မိုးအောင်ရင်ရဲ့အယူခံ ဖေဖော်ဝါရီ ၈ ရက်နေ့ အပြီးသတ်ကြားနာမည်

မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ သုံးစွဲမှုတွေနဲ့ ထောင်ဒဏ်(၁၇)နှစ် ချမှတ်ခြင်း ခံထားရတဲ့ သရုပ်ဆောင် မိုးအောင်ရင်ဟာ ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာ(၂၇) ရက်နေ့က ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာ အယူခံဝင်ခဲ့တာဖြစ်ပါတယ်။ ထိုအယူခံလျှောက်ထားခြင်းကို ၂၀၁၉ခုနှစ် ဖေဖော်ဝါရီ(၈) ရက်နေ့တွင် အပြီးသတ်ကြားနာသွားမည်ဖြစ်တယ်လို့ သိရပါတယ်။

“၂၀၁၈ခုနှစ်၊ ဒီဇင်ဘာ(၂၇) ရက်နေ့အယူခံဝင်ခဲ့တဲ့ မိုးအောင်ရင်ရဲ့ အမှုကို ကျွန်တော်တို့ ၂၀၁၉ခုနှစ်၊ဖေဖော်ဝါရီ(၈) ရက်နေ့မှာ အပြီးသတ်ကြားနာသွားမှာပါ။ မိုးအောင်ရင်ရဲ့ အယူခံဝင်တဲ့ အမှတ်က ၁၈၁/ ၂၀၁၈ပါ။ မိုးအောင်ရင်က တရားခံဆိုရင် နိုင်ငံတော်က တရားလိုအနေနဲ့ အမိန့်ချသွားမှာ ဖြစ်ပါတယ်” လို့ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက ပြန်ကြားရေးမှုးရှေ့နေ ဦးမိုးကျော်က Duwun Media သို့ ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။

အယူခံဝင်ခြင်းနဲ့ ပတ်သက်လို့လည်း တရားလွှတ်တော်ရှေ့နေဦးကျော်ဇင်ဦးက Duwun media သို့ ယခုလို ပြောပြခဲ့ပါသေးတယ်။

“အယူခံဝင်တာက တိုင်းမှာ ဝင်ပြီးသွားရင် နေပြည်တော်မှာ ဝင်လို့ရတယ်။ နေပြည်တော်မှာဆိုရင် ပုဒ်မ ၁၉ရှိတယ် ပုဒ်မ ၂၀ ရှိတယ်။ နေပြည်တော်မှာ ဆိုရင် နှစ်ခါဝင်လို့ရတယ်။ တိုင်းမှာဆိုရင် တစ်ခေါက်ပဲပေါ့။ တိုင်းက အမိန့်ပေါ် မကျေနပ်ဘူးဆိုရင် ဥပဒေအရ တရားခံဘက်က ဆက်တက်ရင် တက်လို့ရတယ်။ တိုင်းမှာဆိုရင် တစ်ကြိမ်ပဲ ရမယ် ။ နေပြည်တော်မှာ နှစ်ခါရမယ်။ အထူးအယူခံရယ် ရိုးရိုးအယူခံရယ်ဆိုပြီးရှိတယ် “လို့ ဆိုပါတယ်။

သရုပ်ဆောင် မိုးအောင်ရင်ကို ဒီဇင်ဘာ(၁၂) ရက်နေ့ ခရိုင်တရားရုံးကနေ မူးယစ်ဆေးဝါးရောင်းဝယ်မှု ပုဒ်မ ၁၉(က)နဲ့ ထောင်ဒဏ်(၁၂)နှစ် ချမှတ်လိုက်ပါတယ်။ ထို့အတူ နိုဝင်ဘာ(၂၆) ရက်နေ့က ပုဇွန်တောင် တရားရုံးကနေ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ သုံးစွဲမှုအတွက် အလုပ်နဲ့ထောင်ဒဏ် (၅)နှစ် ကျခံဖို့ အမိန့်ချခဲ့ပါသေးတယ်။ဒါကြောင့် မိုးအောင်ရင်ဟာ စုစုပေါင်း ထောင်ဒဏ် (၁၇)နှစ် ကျခံခဲ့ရပါတယ်။

Source : Cele Yatkwat

79 Shares

Add a Comment

Your email address will not be published. Required fields are marked *