်တလျှောက် လိုက်ပါခဲ့ကြသော သူငယ်ချင်းများ အားလုံးကိုလဲ ကျေးဇူးတင်ပါတယ်…
နောက်ထပ်ခရီးစဉ်များကိုလဲ စိတ်ပါဝင်စားကြမည်လို့မျှော်လင့်ပါတယ်…

နည်းပညာတက္ကသိုလ် (မန္တလေး) ခြေလျင်နှင့်တောင်တက်အသင်းသည် Training များစွာလေ့ကျင့်၍
နောက်ထပ်ခရီးစဉ်များအားသွားရောက်မည်ဖြစ်သောကြောင့် တောင်တက်အားကစားကို ဝါသနာပါသူများအား နွေးထွေးစွာ ကြိုဆိုလျက်ရှိပါသည်………
ဆက်သွယ်ရန်ဖုန်းနံပါတ် – 09258009005
– 09423239682
#photocredittooriginalowner💚

7 Shares

Add a Comment

Your email address will not be published. Required fields are marked *